Subscribe to our RSS Feed

အာဂျင်တီနား ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်



ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဟော်လန်နှင့်အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အတွင်းဂိုးမရှိသရေကျ၊ အချိန်ပိုတွင်လည်း ဂိုးမရှိသရေ ကျပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် အာဂျင်တီးနားက (၄-၂)ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့သည်။

ဟော်လန်အသင်းသည် (၃)ဦးခံစစ်ကိုအသုံးပြုခဲ့ပြီး အဓိက ကစားသမားများဖြစ် သည့် ရော်ဘင်၊ ဗန်ပါစီ၊ ဆနိုက်ဒါတို့ အစုံအလင်နှင့်ပွဲထွက်လာခဲ့သည်။ အာဂျင် တီးနားအသင်းတွင် ဒဏ်ရာရရှိခဲ့သည် ဒီမာရီယာနေရာတွင် ကွင်းလယ်လူ အန်ဇိုပီရက်ဇ်ဝင်ကစားခဲ့ပြီး မက်ဆီ၊ ဟီဂူအင်၊ လာဗက်ဇီတို့ဖြင့် တိုက်စစ်ကို ခင်းကျင်းခဲ့သည်။

ဟော်လန်နှင့် အာဂျင်တီးနား နှစ်သင်းစလုံး တစ်သင်းအမှား တစ်သင်းစောင့် ကစားခဲ့ပြီး ထိရောက်သည့်ထိုးဖောက်တိုက်စစ်ဆင်မှုများမပြုလုပ်နိုင်ခဲ့သဖြင့် ပွဲချိန်မိနစ်(၉၀)အတွင်း ဂိုးမရှိသရေကျခဲ့သည်။ အချိန်ပိုတွင်လည်း ဂိုးမရှိသရေ သာဖြစ်ပေါ်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် အာဂျင်တီးနားက အနိုင်ရသွား ခဲ့ခြင်းဖြစ်သည်။

ပွဲရလဒ်
အာဂျင်တီးနား ၀-၀ ဟော်လန် (မိနစ် ၉၀)
(ပယ်နယ်တီတွင် အာဂျင်တီးနား ၄-၂ ဂိုးဖြင့် အနိုင်ရ)
 

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်