Subscribe to our RSS Feed

အီရတ်မြောက်ပိုင်းတွင် ရှေးအာရပ်ဘုရားကျောင်းများနှင့် ဗလီများကို ဂျီဟတ်ဝါဒီများ ဖျက်ဆီး

From : .. 7day


 အီရတ်တွင် နေရာ တော်တော်များများကို သိမ်းပိုက် ထိန်းချုပ်ထားသည့် အစ္စလာမ်မစ် ဂျီဟတ်ဝါဒီများသည် နိုင်ငံမြောက် ပိုင်းရှိ မြို့တော်မိုဆူလ်မှ ရှေး ခေတ်ဘာသာရေးဝတ်ပြုကျောင်း များနှင့် ဗလီများကို ဖျက်ဆီးခဲ့ သည်။

အီရတ်ပြည်တွင်း လူမှုမီဒီ ယာများ၏ ဖော်ပြချက်များနှင့် ဒေသခံမျက်မြင်သက်သေများ ပြောဆိုချက်အရ စစ်သွေးကြွများ ထိန်းချုပ်ရာ နင်နီဗာပြည်နယ် တွင် ရှီးဟိုက်ဗလီခြောက်ခုနှင့် ဆွန်နီအာရပ်ခေါ် ဆူဖီရုပ်တုများ အပါအ၀င် ရှေးဘုရားရှိခိုး ကျောင်း လေးခုမှာလည်း ပျက်စီး ခဲ့ရကြောင်း ဆိုသည်။

အစ္စလာမ်မစ်နိုင်ငံ (IS) ဂျီ ဟတ်ဝါဒီများ အင်တာနက်တွင် ဖော်ပြခဲ့သော ရုပ်ပုံများတွင် ၎င်း တို့က ဆွန်နီနှင့် ဆူဖီဘုရား ကျောင်းများကို ဘူဒိုဇာနှင့် ထိုး ဖျက်နေပုံများ၊ ရှီးဟိုက်ဗလီများ နှင့် ကျောင်းများကို ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖျက်ဆီးပုံများ ပါ ၀င်သည်။

ထိုပုံများမှာ စစ်သွေးကြွအ ဖွဲ့က ထုတ်ပြန်သည့် ‘‘နင်နီဗာ ပြည်နယ်အတွင်း ဘုရားကျောင်း များ၊ ရုပ်တုများအား ဖျက်ဆီး ခြင်း’’ ဆိုသည့် အွန်လိုင်းထုတ်ပြန် ကြေညာချက်တွင် ပူးတွဲဖော်ပြ ထားရာ၌ ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများက ရှေးဟောင်း အမွေအနှစ်စာရင်းဝင်အဆောက် အအုံများကို စစ်သွေးကြွများက ဖျက်ဆီးခဲ့ကြောင်း အတည်ပြုပြီး ခရစ်ယာန်ဘုရား ရှိခိုးကျောင်း နှစ်ခုကိုလည်း ၀င် ရောက်သိမ်း ပိုက်ထားကြောင်း ဆိုသည်။ စစ် သွေးကြွ ဂျီဟတ်ဝါဒီများသည် ဘုရားကျောင်း ကြက်ခြေခတ် များ ကို ၎င်းတို့၏ အစ္စလာမ်မစ် နိုင်ငံတော် အနက်ရောင်အလံများ ဖြင့် အစားထိုးခဲ့သည်။

အစ္စလာမ်မစ် နိုင်ငံတော် တပ်ဖွဲ့ဦးဆောင်သော စစ်သွေး ကြွများသည် နီနင်ဗာနှင့် အခြား ပြည်နယ်လေးခုမှ နေရာတော် တော်များများကို သိမ်းပိုက်ထား နိုင်ခဲ့ပြီး အီရတ်တပ်များမှာလည်း ၎င်းတို့ကို တိုက်ခိုက်နေရဆဲဖြစ် သည်။

နီနင်ဗာပြည်နယ် မြို့တော် မိုဆူလ်မှာ စစ်ပွဲမဖြစ်မီက လူ ဦးရေ နှစ်သန်းနေထိုင်ခဲ့သည့် မြို့ ကြီးဖြစ်သည်။ မြို့သည် ကုန် သွယ်ရေး အချက်အချာနေရာ တစ်ခုဖြစ်ခဲ့ပြီး ရှီးဟိုက်အာရပ်နှင့် ကာ့ဒ်၊ တာ့ခ်မန်၊ ယာဇီဒစ်စသည့် အခြားလူနည်းစု မျိုးနွယ်များနှင့် လူများစု ဆွန်နီအာရပ်များ နေ ထိုင်ကြသည်။


.. www.MyanmarExpress.net
 

1 comments:

7 DAY DAILY , go on as a straight media pillar trusted by the whole world . I LOVE 7 .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်