ရှင်းသန့်မေ
ခွင့်ပြုချက်ဖြင့် မျှဝေသည်။
(မေတ္တာရှင်ပရဟိတဖောင်ဒေးရှင်း နှင့် MTS Online Radio)
ချစ်သူများနေ့ဆိုတာလူငယ်တွေကြားမှာတော်တော်ကို ခေတ်စားလာပါတယ်။ချစ်သူများနေ့မှာတော့ ပန်းစည်း
တွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ
တွေ့ရပါတယ်။အနောက်တိုင်းယဉ်ကျေးမူကစတင်ခဲ့တဲ့ချစ်သူများနေ့ကခုဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်း လူကြီး၊
လူငယ်တွေကြားထဲတော်တော်ကိုလွမ်းမိုးလျှက်ရှိပါတယ်။
ချောကလက်ပေးတာ၊ ပန်းစည်းပေးတာ၊ ကတ်ပေးတာထူးဆန်းစရာ မဟုတ်ပေမယ့်အဲဒီနောက်ကွယ်ကလက်ဆောင်တွေရဲ့နောက်မှာ......
မြန်မာမိန်းကလေးတွေရဲ့ အပျိုစင်ဂုဏ်တွေ ပျောက်ကွယ်သွားကြတာတော့ ရင်လေးစရာပါပဲ။
Living together ဆိုတာ နိုင်ငံခြားမှာသာကြားဖူးတာ အခုတော့ မြန်မာနိုင်ငံမှာပါကူးစက်လာတာမြန်မာအပျိုစင်
မိန်းကလေးတွေအတွက်ရင်လေးစရာ၊မိဘများအတွက်ရင်နာစရာတစ်ခုပါပဲ။
***************************
ချစ်သူများနေ့မှာကိုယ်ရဲ့ အပျိုစင်ဂုဏ်၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ မရင်းနှီးသင့်တဲ့ဘ၀တစ်ခုကို စတင်ကြမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာရှိနေပြီ ဆိုတာပါပဲ။
လူငယ်တွေတော်တော်များများက ချစ်သူများနေ့မှာ.....
သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေအတူအိပ်ကြတာ အဓိပ္ပာယ်ပိုရှိတယ်၊ပိုပြီးလေးနက်မှုကို ပြတယ်လို့ ဆိုကြတယ်။အခုခေတ်မှာ လူငယ်တွေတော်တော်များများက အတူတူနေတဲ့ကိစ္စ
ကို ပွင့်လင်းတယ်လို့ မြင်လာလက်ခံလာပြီး ဆယ်ကျော်သက်တွေ အ လယ် ချစ်သူတွေသဘာဝ တခုလို့
လက်ခံထားကြတယ်။
****************************
ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့ယဉ်ကျေးမူပါ၊မြန်မာ့ယဉ်ကျေးမှု မဟုတ်ပါဘူး။
ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေပေးတာ၊ ချောကလက်တွေပေးတာ
အရုပ်တွေပေးတာက ကြည်နူးစရာကောင့်ပေမယ့်မြန်မာယဉ်ကျေးမှုနဲ့မအပ်ဆက်တဲ့ Living together ဆိုတာ
လုံးဝမဖြစ်သင့်ပါဘူး။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိန်းကလေးတယောက် သိက္ခာ၊အရှက်တရား တန်ဖိုး၊ ယောကျာ်း
တယောက်စောင့်ထိန်းသင့်တဲ့ကျင့်ဝတ်၊မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်တန်ဖိုးတွေ နဲ့ ပြည့်စုံနေတဲ့ အပျိုစင် လူပျို
ဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးတွေကစောင့်ရှောက်သင့်သလို ယောကျာ်းလေးများကလည်း မြန်မာ
ယဉ်ကျေးမူကိုဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
*******************************
ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်လည်း မင်္ဂလာတစ်ပါးပါပဲ။ကိုယ်ချစ်သူကိုချစ်တယ်ဆိုတာ အပျိုဂုဏ်၊လူပျိုဂုဏ်ကို ပေးဆပ်မှချစ်တာမဟုတ်ပါဘူး...
နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဆိုတာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့်
ကူးစက်ခံမြန်မာနိုင်ငံမှာလည်း ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင်ဖန်တီး ကြတာတွေ့လာရပါတယ်။
ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီးSt. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။
အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှု၊အကျင့်စရိုက်ကိုပါ စတင်ဖျက်ဆီးနေတာတွေ့ရတာ ရင်လေးစရာပါပဲ။
ချစ်သူများနေ့ဆိုတဲ့ နေ့ရက်တစ်ရက်အောက်မှာ အပျိုစင်ဂုဏ်လေး၊ လူပျိုဂုဏ်တွေ မပျက်စေချင်။
နှစ်တိုင်းရောက်လာမယ့်ချစ်သူများနေ့ကိုရှားပါးတဲ့ဘ၀လေးနဲ့မလဲစေချင်။
အားလုံးအသိတခု ရသွားရင် ကျေနပ်ပါတယ်ဝေဖန်မူများကိုလက်ခံပါသည်။
ကြိုးစားနေဆဲ
5 comments:
ကောင်းပါတယ် ဒီလိုပဲဖြစ်သင့်ပါတယ်။
အသိ ကားသမားတစ်ယောက်ပြေားတာတော့ ညနေ ၄ နာရီအထိ စုံတွဲ
၁၃ တွဲကို ဟိုတယ်လိုက်ပို့လိုက်ရတယ်တဲ့....
ANONYMOUS
မင်းပြောတာမှန်တယ်...
ဟုတ် ပါ တယ်။ Valentine Day ဆို တာ အ မှတ် တ ရ နေ့ ပါ။ ဒါ ပေ မဲ့ မြန် မာ မိန်း က လေး တွေ ရဲ့ တန် ဖိုး ရှိ တဲ့ ဘ ၀ ထက် တော့ အ မှတ် တ ရ မ ဖြစ် နိုင် ပါ ဘူး။
good idea and good will
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်