Subscribe to our RSS Feed

ဘာမှမဖြစ်ရင်..ဘာမှမဖြစ်ဘူး



ဒီနေ့ သတင်းတွေဖတ်ရင်းနဲ့ 7 days ဂျာနယ်မှာ သတင်းတစ်ခုပါလာတယ်။ သတင်းခေါင်းစဉ်က အပစ်ရပ်လက်မှတ်ထိုးပြီးနောက် တပ်မတော်ကသာ စတင်တိုက်ခိုက်နေဟု SSPP/SSA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပြောကြားဆိုတဲ့ သတင်းပင်ဖြစ်သည်။
အထက်ပါသတင်းအား ခြုံငုံ၍သုံးသပ်ရသော်  နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်နေသည့်ကာလတွင် တပ်မတော်ဘက်မှစတင်ကာ အမျိုးမျိုးတိုက်ခိုက်နေသည်ဆိုသည့် SSA ဘက်မှ
တာဝန်ရှိသူတစ်ဦး၏ မမှန်မကန်ပြောကြားချက်အား သတင်းလုပ်ရေးသားထားခြင်းဖြစ်သည်။

ထိုအရာသည် သတင်းမည်ပါ၏လား။ ဘက်တစ်ဘက်မှပြောကြားခြင်းအား
အခြားအပြောခံရသည့်ဘက်သို့ ဟုတ်၏ မှန်၏ မေးမြန်းခြင်း၊ စုံစမ်းခြင်း၊
သက်ဆိုင်ရာ နယ်မြေဒေသသို့သွားရောက်ကာ အထက်ပါသတင်းအား အတည်ပြုချက်ရယူခြင်းများ ရှိခဲ့ပါ၏လား။ ဖုန်းဆက်ပြောကြားရုံဖြင့် တိကျသေချာသော သတင်းတစ်ပုဒ်ဖြစ်ပြီလား။
 ထိုကဲ့သို့ သတင်းမျိုးအား ပရင့်စာမျက်နှာများတွင် ဖော်ပြခြင်းသည်
သင့်တော်ပါ၏လားဆိုသည်ကတော့ လားပေါင်းများစွာဖြင့်
အထက်ပါသတင်းအားရေးသားသူ သတင်းထောက်နှင့် ဂျာနယ်တိုက်တို့အပေါ် မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။

ယခုအခါ  နိုင်ငံတော်မှပြောင်းလဲ ကျင့်သုံးလာသော စာပေနှင့်စာနယ်ဇင်းဆိုင်ရာမူများကြောင့်
ပုဂ္ဂလိက မီဒီယာကဏ္ဍသည် အတော်ပင်တိုးတက်ပြောင်းလဲလာလေ၏ ၊
နိုင်ငံရေးနှင့်ပတ်သက်သောဂျာနယ် အတော်များများ ပေါ်ပေါက်လာခဲ့သည် ။ ပြည်သူများလည်းသတင်းများကို အချိန်နှင့်တပြေးညီသိခွင့်ရလာလေ၏ ၊
သတင်းနှင့်စာနယ်ဇင်း ဆိုင်ရာလွတ်လပ်မှုနှင့်အတူ ဘေးထွက် ဆိုးကျိုးများလည်း
ကျွဲကူးရေပါဆိုသလိုပင် ပါလာလေ၏။ ပြည်သူလူထုနှင့် အစိုးရအကြား ထင်ယောင်ထင်မှား ဖြစ်စေနိုင်သောသတင်းများကို သတင်းအရင်းအမြစ်မသေချာပဲ ဖေါ်ပြလာလေ၏ ၊
 အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူများကြားသဘောထားကွဲလွဲနိုင်သည်များကို
အထင်နှင့်ရေးသားမှုများ အကြားနှင့်ရေးသားမှုများ ၊ တာဝန်ရှိသူတို့၏ပြောကြားချက်များကို တစ်လွဲကောက်ချက်ချမှုများ ပြုလုပ် လာကြလေ၏ ၊ စတုတ္ထမဏ္ဍိုင်ရဲ့ မူလတာဝန်ကျေပါရဲ့လား ၊ ရေးသားချက်တွေဟာ တရားမျှတမှုရှိပါရဲ့လား မည်သည့်အခါမျှ မစဉ်းစားကြပေ။


မီဒီယာသမားတွေ ပြောချင်ရာပြောတာကိုတော့ လွတ်လပ်စွာပြောဆိုခွင့်လို့ပြောမယ် မီဒီယာသမားကို လွတ်လပ်စွာဝေဖန်ရင်တော့ မှတ်လောက်သားလောက်အောင်ဆုံးမမယ်ဆိုသည့် စိတ်ထားမျိုးသာ ထားရှိကြသည်ကများလေသည်။


ယခု 7 Days တွင်ဖော်ပြခဲ့သောသတင်းသည် တစ်နည်းအားဖြင့် နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုအောက် အစိုးရအဖွဲ့နှင့် တပ်မတော်မှ အင်တိုက်အားတိုက်ဖြင့် ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အချိန်တွင် မိမိတို့မှ ငြိမ်းချမ်းရေးမလိုလားဘဲ
တစ်ဖက်သတ် အနိုင်ကျင့် တိုက်ခိုက်နေသည့်ပုံစံအဖြစ် ပြည်သူအများကြား
အထင်မြင် လွဲမှားစေတော့မည်ဖြစ်သည်။

အထက်ပါသတင်းကိုရေးခဲ့သော သတင်းထောက်အနေဖြင့် လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည်ဆိုသော ရှမ်းပြည်နယ်ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ သတင်းသွားရောက် ရယူခဲ့ခြင်းမရှိပဲ
တစ်ဖက်အဖွဲ့အစည်း၏ ပြောဆိုချက်များကိုသာ ကိုးကားပြီး
သတင်းတစ်ပုဒ်ရေးခဲ့သည်ဆိုသည်မှာ ယုံမှားသံသယဖြစ်စရာပင်မလိုပေ။

စကားတစ်ခွန်းရှိသည်။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးဟူ၍ဖြစ်သည်....သို့သော်...
ဖြစ်လာခဲ့လျှင်တော့ မီဒီယာအခွင့်အရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ မအော်ကြဖို့လိုသည်ဟုသာ
7 days မှဖော်ပြခဲ့သော တပ်မတော်အပေါ် အများပြည်သူတို့ အထင်မှားစေမည့် အထက်ပါသတင်းနှင့်ပါတ်သက်၍ ဤနေရာမှ သတိပေးလိုက်ရပါသည်။

6 comments:

မီဒီယာလွတ်​လပ်​ခွင့်​ မတန်​​သေးဘဲ ​ပေးလိုက်​သဖြင့်​ အစိုးရ​ပေါ် အထင်​မှားစရာသတင်းများကို မစီစစ်​ဘဲ ​ရှောက်​​ရေး​နေသည်​မှာ တဖြည်းဖြည်း အပြုသ​ဘောထက်​ အပျက်​စ​ဘော​ဆောင်​လာ​နေပါသည်​ လိုအပ်​စလိုတားမြစ်​ကန့်​သတ်​ချက်​များ လုပ်​​ဆောင်​သင့်​ပါစည်​ မွန်းတည့်​​နေနှင့်​ ယူနတီဂျာနယ်​တို့ထက်​ ပိုဆိုး​သော တိုင်းပြည်​ကို ​သွေးကွဲပျက်​ဆီး​အောင်​ ဆက်​လုပ်​လာနိုင်​သည့်​အတွက်​ ပြန်​လည်​ကန့်​သတ်​ထိမ်းချုပ်​ ရန်​အ​ရေးကြီးပါသည်

ကောင်းတယ် ချပစ်

Warning them is not enough. They should be punished immediately.

မီဒီယာမှမဟုတ်တာ စီးပွါးရေးသမားတွေဘဲ ဘယ်သူသေသေ စောင်ရေတက်ရင် ပစ်ဆံရတယ်လေ နဂိုကတည်းက ပစ်ဆံရဖို့ဘဲလုပ်တာလေ လူကြားကောင်းအောင်တော့ လုပ်ရတာပေါ့

11 CEOကိုလည်း အရေးယူပေးစေချင်ပါတယ်

မီဒီယာနှင့်သတင်းထောက် အရေခွံ အားပိပိရိရိခြုံထားသောသူလျို များအား အချိန်မလွန်ခင် ဖေါ်ထုတ် တားဆီးပေးပါ ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်