Subscribe to our RSS Feed

မြန်မာအမျိုးသမီးကို ပါးရိုက်တဲ့ဂျပန်အား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်နှင်ဒဏ်ပေးပြီး လာခွင့်ပိတ်

From : Amara News Agency

ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ


ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။


ကာလုံခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရ က်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။ Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Myanmar Express

8 comments:

နိုင်ငံခြားဆက်ဆံရေးမှာ….
မြန်မာက အဆင်ပြေအောင်ဆောင်ရွက်နေတဲ့ ကာလပါ။
ဂျပန်နဲ့ လည်းစီးပွားရေးများစွာ ပူးပေါင်းဆောင်ရွက်သွားဘို့ ရည်ရွယ်ပါတယ်။
ငါတို့ ကချမ်းသာတဲ့နိုင်ငံဆိုပြီး..နိုင်ထက်စီးနင်းတော့..
လုပ်မလာချင်ပါနဲ့ ..။
ဖက်ဆစ်ပိုး…လည်းပြန်ထပြ မလာပါနဲ့ ။
မြန်မာ့ယဉ်ကျေးမှု နဲ့ ဥပဒေ ကိုလေးစားလိုက်နာပါ။အပြန်အလှန်ပေါ့..။
ပါတီတွေကလည်း..အ..မနေကြပါနဲ့ ..။
မျိုးချစ်စိတ်ပြကြပါ..။
အဓိက..က..တိုင်းခြားက မြန်မာသံရုံးတွေကပေါ့။
ကိုယ့်လူမျိုးတဦးချင်းကို
အကာအကွယ်ပေးပါ။အထူးသဖြင့် အမျိုးသမီး ၊သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုပေါ့။

နိုင်ငံခြားဆက်ဆံရေးမှာ….
မြန်မာက အဆင်ပြေအောင်ဆောင်ရွက်နေတဲ့ ကာလပါ။
ဂျပန်နဲ့ လည်းစီးပွားရေးများစွာ ပူးပေါင်းဆောင်ရွက်သွားဘို့ ရည်ရွယ်ပါတယ်။
ငါတို့ ကချမ်းသာတဲ့နိုင်ငံဆိုပြီး..နိုင်ထက်စီးနင်းတော့..
လုပ်မလာချင်ပါနဲ့ ..။
ဖက်ဆစ်ပိုး…လည်းပြန်ထပြ မလာပါနဲ့ ။
မြန်မာ့ယဉ်ကျေးမှု နဲ့ ဥပဒေ ကိုလေးစားလိုက်နာပါ။အပြန်အလှန်ပေါ့..။
ပါတီတွေကလည်း..အ..မနေကြပါနဲ့ ..။
မျိုးချစ်စိတ်ပြကြပါ..။
အဓိက..က..တိုင်းခြားက မြန်မာသံရုံးတွေကပေါ့။
ကိုယ့်လူမျိုးတဦးချင်းကို
အကာအကွယ်ပေးပါ။အထူးသဖြင့် အမျိုးသမီး ၊သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုပေါ့။

Great Job. 100% support to you, General. This is Myanmar, no one can insult to our society.

လုံးဝကို ထောက်ခံပါတယ်...
လေးစားပါတယ် ကာလုံ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
ခင်ဗျားလို ပြတ်သားစွာကိုင်တွယ်ခဲ့တဲ့ သွေးသစ် ခေါင်းဆောင် တွေ ကျွန်တော်တို့ နိုင်ငံက လူမျိုးတွေအတွက် အများကြီးလိုအပ်နေပါတယ်

Agree it.Must do like that in future for all people.

ကြိုက်တယ်။ ဂျပန်မှမဟုတ်ဘူး။ တရုတ် ကုလား နိုင်ငံခြားသားအားလုံးပဲ စော်ကားလာလို့ကတော့ချ။ အားပေးတယ်။ ပြီးတော့ရှိသေးတယ် မြန်မာကြားထဲနေပြီး စောက်တင်းပြောချင်ရင် သူတို့စကားနဲ့ ပြောတဲ့ လူမျိုးတွေ။ အထူးသဖြင့် တရုတ်တွေ။ တစ်နေ့ အဲလိုကောင်တွေကိုပဲ လိုက်ဖိုက်တဲ့ ဂိုဏ်းတစ်ဂိုဏ်းပေါ်လာတော့မယ်။ မြန်မာနိုင်ငံမှာနေ မြန်မာတွေကြားထဲမှာနေပြီး မြန်မာလိုမပြောတဲ့ကောင်တွေ သေဖို့သာပြင်ထား။

ဒီလိုကြားရတာဝမ်းသာတယ်ကွာ....

ဒီလို ပြတ်ပြတ်သားသား ဆောင်ရွက်တာ ကောင်းပါတယ်...
ဒါမှလာစမ်း လို့ မရဘူးဆိုတာ ဒီကောင်တွေ သိသွားမယ်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်