Subscribe to our RSS Feed

အမေရိကန် အရေးယူပိတ်ဆို့မှုတစ်ခု ရုပ်ပြီ


From : ခေတ်လူငယ်

အမေရိကန်၏ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတစ်ခုကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရုပ်သိမ်းပေးလိုက်ကြောင်း သိရသည်။ အမေရိကန် ပိတ်ဆို့အရေးယူမှု အများအပြားရှိသည့်အနက် အမေရိကန် အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ မြန်မာနိုင်ငံအပေါ် အမေရိကန် ထောက်ပံ့မှုရှိသော အဖွဲ့အစည်းများဆီမှ ငွေကြေးကူညီ ထောက်ပံ့ချေးငှားခြင်းလုပ်၍ မရအောင် ပိတ်ဆို့ထားသော ဥပဒေဖြစ်သည်။ ယင်းသို့ ရုပ်သိမ်းပေးမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့များဆီမှ ငွေကြေးအကူအညီ ရယူနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာမည် ဖြစ်သည်။ ယခု ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းခြင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် လက်မှတ်ရေးထိုးလိမ့်မည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအပေါ် အမေရိကန်၏ တခြားပိတ်ဆို့မှုများ ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်