From :
.. mizzima
မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ခုနစ် ရက်မြောက်တွင် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိနေသော်လည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းကိုမူ မပိတ်သိမ်းစေလိုသေးကြောင်း မန္တလေးမြို့ခံများက မဇ္ဈိမကို ပြောသည်။
“အန်တီတို့က ထမင်းဆိုင်ဖွင့်ထားတာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားတာတွေကို မဖြစ်စေလိုတဲ့အပြင် ကြောက်လည်း ကြောက်ပါတယ်။ ညပိုင်းမှာ လူငယ်လူရွယ်တွေက အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားနေလို့ ပြဿနာတွေ ထပ်တက်မှာကို မလိုလားပါဘူး။ ဒါကြောင့် ညမထွက်ရအမိန့်ကို မပိတ်သိမ်းစေချင်သေးပါဘူး။ စီးပွားရေးအရ ထိခိုက်ပေမယ့် ဒီထက်ဆိုးဝါးတာတွေ မဖြစ်စေချင်လို့ အခုလိုပြောတာပါ”ဟု ၃၆လမ်း၊ ၇၃လမ်း နှင့် ၇၂လမ်းကြားရှိ ထမင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ဇူလိုင်လ ၇ ရက်၌ အသွားအလာ ပုံမှန်အနေအထားနီးပါးရှိနေသော်လည်း ကုန်စည်ရောင်းချမှု ပြုလုပ်သည့် ဆိုင်များတွင်မူ စိုးရိမ်စိတ်များ ရှိနေကြသေးကြောင်း ဆိုသည်။
ဗမာလူမျိုးဖွင့်လှစ်သည့် ဆိုင်အများစုမှာ ဆက်လက်ရောင်းချနေပြီး အစ္စလာမ်လူမျိုးဖွင့်လှစ်သည့် ဆိုင်များမှာ ဇူလိုင် ၇ ရက်မှ စတင်၍ အနည်းငယ်ပြန်လည်ဖွင့်လှစ်လာသော်လည်း အများစုမှာဖွင့်လှစ်မှု မရှိသေးကြောင်း ရောင်းဝယ်မှု ကောင်းမွန်စွာ မရှိသေးကြောင်း ဆိုသည်။
“ဆိုင်က အရောင်းအ၀ယ်လည်း ပါးတယ်။ အခြေအနေကိုလည်း စောင့်ကြည့်နေတယ်။ ပစ္စည်းအသစ်ဆို ဘာမှကို မတင်ရဲ သေးပါဘူး။ အရောင်းအ၀ယ်ကလည်း မဖြစ်သလောက် နည်းပါးပါတယ်”ဟု အစ္စလာမ် လူမျိုးဖွင့်လှစ်ထားသော ၃၅လမ်း ပေါ်ရှိ ဖိနပ်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။
ဒိုင်းမွန်းပလာဇာတွင် ယခင်က တစ်ရက်လျှင် လူဦးရေသုံးသောင်းခန့် ဝင်ရောက်မှုရှိရာမှ လက်ရှိတွင် လူဦးရေ တစ်သောင်း ၀န်းကျင်သာ ၀င်ရောက်မှုရှိကြောင်း ဒိုင်းမွန်း ပလာဇာဝင်ထွက်ဂိတ်ရှိ လူဦးရေ ၀င်ထွက် စက်မှပြထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
“ဒိုင်းမွန်းကို ည ၇ နာရီ ပိတ်ခိုင်းထားတယ်။ ညနေငါးနာရီခွဲတာနဲ့ဆိုင်တွေ ပိတ်ခိုင်းပါတယ်။ မနက်ပိုင်းပဲ လူက အနည်းငယ် လာတာပါ။ ဇူလိုင် ၅ ရက်ကဆို လာတာတောင် မရှိသလောက်နည်းပါးတယ်။ အစ်မတို့ဆိုင်က အင်္ကျီအဓိက ရောင်းရတာဆိုတော့ အခုလိုဖြစ်တော့ လူတွေက စိတ်ဝင်စားမှုမရှိတဲ့အတွက် ရောင်းမကောင်းပါဘူး”ဟု ဒိုင်းမွန်းပလာဇာအတွင်းရှိ အထည်အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောဆိုသည်။
မန္တလေးမြို့တွင်းတွင် အေးချမ်းသည့် အနေအထားရှိကြောင်း၊ ပုံမှန်လုံခြုံရေးကို နေ့ညမပြတ်လှည့်ကင်းများဖြင့် စစ်ဆေးမှုကို လုပ်ဆောင်နေကြောင်း၊ မန္တလေးမြို့သို့ ၀င်ရောက်သော အမြန်လမ်းမကြီးတွင်လည်း စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ရာတွင် လိုက်နာမှုမရှိသူများကို ဇူလိုင် ၃ ရက်တွင် ၁၄၅ဦး၊ ဇူလိုင် ၄ရက်တွင် ၁၀၀ ဦး၊ ဇူလိုင် ၅ရက်တွင် ၁၀၁ ဦး၊ ဇူလိုင် ၆ ရက်တွင် ၈၂ ဦးနှင့် ဇူလိုင်လ ၇ ရက်တွင် ၁၀၆ ဦး စုစုပေါင်း ၅၃၄ ဦးကို အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ စာရင်းတွင် ဖော်ပြထားသည်။
.. www.MyanmarExpress.net

.jpg)

6 comments:
၈လ ၉လ မှာတော့ မန်းတလေး မိထီလာ ရွှေဘို မုံရွာတွေမှာ ကြိးမားသောအဓိကရုံးတွေဖြစ်ကြသေကြ
လိမ့်မယ် တပြည်လုံးဖြစ်မှာ ၇၈၆ တွေ စိးပွားမလုပ်ကြတော့နဲ့ ငရဲပြည်သွားဖို့သာ ပြင်ထားကြပေတော့ တယုတ်တွေလည်းအသေဆိုးနဲ့သေကြရဦးမယ် အသားစားကျးတဲ့ခွေးဘီလူးတွေ သေကြသေကြ

မြန်မာနိုင်ငံမှာနေကြပြီး လက်ဝါးကြီးအုပ်အမြတ် ထုပ်ခြင်ကြတဲ့ မွစ်စလင်တွေဆီကေ ဈးမ၀ယ်ဖို့ အများအားဖြင့် မြန်မာအမျိုးသမီးငယ်လေးများ ခွေးကုလားတွေနဲ့ မေ ရာယှက်ကြပါနဲ့ ကို မြန်မာပြည်ကိုကယ်တင်ကြပါလို့နိုးဆော်ပါတယ် မန္တလေးမှာလက်ရှိအခြေနေတွေကို မင်းတို့မသိကြဘူးလား မြန် မာလူမျိုးအနေနဲ့ ကိုယ့်လူမျိုးကို သာ ဖူးစာရွေးကြပါလို့ ကျနော်လူငယ်တစ်အနေနဲ့ ပြောခြင်ပါတယ်
KE THIT KYA PI MA LAH.. KALAR SO DAR BAY LO DOG MYOP LAY SOE DAR..
THIT KYA PI MA LAH.. FAR SU.DOO KO THA DI THAR HTAR BAE DOT..
တရုတ်နဲ့ကုလားကတော့...ပေါင်းစားတဲ့နေရာမှာ..နံပါတ်တစ်ပါဘဲး......
တရုပ်.ကုလားတွေအခုလိုလျှင်လျှင်မြန်မြန်ချမ်းသာကုန်ကြတာဘာကြောင့်လည်း..¿¿
ဌာနဆိုင်ရာလူကြီးများကိုလာဒ်ထိုးကာ
သူတိုဖြစ်ချင်တဲ့..လုပ်ချင်တဲ့..အတိုင်း
လုပ်ကိုင်နိုင်ကြလို့ပါ....
ဆောက်လုပ်ရေးဘက်မှာကြည့်ပါအုံး...
ကုန်သွယ်ရေးဘက်မှာကြည့်ပါအုံး...
စီးပွါးရေးလုပ်ငန်းရှင်တော်တော်များများဟါ
တရုပ်.ကုလား.နဲ့ခရိုနီကြီးများကနေရာအပြည့်ယူထားတာတွေ့မြင်ကြမှာပါ.....
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်