ရခိုင်ပြည်နယ်ရှိ ကမန်များတွင် အတုများရှိသည် ဟု သံသယရှိကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ဇူလိုင် ၄ ရက်တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ် သည့် ဒေသခံတိုင်းရင်းသားများ၊ လူမှုအဖွဲ့အစည်းများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့် တွေ့ ဆုံရာတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
‘‘ကမန်ဆိုတာက တိုင်းရင်း သားထဲမှာပါတယ်။ ဒါပေမဲ့ ကမန်လက်မှတ်တုတွေနဲ့ ဘင်္ဂါလီ တွေရှိနေတယ်ဆိုတာကို ကျွန် တော်သိရတယ်။ ရန်ကုန်ရုံးချုပ် က ဖိုင်တစ်ဖိုင်ကို ကျွန်တော် တောင်းကြည့်ခဲ့တယ်။ အဲဒီမှာ အောက်မှာ ရခိုင်မွတ်စလင်လို့ ရေးထားတယ်။ ယနေ့တိုင်းရင်း သားတွေက လက်မခံဘူး။ ရခိုင် ဆိုတာ ဗုဒ္ဓဘာသာပဲ။ ဘင်္ဂါလီ ဆို ဘင်္ဂါလီပေါ့။ ဘာဖြစ်လို့ ရခိုင် မွတ်စလင်ဖြစ်တာလဲ။ ဒါကြောင့် အတုလား အစစ်လားဆိုတာ ချိန် ကိုက်ရင် အဖြေပေါ်မှာပါ။ ဒါ ကြောင့် တိုင်းရင်းသားတွေကို မေတ္တာရပ်ခံချင်တာက လဝက လုပ်တာမှန်သမျှ မကျေနပ်ရင် ကျွန်တော့်ကိုပြောပါ။ ကျွန်တော် စိစစ်ပေးမယ်။ မဟုတ်ဘဲခိုးဝင်နေ တဲ့သူတွေဆိုရင်တော့ ကျွန်တော် တို့ လုံးဝလက်မခံဘူး။ ဝန်ကြီး ဌာနနဲ့ ကျွန်တော်ရှင်းပေးပါ့မယ်’’ ဟု ဦးမောင်မောင်အုန်းက ပြော သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ဒေသခံများက ဘင်္ဂါလီများကို မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်နေခြင်းထက် မွေးရာပါ နိုင်ငံသားမဟုတ်ဘဲ တစ်နည်းအားဖြင့် တိုင်းရင်းသား မဟုတ်သူများ၏ လက်ထဲတွင်ရရှိ ထားသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မည်သည့်လမ်း ကြောင်းမှ ရရှိထားသည်ကို စိစစ် ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ သား ဖြစ်သင့်သူများကိုလည်း ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ပေး စေလိုပြီး နိုင်ငံသားဖြစ်ခွင့်မရသူ များကို ပြတ်သားသည့် ဆုံးဖြတ် ချက်တစ်ခုချမှတ်ကာ ဆောင် ရွက်ပေးရန်လိုအပ်ကြောင်း တင် ပြခဲ့သည်ဟု တွေ့ဆုံပွဲသို့တက် ရောက်ခဲ့သူ မြို့ခံတစ်ဦးက ပြော သည်။
- 7 day
3 comments:
ကုလားမှန်သမျှချေးမှုန်းကြ.....ကျူးကျော်လာသူတို့ရန်သူ...မှတ်ပုံတင်အတုကိုင်ဆောင်ထားသေားတရာမဝင်ခိုးဝင်ဘဂ်ာလီကုလားများနှင့်..အတုပြုလုပ်ပေးသူများအာ.သေဒဏ်သတ်မှတ်ပေးပါ..
ဒါမှနောက်မလုပ်ရဲးကြမှာ..ဒီကိစ္စကအလွန်အရေးကြီးပါတယ်..
ဝန်ကြီးမောင်မောင်အုန်းပြက်ပြက်သားသားဆုံးဖြတ်ပါ..
ရခိုင်တွင် မဟုတ်ပါ ပြည်မနဲ့ အခြားနေရာတွေမှာပါ အတုတွေကို ရှင်းပြစ်ရန် လိုအပ်သည်။
........အသားထဲးကလောက်ထွက်တဲ့
အကျင်ပြက်ခြစား..အခွင့်အရေးယူ..အလွဲးသုံးစားလုက်တဲ့..
...တိုင်ပြည်ကိုဖြက်ဆီးမဲ့..သူခိုးတွေရိုနေသမျှကာလပတ်လုံး...ဒီလိုတွေဖြစ်နေမှာဘဲး.,.,.,
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်