Subscribe to our RSS Feed

KIA ခေါင်းဆောင်များ၏ မှားယွင်းသော ခံယူချက်များကြောင့် အစိုးရထံ အလင်းဝင်မှု များပြားလာ

From : http://www.kachindailynews.com/2013/01/kia_1389.html

ယခုရက်ပိုင်းအတွင်း KIA အဖွဲ့ဝင်များအနေဖြင့် အစိုးရတပ်များထံ အလင်းဝင်ရောက်မှုများ များပြားလာသည်။ ကချင်ပြည်နယ်အတွင်းရှိ လမ်း/တံတားများကို ဖျက်ဆီးခြင်း၊ လူသစ် စုဆောင်းခြင်း စသော ကချင်အမျိုးတူများ အား ဒုက္ခရောက်စေခဲ့သဖြင့် ကချင်လူထုသာမက KIA အဖွဲ့ဝင် များကပါ KIA ခေါင်းဆောင်များ၏ ခံယူချက် များအား သံသယ၀င်လာကြသည်။ အခွင့်အရေးပေးပါက KIA အဖွဲ့ထံမှ ထွက်ပြေးပြီး အစိုးရထံ အလင်းဝင် ရောက်မှုများ များပြားလာခဲ့သည်။ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် KIA အဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် အလင်းဝင် ရောက်လာခဲ့သည်။ အလင်းဝင် ရောက်လာသူများမှာ ယဉ်မျိုးထွန်း၊ အောင်တင့်၊ ၀ီလီဖွေး၊ အခီးဆား၊ ဖိုးကြည်နှင့် မျိုးဝင်းတို့ (၆) ဦး ဖြစ်ပြီး လက်နက်ငယ် ကိုယ်စီဖြင့် အလင်းဝင်ရောက်ခဲ့ပါသည်။ ၎င်းတို့အား ရှေ့တန်းစခန်းများမှ လိုင်ဇာ စစ်ရုံးချုပ် အား ကာကွယ်ရန် ခေါ်ဆောင်လာစဉ် ထွက်ပြေးလွတ်မြောက်လာသူ များဖြစ်သည်။ အစိုးရမှလည်း အလင်းဝင် များအား နွေးထွေးစွာဖေးမကြိုဆိုခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မတိုင်မီကာလအတွင်း ၁၇ နှစ်ကျော်ခန့် ကချင်ပြည်သူများ အေးချမ်းခဲ့ရသည်။ KIAအဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားခြင်းကြောင့် ကချင်ပြည်နယ် တစ်ခုလုံး သာယာခဲ့သည်။ သို့သော် KIA ဘက်မှစတင်ပြီး အစိုးရတပ်များအား တိုက်ခိုက်လာချိန်မှစတင်ပြီး ကချင် ပြည်သူတို့ ခိုကိုးရာမဲ့ခဲ့ရသည်။ KIA ခေါင်းဆောင်များမှာ လိုင်ဇာတွင် စည်းစိမ်အပြည့်ဖြင့် နေထိုင်နေ ကြသော်လည်း စစ်ဘေးဒုက္ခသည်များ တိုက်ပွဲတွင်ကျဆုံးခဲ့သော ကချင်လူမျိုးများ တစ်နေ့တစ်ခြား တိုးပွား လာသည်။
KIA အဖွဲ့အတွင်း လူမျိုးရေးခွဲခြားမှုများ လည်းရှိနေသည်။ KIA ခေါင်းဆောင်များမှာ ဂျိန်းဖော လူမျိုး များသာ ဖြစ်ပြီး အခြားကချင်မျိုးနွယ်စုများအား ဖိနှိပ်ထားကာ ဂျိန်းဖောလူမျိုးကြီးဝါဒကို စွဲကိုင်အုပ်ချုပ်ခဲ့သည်။ တပ်ဖွဲ့ အတွင်းတွင် ရာထူးပေးခြင်း၊ အခွင့်အရေးပေးခြင်းများကို ကချင် လူမျိုး များသာ ခံစားရပြီး အခြား လူမျိုးများမှာ နှိပ်ကွပ်ခံရသည်။ တိုက်ပွဲအတွင်း အကျအဆုံးများသဖြင့် ကချင် ပြည်နယ်အတွင်း အရွယ်ကောင်း ယောင်္ကျားများ အား အတင်းဖမ်းဆီးကာ လူသစ်စုဆောင်းခဲ့တယ်။ လူသစ်များအား စစ်ပညာတတ်ကျွမ်းအောင် သင်ကြားပေး နိုင်ခြင်းမရှိဘဲ သေနတ် တစ်လက်နှင့် ကျည်ဆန်အနည်းငယ်ကို သာထုတ်ပေးထားသည်။ စားနပ်ရိက္ခာလည်း လုံလောက်စွာ ထုတ်ပေး နိုင်ခြင်းမရှိဘဲ စခန်းပတ်လည်ရှိ စားကောင်းသော အသီးအရွက် များကိုသာ ရှာဖွေစား သောက်စေသည်။
လူသစ်များအား ရှေ့တန်းစခန်းများသို့ စေလွှတ်ပြီး ၎င်းစခန်းများရှိ ကချင်လူမျိုးများအား လိုင်ဇာသို့ ပြန်လည် ခေါ်ဆောင်ခဲ့သည်။ အစိုးရမှ တိုက်စစ်ဆင်ချိန်တွင် KIA အဖွဲ့မှ အကျအဆုံးများခဲ့သည်။ တိုက်ပွဲ အတွေ့အကြုံ မရှိသောလူသစ်များအား အချည်းအနှီးမဲ့ အသေခံသေခြင်း၊ အနိဋ္ဌာရုံများအား မြင်တွေ့ နေရခြင်း၊ ယခင်တည်းက ခံယူချက်နှင့် စိတ်ဓါတ်မရှိသူများဖြစ်သဖြင့် စခန်းများမှ အလွယ်တကူပင် ဆုတ်ခွာခဲ့ကြသည်။ ထို့သို့ ဆုတ်ခွာ လာသူများအား KIA ခေါင်းဆောင်များမှ သတ်ဖြတ်ပစ်၍ အမိန့် ပေးထားသဖြင့် KIA အဖွဲ့ဝင်များမှ အစိုးရထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။  
KIA ခေါင်းဆောင်များအနေဖြင့် အစိုးရ၏ ကမ်းလှမ်းချက်များအား လက်မခံရုံသာမက ကချင် ပြည်နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာကြသည်။ KIAအဖွဲ့ ရှမ်းများနှင့် တပ်သားသစ် များအား အသေခံစေခြင်း၊ KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များသည် ဒေသခံ ကချင် လူမျိုးများကိုသာ ဒုက္ခရောက်စေချင်း စသောအချက်များကို သိမြင်လာသော KIA အဖွဲ့ဝင်များသည် အစိုးရထံ အလင်းဝင် ရောက်ခဲ့သည်။
KIA ခေါင်းဆောင်များ၏ လုပ်ရပ်များကို ရွံရှာမုန်းတီးနေသော KIA အဖွဲ့ဝင် အများအပြား ရှိသော်လည်း ဗိုလ်ချုပ် ဂမ်ရှောင်၏ ရက်စက်တတ်သောစိတ်ထား၊ ဗိုလ်ချုပ် ဂွမ်မော်၏ ကောက်ကျစ်သော စိတ်ထားများအား ကြောက် လန့်ကြသဖြင့် အလင်းဝင်ရောက်၍ ခက်ခဲနေကြခြင်းဖြစ်သည်။ အလင်းဝင် များ၏ ကျန်ရစ်သူ မိသားစု များအား သတ်ဖြတ်ခြင်း၊ အကျဉ်းချခြင်း စသော လူမဆန်သော လုပ်ရပ်များ ကြောင့် မချစ်သော်လည်း အောင့်ကာနမ်း နေကြရခြင်းဖြစ်သည်။ အစိုးရအနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို တန်ဖိုးထား သဖြင့် မဖြစ်သာ သည့် အခြေအနေတွင်းမှ တိုက်စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ယခုလည်း အလင်းဝင် ရောက်လာသူများအား နွေးထွေး စွာကြိုဆိုခဲ့ပြီး လိုအပ်သည်များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ထို့ကြောင့် KIA တပ်ဖွဲ့ ၀င်များအနေဖြင့် အကြမ်းဖက်သမားများအဖြစ် ဆက်လက်မရှင်သန်ဘဲ ကချင်ပြည်နယ်နှင့် နိုင်ငံတော်အား အကျိုးပြုနိုင်မည့် လုပ်ရပ်များကို ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ အမြဲကမ်း လင့်လျက်ရှိပါသည်။ 

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်