Subscribe to our RSS Feed

မလေးရောက်မြန်မာများကို ကူညီသူ ဦးမျိုးပိုင် အသတ်ခံရပြန်၊ ဒလိုင်းလားမား၊ ဒဲရစ်မစ်ချယ်၊ ဒေါ်စု နှင့် မြန်မာမီဒီယာအားလုံး ဆွံ့အ နေဆဲ

From : .. Qing Minya


ဇူလိုင် ၇ ရက်နေ့ က ကိုတိုနီ ခေါ်
ဦးအောင်ခင်တယောက် ပီနန်းမှာ ရက်စက်စွာ
အသတ်ခံရပါတယ်။ ယနေ့ ဇူလိုင် ၉ရက် ညမှာ
ကေအယ်လ်နာရေးကူညီမှုအသင်း ဥက္ကဌ
ဘောလုံးအသင်း ဥက္ကဌဖြစ်သူ ဦးမျိုးပိုင်
ပူချုံးမှာ ထပ်မံ အသတ်ခံရပြန်ပါတယ်။
ကိုတိုနီဟာ မလေးရှားမှာ တရားမဝင်နေထိုင်သူ
မြန်မာအများစု အားကိုးရသူပါ။ အလားတူပဲ
ဦးမျိုးပိုင်ဟာလည်း မြန်မာတွေကို ကူညီသူပါပဲ။
သူတို့ ၂ယောက်လုံးဟာ ဆရာတပည့်သဖွယ်ပါ။
သူတို့ တွေ တရက်သာခြားပြီး အသတ်ခံရတာ
သာမန် ဖြစ်တဲ့ လုယက်မှု ဒေါသအလျောက်
ရန်ပြုမှုထက် ပိုပါတယ်။
သပွတ်အူလို အရှုပ်အထွေးတွေကို
သက်ဆိုင်ရာများ မြင်အောင် ကြည့်နိုင်ကြပါစေ။
မမြင်ရင်လည်း ကျွန်တော့်ကို လာမေးကြပါ။
အတိတ်စိမ်းပေးလည်း တလွဲချည်း ကောက်မှာ
စိုးလို့ ပါလေ။
*ပုံမှာ ဇူလိုင် ၉ရက် ကိုတိုနီ့ ဈာပနကို လာတဲ့
ဦးမျိုးပိုင် ဖြစ်ပါတယ်။


 .. www.MyanmarExpress.net
 

3 comments:

အဲဒီသတင်းတွေ ဘာလို့ သတင်းစာ၊ ဂျာနယ်တွေထဲမှာ မပါတာလဲ။

မ​လေးရှားသံအမတ်​ကို​ခေါ်ပြီးသတိ​ပေးပါ..
အမူမြန်​မြန်​​ပေါ်​အောင်​လို့....

မြန်မြန်လုပ်ကြပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်