From :
.. mizzima
အကြမ်းဖက်သူများက မီဒီယာများကို ခြိမ်းခြောက်လာမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) (MPC) နှင့် ဂျာနယ်လစ်ကွန်ရက်(MJN)တို့က ဇူလိုင် ၈ ရက်က ကြေညာချက်ထုတ် တိုက်တွန်းလိုက်သည်။
မန္တလေးမြို့၌ ဇူလိုင်လဆန်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်သည့် သတင်းနှင့် သတင်းဓာတ်ပုံများ ဖော်ပြသည့် သတင်းဌာနနှင့် သတင်းထောက်အပေါ် ခြိမ်းခြောက်စာနှင့် ဖုန်းများလက်ခံရရှိခြင်း၊ လူမှုကွန်ရက် မီဒီယာပေါ်တွင် သတင်းထောက်၏ ဓာတ်ပုံများကိုဖော်ပြ၍အကြမ်းဖက်ရန် လှုံ့ဆော်လျက် ရှိခြင်းတို့သည် သတင်းမီဒီယာကို တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် မြန်မာဂျာနယ်လစ်ကွန်ရက်ကမှ ရှုမြင်သည့်အတွက် ရှုတ်ချကြောင်း၊ လတ်တလော ပဋိပက္ခဖြစ်ပွားမှုတွင် အကြမ်းဖက်ရန် နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့် သော်လည်းကောင်း သို့မဟုတ် ကိုယ်တိုင် ကိုယ်ကျလှုံ့ဆော်သူများကို တရားဥပဒေစိုးမိုးရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့က ထိရောက်စွာ အရေးနိုင်ခြင်းမရှိခဲ့သည့်နောက် အကြမ်းဖက်သူများက သတင်းမီဒီယာသမားများကို ပစ်မှတ်ထားလာကြသဖြင့် အစိုးရက အကြမ်းဖက်လှုံ့ဆော်သူများကို ထိရောက်စွာ အရေးယူရန် လေးနက်စွာ တိုက်တွန်းပြီး သတင်းမီဒီယာများ ခြိမ်းခြောက်ခံနေရမှုများကိုလည်း ထိရောက်စွာ အကာအကွယ်ပေးသွားရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ တိုက်တွန်းထားသည်။
မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က“အစိုးရက သတင်းသမားတွေ၊ သတင်းဌာန တွေခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး အရေးယူတာ အားနည်းပါတယ်။ အစိုးရက မီဒီယာသမားတွေကို ကာကွယ်ပေးဖို့၊ နောက်တစ်ခုက ခြိမ်းခြောက်သူတွေကို အရေးယူပေးဖို့ တိုက်တွန်းပါတယ်”ဟု ပြော သည်။
ထိုသို့ပင်မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)ကလည်း မီဒီယာသမားများအားလုံးအကြမ်းဖက်မှု ဘေးအန္တရာယ်မှ ကင်းစေရန်နှင့် လှုံ့ဆော်၊ ခြိမ်းခြောက်၊ ကျူးလွန်သူများကို ဥပဒေနှင့်အညီအရေးယူပေးရန်ကို လည်း ဇူလိုင်လ ၈ ရက် ရက်စွဲ ဖြင့်ပင် ထုတ်ပြန်လိုက်သည်။
စာနယ်ဇင်းကောင်စီက မန္တလေးမြို့တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဘာသာရေး အရေခြုံ ပဋိပက္ခများတွင် သတင်းတာဝန်ထမ်းဆောင်နေသော သတင်းမီဒီယာသမားများကို အစွန်းရောက် အကြမ်းဖက်လိုသူအချို့က ဓာတ်ပုံရိုက်ယူခြင်း၊ အွန်လိုင်းလူမှုရေး စာမျက်နှာပေါ်များတွင် မီဒီယာ၊ သတင်းထောက်နာမည်များနှင့် ဓာတ်ပုံများတွဲတင်ကာ ဘက်လိုက်ရေးသားသူများဖြစ်ကြောင်း ဖြန့်ဝေခြင်းသတင်း မီဒီယာအချို့ထံ ဘက်လိုက်ရေးသားပါက အန္တရာယ်ပြုမည်ဟု တယ်လီဖုန်းဖြင့် ဆက်သွယ်ခြိမ်းခြောက်ခြင်းတို့ကို သိရှိရသည့်အတွက် သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက “သတင်းသမားတွေကို အထူးတလည် ကာကွယ်ပေးဖို့ကို ပြောတာ မဟုတ်ပါဘူး။ သတင်းသမားတွေကလည်း နိုင်ငံသားတွေဖြစ်တဲ့အတွက် နိုင်ငံသားတွေကို အကာအကွယ်ပေးသလို အကာအကွယ်ပေးရမှာပါ။ မီဒီယာသမားတွေအနေနဲ့လည်း ဥပဒေအရ အာဏာပိုင်တွေဆီက လုံခြုံရေးတောင်းခံခွင့်ရှိပါတယ်”ဟု ပြောသည်။
သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာ ဒေသ၊ အရေးအခင်း၊ အဓိကရုဏ်းနှင့် အများပြည်သူ ဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီသတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများရှိပါက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိစေရမည်ဟု မတ်လ ၁၄ ရက်က ပြဋ္ဌာန်းလိုက်သည့် သတင်းမီဒီယာ ဥပဒေတွင် ဖော်ပြပါရှိသည်။
ထို့ကြောင့် မီဒီယာသမားများ ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူများက ကာကွယ်စောင့် ရှောက်မှုပေးရန်လည်း စာနယ်ဇင်းကောင်စီ၏ သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။
.. www.MyanmarExpress.net

.jpg)

4 comments:
လီးပဲရမယ်မီဒီယာ
right
ဒဝယ်သား
1-EVERYBODY WANT LEGAL PROTECTION
FOR THEIR SAFETY AS AND WHEN NEEDED.
2-EVERYBODY MUST RESPECT THE CONSTITUTION,LAWS AND ORDERS TO GET THE
PROTECTION AND SAFETY BENEFITS.
MYANMAR NAING DAW NEED SAFETY AND SECURITY.
PEOPLE NEED SAFETY AND SECURITY.
3-THE GOVERNMENT NEED TO RULE
AS PER LAWS AND ORDERS WITHOUT INTERFERING FROM LUTTAW,JUDICIAL AFFAIRS,NEWS MEDIAS AND THE GENERAL PUBLIC AS LONG AS TAKING ACTIONS ARE
ACCORDING TO THE EXISTING LAWS.
REMOVE THE BRIBERY AND CORRUPTION.
4-LUTTAW ALSO NEED TO DO THEIR DUTY
AS PER LAWS AND ORDERS WITHOUT FIGHTING
AND ARGUING THE OUTCOME AFTER THE
THE FINAL MASS DECISION.
5-JUDICIAL AFFAIRS NEED TO DO THEIR DUTY
WITHOUT BRIBERY AND CORRUPTION.
AND UPDATE THE LEGAL SYSTEM TO MAKE
QUICK AND BETTER SETTLEMENT IN ALL DISPUTES,CONTRACTS AND LEGAL AGREEMENTS
BETWEEN CITIZEN.
NEED TO INTRODUCE "TRIAL WITH "JUDY SYSTEM"
TO GET VERY FAIR JUDGEMENT.
6-ALL NEWS MEDIAS ALSO NEED TO DO THEIR
WORK WITHOUT FAVOR,ATTACK,BIAS,BRIBERY,
CORRUPTION,MISUSE THE FREEDOM OF PRESS
AND ALSO WITHOUT LEAN TO ANY PARTY AND
RESPECT THE LAWS AND ORDERS.
RESPECT THE PEOPLE PRIVATE AFFAIRS.
RESPECT AND PROTECT THE COUNTRY AND
NATIONAL SECURITY.
7-POLITICIANS AND POLITICAL PARTIES;
NEED CLEAN POLITICIANS AND POLITICAL
PARTIES.
NEED NO BRIBERY AND CORRUPTION.
NEED TO TAKING CARE FOR THE COUNTRY AND THE PEOPLE MUST ALWAYS COME FIRST.
RESPECT THE CONSTITUTION,LAWS AND ORDERS.
FAITHFUL TO THE COUNTRY AND NEVER TAKE
THE ORDERS AND INSTRUCTIONS FROM
OTHER COUNTRIES AND INTERESTED GROUPS.
**ALL POLITICIANS AND POLITICAL GROUPS MUST
HAVE RIGHT TO ARGUE AND DISAGREE WITH
GOVERNMENT POLICY,LUTTAW AND JUDICIAL
AFFAIRS .**
***BUT MUST ACCEPT THE OUTCOME OF DEBATE
AND VOTE AND MUST SUPPORT THE WINNERS.***
"""NEVER NEVER INTERFERE AND REJECT THE
DECISIONS BECAUSE ALREADY DECIDED BY VOTE AFTER THE ARGUEMENTS."""
THIS IS VERY IMPORTANT BECAUSE ALL OUR ***POLITICIANS AND POLITICAL PARTIES ARE
KEEP FIGHTING AND ARGUING AFTER THE
DECISION AND VOTE BY MASS OR GROUPS.***
ALL POLITICIANS NEED TO CHANGE NOW...
PLEASE LOOK AT HOW THE POLITICIANS ARE
WORKING IN DEMOCRATIC COUNTRIES.
8-ALL CITIZEN,WORKERS,RESIDENTS AND VISITORS MUST RESPECT THE COUNTRY,LAWS
AND ORDERS AND NOT INTERFERING TO THE
LAWS,ORDERS AND DECISION AND JUDGEMENT
BUT MUST HAVE THE RIGHT TO PROTEST UNDER
LAWS AND ORDERS.
"""BUT VERY CAREFUL NOT TO PROTEST FOR
ALL GOVERNMENT,LUTTAW AND JUDICIAL AFFAIR
DECISIONS AND JUDGEMENT."""
9-DEMOCRACY,HUMAN RIGHTS,FREEDOM OF SPEECH AND FREEDOM OF PRESS ARE LOOK
LIKE SO NICE AND LIKE TO GET 100% AND ENJOY
BY PEOPLE;BUT MANY PEOPLE ARE FAILED
TO FOLLOW THEIR DUTY OF A GOOD CITIZEN.
10-PLEASE LOOK AT THE OTHER COUNTRIES
AND SEE THE RECORDED HISTORY OF THOSE
COUNTRIES ARE SLOWLY CHANGING BY BALANCING WITH THE COUNTRY SAFETY AND NATIONAL SECURITY AND TIME TAKEN MAY BE OVER ONE HUNDRED YEAR TO GET THE PRESENT DAY SITUATION..
11-"THE WORLD BEST DEMOCRATIC COUNTRIES
ARE
NOT PRACTICING 100% DEMOCRACY
NOT PRACTICING 100% HUMAN RIGHTS,
NOT PRACTICING 100% FREEDOM OF PRESS,
NOT PRACTICING 100% FREEDOM OF SPEECH,
NOT PRACTICING 100% FREEDOM OF WORSHIP.
.
""SOME COUNTRIES ARE PRACTICING JUST
SO CALL DEMOCRACY,
SO CALL HUMAN RIGHTS,
SO CALL FREEDOM OF PRESS,
SO CALL FREEDOM OF SPEECH,
SO CALL FREEDOM OF WORSHIP.""
***AND MANY COUNTRIES ARE STILL PRACTICING
ONLY OLD TRADITIONAL RELIGIOUS LAWS AND
TAKING VERY SEVERE ACTIONS AGAINST THE
ALL CITIZEN,WORKERS AND VISITORS
TO THEIR COUNTRIES.***
12-PLEASE DO RESEARCH WORK AND SEE THE
TRUE.
13-PLEASE BUILD MYANMAR AND TAKING ARE
THE COUNTRY AND THE PEOPLE SAFETY AND
NATIONAL SECURITY.
14-MANY DEMOCRATIC COUNTRIES HAVE
PATRIOTIC LAWS,HOMELAND SECURITY ETC...
COULD NOT UNDERSTAND WHY SO MANY PEOPLE
AND POLITICIANS ARE REJECTING MYANMAR NATIONAL SECURITY,COUNTRY SECURITY
AND PEOPLE SECURITY.
****MYANMAR NAING GAN DAW NEED ONLY
BUILDERS AND MAKERS AND PATRIOTIC
LEADERS AND POLITICIANS.****
TO CHECK AND NEED TO REPORT ALL THREATS TO THE POLICE/LAWS ENFORCEMENT OFFICIALS
INSTEAD OF KEEP QUIET.
CHECK CALLER ID APPEAR ON PHONE AND
REPORT THE POLICE.
CHECK IP ADDRESS NUMBER OF ONLINE COMPUTER USERS AND REPORT THE POLICE.
FIGHT BACK AND REPORT TO POLICE IF ANYBODY
ATTACKING VERBALLY AND PHYSICALLY
FACE TO FACE.
IF SOME BODY OR GROUP ATTACKING FACE TO FACE IT IS VERY SIMPLE TRY TO GET SOUND RECORDING AND PICTURES BY IPONE AND REPORT THE POLICE.
MAY BE CAN GET RESTRAINING ORDER FROM
THE COURT IF KNOW THE NAME OF ATTACKERS.
MODERN TECHNOLOGY IS SO ADVANCE NO BODY
CANNOT HIDE THE CRIME.
BETTER DISCUSS WITH LAWYERS TO GET BEST
ANSWERS.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်