Subscribe to our RSS Feed

မြန်မာမီနီဆလွန်း စီးရေ (၈၀၀) ထပ်မံရောက်ရှိမည်


From : ခေတ်လူငယ်

ဖေဖော်ဝါရီ နောက်ဆုံးပတ်ခန့်၌ မြန်မာမီနီဆလွန်းကား ပထမအသုတ် အစီးရေ ၈၀၀ ခန့် ထပ်မံရောက်ရှိကာ Show Room များ၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ဦးသွင်မြင့်အောင်က ပြောကြားသည်။ အမှန်တကယ်လိုအပ်နေသော ပြည်သူများအတွက် ရည်ရွယ်ကာ ယခုကဲ့သို့ တင်သွင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်တစ်လော၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Show Room များဖွင့်လှစ်ကာ မရောင်းချနိုင်သေးသော်လည်း အချက်အခြာကျသော မြို့များ၌ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအပြင် အများသွားလာရေး လွယ်ကူကောင်းမွန်သော နေရာများ၌ အဓိကထား ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် News Watch ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်