မြန်မာနိုင်ငံတွင် ကင်မယာပါသည့် ဖုန်း ကိုင်ဆောင်သူများ နှင့် Facebook သုံးသူများလာသည့်အတွက် ကြေးစား သတင်းထောက်များ ဘာမှမသိလိုက်ခင် သတင်းများ အင်တာနက်ပေါ်ရောက်နေခြင်းအပေါ် မီဒီယာများ ဒေါသထွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ် အပါအ၀င် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမားများပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ်ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မကျေမနပ်ဖြစ်နေကြောင်း စုံစမ်းသိရသည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များမှ သေဆုံးသူများ၏ဓာတ်ပုံများကို ဖြစ်စဉ်များဖြစ်ပွားပြီး အချိန်တိုအတွင်း အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာများပေါ်၌ အချိန်နှင့် တပြေးညီ သတင်းမှန် ဖေါ်ပြခဲ့ခြင်းကြောင့် ပဋိပက္ခဖြစ်စဉ်များကို ပိုမိုကြီးထွားစေကြောင်း၊ မီဒီယာသမားများက စိတ်ကြိုက်လိုသလို ပုံဖော်ရေးသားဖော်ပြမှသာ မှန်ကန်ကြောင်း ဝေဖန်လျှက်ရှိကြသည်။
လက်ရှိဖြစ်ပေါ်နေသည့် မန္တလေးပဋိပက္ခဖြစ်စဉ်အား စတင်ကြီးထွားစေခဲ့သည့် သတင်းနှင့်ဓာတ်ပုံများမှာ အင်တာနက် စာမျက်နှာများပေါ်ရှိ သစ်ထူးလွင်ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ဓာတ်ပုံများနှင့် မီဒီယာများ အလွယ်တကူ မရှိနိုင်သည့် ဓာတ်ပုံများကိုလည်း သစ်ထူးလွင် မှ ဖော်ပြလာသည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်သည်။
“တချို့မှုခင်းသတင်းဓာတ်ပုံတွေဟာ မီဒီယာသမားတွေတောင် အလွယ်တကူမရှိနိုင်ဘူး။ အဲဒါကို တချို့အွန်လိုင်းမီဒီယာတွေက အလွယ်တကူရနေတယ် ဆိုတဲ့အပေါ် ဒါကတော့ ရှင်းပါတယ်။ အလွယ်တကူ မရနိုင်ဘူး ရနိုင်တဲ့လူဟာ ဘယ်သူတွေလဲဆိုတာ။ အဲလိုရနိုင်တဲ့လူတွေက တင်နေတာပေါ့ဗျာ။ ရနိုင်တဲ့သူတွေကတော့ သက်ဆိုင်တဲ့သူတွေ ဖြစ်မှာပေါ့။ အဲတော့ ကျင့်ဝတ်နားမလည်တဲ့သူတွေ ဒီလိုလုပ်လာရင် မီဒီယာတွေအပေါ်မှာ လူတွေအထင်လွဲသွားနိုင်တယ်” ဟု ကျင့်ဝတ်မညီဟု ဝေဖန်ခံနေရသည့် The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ဆိုသည်။
တခြားသာမန်လူတွေမရနိုင်တဲ့ သတင်းထောက်တွေတောင် မရနိုင်တဲ့ပုံတွေ အချက်အလက်တွေကို ရနေတယ်ဆိုတာတော့ အဲ့ဒီအချက်အလက်တွေရနေတဲ့ အဖွဲ့အစည်းတွေနဲ့ လှုံ့ဆော်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်မှုရှိနေတာ သေချာတယ်။ တာဝန်ရှိတဲ့ လူကြီးတွေနဲ့ ဒီလိုမျိုးဖြစ်နေတာကို အရေးမယူဘူး ဆိုရင်တော့ ဒီလိုမျိုးဖြစ်နေတာကို အားပေးအားမြောက် သဘောမျိုးတော့ သက်ရောက်တာပေါ့လေ။” ဟု ကျင့်ဝတ်မညီကြောင်း သံတော်ဆင့်မှ ဖွင့်ချခြင်းခံထားရသူ 7 Day Daily သတင်းထောက်ချုပ် ဦးအောင်သူရက ပြောကြားသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလ ကလည်း အင်တာနက် ဘလော့များတွင် ဓာတ်ပုံများအချိန်နှင့် တပြေးညီ တင်လာသည်ကို တွေ့ရပြီး အနယ်နယ်အရပ်ရပ်မှ ဆန္ဒပြသတင်းများမှာလည်း မီဒီယာများမသိလိုက်ခင်မှာပင် အင်တာနက်ပေါ်သို့ ဓာတ်ပုံများ တက်လာလေ့ရှိကြောင်း သိရသည်။
.
. www.MyanmarExpress.net
1 comments:
Fb ကနေ မမှန်သတင်းနဲ့ လှုံဆော်လို ပြတ်သနာဖြစ်တယ်ဆိုရင် ဒီခွေးတွေက သိရဲ့သားနဲ့ ဘာလို့ မိန်းခလေးတွေကို ဆက်တိုက်နှောက်ယှက်နေတာလဲ? မင်းတိုမီဒီယာက သတင်းလိမ်နဲ့ အမှောင်ချထားလို့ အတင့်ရဲနေတာလား။ လွတ်လပ်တဲ့ မီဒီယာဆိုတာ လေဘဲ;
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်