Subscribe to our RSS Feed

ပွင့်ဖြူမြို့တွင် မိလ္လာကန်အတွင်း ရေဆိုးထုတ်ရင်း လေးဦးသေဆုံး


From : ခေတ်လူငယ်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု လယ်မကျေးရွာ၌ လွန်ခဲ့သော (၁၀)နှစ်ခန့်က အသုံးပြုခဲ့သော အကျယ်(၄) တောင်အနက်( ၁၀) တောင်ခန့်ရှိ မိလ္လာကန်မှ ရေဆိုးထုတ်ရန်အတွက် မိလ္လာကန်အတွင်း ဆင်းသက်သွားကြရာမှ ကန်အတွင်း ရှိဓာတ်ငွေ့များနှင့် အနံ့ဆိုးများကြောင့် အောက်စီဂျင်ပြတ်လပ်ကာ ပြန်တက်မလာနိုင်တော့ဘဲ မေ့မြောသွားခဲ့ပြီး ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဆယ်တင်ကြသော်လည်း ဆေးရုံအသွား လမ်းခရီးနှင့် ဆေးရုံတွင် စုစုပေါင်းလေးဦး သေဆုံးသွားကြရသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီ ၂၅ မိနစ်တွင် လယ်မကျေးရွာနေ ဦးတင်ငွေ (၄၆ နှစ်၊ အဘ ဦးမှုံ)သည် လွန်ခဲ့သော (၁၀) နှစ်ခန့်က စတင်အသုံးပြုခဲ့သော မိလ္လာကန်မှ ရေဆိုးထုတ်ရန်အတွက် အဖော်ငါးဦးနှင့်အတူ မိလ္လာကန်အတွင်း ဆင်းသွားခဲ့သည်။ ထိုသို့ ဆင်းသွားစဉ် ကန်အတွင်းရှိ ဓာတ်ငွေ့များနှင့် ပြင်းထန်သော အနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်လပ်ကာ ပြန်တက်မလာနိုင်တော့ဘဲ မေ့မြောသွားခဲ့ကြသဖြင့် ပတ်ဝန်းကျင်ရွာသားများမှ ဝိုင်းဝန်း ယ်တင်ခဲ့ပြီး ပွင့်ဖြူမြို့နယ် ဆးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ ဦးမောင်ဝင်းဆိုသူမှာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးသွားခဲ့သည်။ ကျန်သူများအနက် အိမ်ရှင်ဦးတင်ငွေ၊ ချမ်းငြိမ်းဌေးနှင့် ကျော်မြိုင်တို့သုံးဦးမှာ ဆေးရုံရောက်ပြီး ကုသမှု ခံယူနေစဉ်မှာပင် ညနေ ၅ နာရီခွဲခန့်တွင် ထပ်မံသေဆုံးသွားခဲ့သည်။ ကျန်နှစ်ဦးဖြစ်သည့် အောင်ကိုနှင့် အေးလွင်တို့မှာမူ ဆေးရုံတွင် ကုသမှုဆက်လက်ခံယူနေဆဲဖြစ်သည်။ မိလ္လာကန်အတွင်း လူများဆင်းသက်ရာမှ ပြန်တက်မလာနိုင်ဘဲ မူးလဲမေ့မြောသေဆုံးကြရမှုများမှာ မကြာခဏ ကြားသိနေရသော ဖြစ်စဉ်များဖြစ်သော်လည်း သတိမမူနိုင်ကြသည့်အတွက် ဆက်ကာဆက်ကာ ဖြစ်ပွားလျက်ရှိသည်။ မိလ္လာကန်ထွက် ဘိုင်အိုဂက်စ်များမှာ လူတို့အတွက် ပြင်းထန်သည့် အဆိပ်အတောက် ဓာတ်ငွေ့ဖြစ်ပေရာ လေဝင်လေထွက် အားနည်းပြီး အနံ့ဆိုးများရှိနေသည့် နေရာများ၊ အထူးသဖြင့် မိလ္လာကန်များအတွင်းသို့ဆင်း၍ လိုရာလုပ်ငန်း ဆောင်ရွက်ခြင်းများအား သတိတရားဖြင့် ဆင်ခြင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

8 comments:

သောက်ပေါတွေ... မြင်မကောင်း ကြည့်မကောင်းတဲ့ပုံတွေ တင်ရလားကွာ.. ခွီးထဲမှပဲ... တခြားပုံတွေ တင်စရာမရှိတော့ လို့လား.. တော်တော် အဆင့်အတန်းမရှိရာကျပါတယ်..

ဒီသတင်းကတော့ တကယ်ကတော့ လူတွေ သိသင့် သိထိုက်တဲ့ သတင်းတစ်ခုပါ...ဒီလိုမျိုးတွေ ခဏခဏ ကြားဖူးပါတယ်... မိလာ တွင်းမှမဟုတ်ပါဘူး... သောက်ရေတွင်း တွင်းဟောင်းပဲဖြစ်ဖြစ်... အောက်အနက်ကို ရောက်သွားတာနဲ့... အောက်ဆီဂျင်ပြတ်တတ်ပါတယ်... ဒါကို ပြည်သူတွေကြားရောက်အောင်.. လှုပ်ရှားမှု၊ လှုံ့ဆော်မှု၊ ပညာပေးမှုလုပ်သင့်ပါတယ်.. ဒါပေမယ့်ဗျာ... ပုံလေးတော့ နည်းနည်းလောက် ပြောင်းလိုက်ပါလား..

MEG ကသတင်းတွေက မှန်ကန်တယ် လက်တွေ.သက်သေပြတယ် သတင်းတိကျတယ် ခိုင်လုံတယ် အဲ.တာကြောင်. ပုံနဲ.အတူ တင်ပြတာပါ။ BBC' VOA' ဧရာဝတီ စတဲ. ဆိုဒ်တွေမှာဆို မှန်ကန်မှု.မရှိသော ပုံများ မှန်ကန်မှု.မရှိတဲ.သတင်းတွေဆိုတာကို စာဖတ်သူများလည်း အသိပါ။ မကျေနပ်ရင် ၀င်မဖတ်ကြပါနဲ.။ ကျွန်တော်တို.ကတော. အမြဲ အားပေးလျှက်ပါ.........။

ဝေါ့ ......အော့.....ထွီး...

မကျေနပ်ရင် ၀င်မဖတ်နဲ.ကွာ သူဟာသူ တင်ချင်တာတင်မယ်

သတင်းတစ်ပုဒ်ေ၇းတယ်ဆိုတာ ပုံတစ်ခုဟာလည်း အေ၇းကြီးတယ် တင်ထားတဲ့ပုံက သတင်းနဲ့လိုက်ဖက်တဲ့အရာဖြစ်ရမယ်လေ မစင်အကြောင်ဒ သတင်းေ၇းပါတယ်ဆိုမှ ထမင်းဝိုင်းခင်းတဲ့ပုံကြီး တင်ရမလားကွ လဒူရ ဦးနှောက်သုံး နေရာတိုင်းလိုက်ပီး ကန့်လန့်မသွားနဲ့ဟ

သတင်းတစ်ပုဒ်ေ၇းတယ်ဆိုတာ ပုံတစ်ခုဟာလည်း အေ၇းကြီးတယ် တင်ထားတဲ့ပုံက သတင်းနဲ့လိုက်ဖက်တဲ့အရာဖြစ်ရမယ်လေ မစင်အကြောင်ဒ သတင်းေ၇းပါတယ်ဆိုမှ ထမင်းဝိုင်းခင်းတဲ့ပုံကြီး တင်ရမလားကွ လဒူရ ဦးနှောက်သုံး နေရာတိုင်းလိုက်ပီး ကန့်လန့်မသွားနဲ့ဟ

I think you are very familiar with this photo

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်