Subscribe to our RSS Feed

လစ်ဗျားပြောက်ကျားများက ထရီပိုလီလေဆိပ်ကို စီးနင်းတိုက်ခိုက်

From : .. mm age


 လစ်ဗျားပြောက်ကျားများက ထရီပိုလီလေဆိပ်ကို စက်အမြောက်များ၊ စိန်ပြောင်းများ၊ လက်နက်ကြီးများဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လစ်ဗျားမြို.တော်ကို ကမ္ဘာနှင့် အဆက်ဖြတ်တောက်သွားစေခဲ့သည်။ လစ်ဗျားပြည်သူ့စစ်များသည် အမျိုးသားရေးဝါဒီများ၊ အစ္စလာမ်မစ်များ၊ လူမျိုးစုများ ဖြင့် အုပ်စုသုံးမျိုး ကွဲပြားလျက် ရှိသည်။

လေဆိပ်တိုက်ပွဲများအတွင်း ရပ်နားထားသော အရပ်ဖက်လေယာဉ် ၁၁ စင်း ပျက်စီးသွားခဲ့သည်။ ထိန်းချုပ်ရေးမျှော်စင်များ ပျက်စီးသွားပြီး ပင်မလေဆိပ်
အဆောက်အဦးသည် ယာယီဆေးရုံ အဖြစ်သို့ ပြောင်းလဲသွားသည်။ ဒုတိယမြို့တော် ဘင်ဂါဇီကို ကဒါဖီ၏ မဟာမိတ်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီးခါလီဖာ ဟက်ဖ်တာ ၏ တပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ဇင်တန်နီပြည်သူ့စစ်များက ထရီပိုလီလေဆိပ်ကို ထိန်းချုပ်ထားလိုက်သည်။
လစ်ဗျားအစိုးရက ထရီပိုလီမြို.ကို လမ်းများပေါ်တွင် ထိန်းချုပ်ရန်ကြိုးစား လျက်ရှိသည်။ လစ်ဗျားအစိုးရ ပြောရေးဆိုခွင့်ရှိသူက လုံခြုံရေးအတွက် နိုင်ငံတကာအကူအညီကို တောင်းခံသွားမည် ဟုဆိုသည်။ လစ်ဗျားနိုင်ငံတွင် ရေနံထုတ်လုပ်မှုသည် တစ်ရက်လျှင် စည်ပေါင်း ၅၈၈၀၀၀ သို့ပြန်လည်မြင့်တက်လာခဲ့ပြီး ယင်းသည် စစ်ပွဲမဖြစ်ခင်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံသာ ရှိတော့သည်။


.. www.MyanmarExpress.net
 

2 comments:

This is what can happen to our country if we let the West meddling our internal affairs. Su Kyi NLD and traitors are all inviting West just to do like that in Myanmar. So we must make our tat-ma-daw modern and strong. So the MPs are advised to increase the Military budget up to the level of Thailand.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်