Subscribe to our RSS Feed

ယူနတီဂျာနယ်သတင်းထောက်လေးဦးနှင့် စီအီးအိုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခြင်းအား Myanmar Media Watch မှ ကြိုဆို

From : .. https://www.facebook.com/MyanmarMediaWatch


နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေဖြင့် တရားစွဲဆိုခံထားရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက် လေးဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေပုဒ်မ ၃(က)အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ် လိုက်ကြောင်း သိရသည်။

လွတ်လပ်မှုကို တလွဲအသုံးချကာ ငွေကြေးဦးစားပေးသည့် မီဒီယာသမား များကြောင့် မြန်မာ့ မီဒီယာလောက တဖြည်းဖြည်း အရည်အသွေးကျဆင်းလျှက်ရှိသဖြင့် မီဒီယာလောက ပြန်လည်ကောင်းမွန် တိုးတက်ကာ ပြည်သူတို့၏ လေးစားမှုပြန်လည်ရရှိနိုင်ရေးအတွက် အကျင့်ပြတ်မီဒီယာသမားများကို ယခုကဲ့သို့ ထိုက်သင့်သော အပစ်ဒဏ်ပေးခြင်းအား Myanmar Media Watch မှ ကြိုဆိုသည်။

ပြည်မြို့မှ The Ladies ဂျာ နယ်သတင်းထောက် ဦးမောင်မဲ၊ မကွေး မြို့မှ DVB သတင်းထောက် ဦးဇော်ဖေ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ ဧရာဝတီဂျာနယ်သတင်းထောက် ဦးကျော် ထွန်းနှင့် Unity ဂျာနယ်မှ ဦးတင့်ဆန်း၊ ဦးသဲရာဇာဦး၊ ဦးစည်သူစိုး၊ ဦးပိုင်သက် ကျော်နှင့် ဦးလူမော်နိုင်တို့ သည် နိုင်/ကျဉ်း အစည်းအရုံးမှ ထောက်ပံ့ငွေရယူထားသူများဟု စုံစမ်းသိရှိရသည်။

မြန်မာ့ မီဒီယာသမားများကို မီဒီယာသမားစစ်စစ်များသာ ဖြစ်စေလိုပြီး နိုင်ငံရေးကို အသုံးချမှုများ၊ မြန်မာပြည်သူတို့ကို အဆိပ်ခတ်မည့်မီဒီယာများ မဖြစ်စေလိုပါ။

ဥပဒေပြုရေး၊ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေးမဏ္ဍိုင် သုံးခုကို ထိန်းကျောင်းရမည့် စတုတ္ထမဏ္ဍိုင် တနေ့တခြား ပြည်သူလူထုမှ ယုံကြည်လေးစားမှု လျှော့နည်းလာသဖြင့် ပြည်သူတွေ ယုံကြည်လေးစားသည့် မီဒီယာဖြစ်ရေး Myanmar Media Watch မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။
.. www.MyanmarExpress.net
 

8 comments:

၁၀နှစ်ကနည်းပါတယ် ၂၅နှစ်လောက်တော့ချသင့်ပါတယ်

တိုင်းပြည်​ကိုနစ်​နာ​အောင်​ နိုင်​ငံတကာမှ အထင်​လွဲမှား​အောင်​ အကျိုးမဲ့သတင်း​ရေးသား​သော ၄င်းတို့အား ထို့ထက်​ပြင်းထန်​​သော အပြစ်​ဒဏ်​ချသင့်​ပါသည်

ကောင်းတယ် ဒီကောင်တွေအလကားကောင်တွေ
နိင်ငံတော်ကိုသစ္စဖေါက်တဲ့ကောင်တွေ နိင်ငံတော်အတွက် အရည်မရ အဖတ်မရ
သေချင်းဆိုးသေလိုက်ကြ တခါထဲရှင်ပစ်ရမှာ
စာမတက်တဲ့ တောသားတွေ
တူသောအကျိုးပေးတယ်

၁၀နှစ်တင်လား

နိုင် ငံ တော် ရဲ့ သစ္စာ ဖေါက် တို့ ရဲ့ သွား ရာ လမ်း

လာ ပါ လိမ့် အုးံ မည် ကျန် တဲ့ မီ ဒိ ယာ များ ဂ ဃု စိုက်

း ဟား ဟား ဟား
ပခက တာ တိး

နည်းလွန်းသည် ထောင်ကလွတ်လာရင် ရွှေတိဂုံဘုရားအောက်မှာ လှို ဝှက်ဓါတ်ပေါင်းဖို အားတွေ့ရှိဆိုပြီး အိမ်သာတွေထဲဓါတ်ပုံပြီ သတင်းတင်နေဦမယ် ပြီတော့ထောင်က လွှတ်လာရင်နိင်ငံရေးသမား စစ်စစ်ဖြစ်ဦမယ် အရှုပ်သပ်သပ်ပါ မီဒီယာစစ်စစ်မှ မဟုတ်တာ

၁၀နှစ်နည်းတာပေါ့ သေဒဏ်ပေးလိုက်ရမှာ

မီဒီယာသမားတွေ မင့်အ ဖေကသက်ညှာလို့၁၀နှစ်ထဲချတာ ကန်းမတက်ကျနဲ့ သေဒဏ်လိုချင် တယ်ပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်