From : ရိုးရာလေး
နိုင်ငံသားများ၏ ဆန္ဒသဘောထားများ ကောက်ယူ ထားသည့် လူထုစစ်တမ်းများကို ဝင်ရောက် ကြည့်ရှုနိုင်မည့် Website တစ်ခု စတင် လွှင့်တင် ထားပြီ ဖြစ်ကြောင်း ယင်းစစ်တမ်းများ ကောက်ယူနေသော Myanmar Affairs အဖွဲ့ကို ဦးဆောင်သူ ဦးဝင်းမျိုးသူက ဇန်နဝါရီ ၂၈ ရက်နေ့တွင် ပြောကြားသည်။ ပြည်သူလူထု၏ လိုလားချက်များကိုသိရှိနိုင်ရန် ကောက်ယူခြင်းဖြစ်ပြီး ယင်းစစ်တမ်းများ၏ရလဒ်များအား နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ် စားလှယ်များထံ အသိပေးရန်ဖြစ်ကြောင်း အဆိုပါ Websiteလွှင့်တင်ရခြင်း၏ ရည်ရွယ် ချက်ကို 0x158င်းကရှင်းပြသည်။
လွှတ်တော်၊ နိုင်ငံတော်သမ္မတ၏မိန့်ခွန်း စသည့် နိုင်ငံရေးဆိုင်ရာစစ်တမ်းများ၊ လူကုန်ကူးမှုဆိုင်ရာ စစ်တမ်းများ အပါအဝင် စစ်တမ်းများကို ယင်းWebsiteတွင် ဖော်ပြထားမည်ဖြစ်ကြောင်း၊ 0x158င်းတို့အဖွဲ့အစည်းရေရှည် ရပ်တည် ဖွံ့ဖြိုးနိုင်ရန်အတွက် နောက်ပိုင်းတွင် အဖွဲ့ဝင်ကြေးကောက်ခံခြင်း၊ စစ်တမ်းအသေးစိတ်အချက်အလက်များကို နိုင်ငံရေး ပါတီများနှင့် မီဒီယာများက သိရှိလိုပါကရောင်းချခြင်း၊ Website ကြော်ငြာကောက်ခံခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး လတ်တလောတွင်မူအဖွဲ့၏ကိုယ်ပိုင်ရန်ပုံငွေဖြင့်ပင် ရပ်တည်နေခြင်းဖြစ်ကြောင်း ဦးဝင်းမျိုးသူက ဆက်လက်ပြောကြားသည်။ အဆိုပါစစ်တမ်းရလဒ်များကို www.myanmaraffairs.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်