From : ခေတ်လူငယ်
အထွေထွေလုပ်သားဝန်ထမ်းငယ်များအား အသက်ကန့်သတ်ချက်လျှော့ပေါ့၍ မူလတန်းပြဆရာခန့်ထားပေးရန် စီစဉ်မည်ဖြစ်ကြောင်း ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ကျင်းပရာ၌ သိရသည်။ အဆိုပါ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးတင်မောင်ဝင်း၏အဆိုကို ရှင်းလင်းဖြေကြားရာ၌ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှ ခန့်ထားပြီးသော ဘွဲ့ရအထွေထွေလုပ်သားများကို ဆရာအတတ်သင်ကျောင်းသို့ တက်ရောက်ခွင့်ရရှိစေပြီး၊ မူလတန်းပြဆရာ၊ ဆရာမအဖြစ် ပြောင်းလဲခန့်ထားနိုင်ပါက အသက်ကန့်သတ်ချက်နှင့် ကျောင်းဝင်ခွင့်စည်းမျဉ်းများ ပြင်ဆင်ချမှတ် ပေးသင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ရာ၌ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြပြီးနောက် အဆိုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ရှင်းလင်းဖြေကြားရာ၌ ထည့်သွင်းဖြေကြားခဲ့သည်။ အသက် ၄၀ မကျော်သေးသော အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်သက် ၅ နှစ်ပြည့်ပြီးသူ၊ ဘွဲ့ရဝန်ထမ်းများအား ဆရာလိုအပ်သည့် ကျောင်းများသို့ စေလိုရာစေ ဆန္ဒပြုမည်ဆိုပါက မူလတန်းပြဆရာအဖြစ် ခန့်ထားပေးမည်ဖြစ်ပြီး ခန့်ထားသည့် စာသင်နှစ်တွင် မူလတန်းစာပေးစာယူသင်တန်းကိုလည်း တက်ရောက်ရမည်ဖြစ်ပါကြောင်း သို့ပါ၍ အထွေထွေလုပ်သားအဖြစ် ခန့်ထားပြီးဖြစ်သော ဝန်ထမ်းငယ်များအား အသက်ကန့်သတ်ချက်လျှော့ပေါ့၍ မူလတန်းဆရာများ အဖြစ်ခန့်ထားပေးရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

3 comments:
ဆ ရာ အ ရေ အ တွက် များ များ ခန့် သင့် တယ် ထင် တယ် အခု ခေတ် မှာ အစိုး ရ ကျောင်း ဆရာ ဆို တာ အ ရမ်း ရှား နေ ပြီ လေ ပုဂ္ဂ လိ က ကျောင်း ဆ ရာ တွေ သာများ နေ တာ ကျောင်း တစ် ကျောင်း မှာ ဆရာ အနည်း ဆုံး တော့ ၅ ယောက် ထက်မနည်း ရှိ သင့် တယ် ။ တ ချို့  ကျောင်း တွေ ဆို ဆရာ တစ် ယောက် မှမ ရှိ တာတွေ တောင် ရှိ တယ်။
vn
ဆ ရာ အ ရေ အ တွက် များ များ ခန့်  သင့် တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်