ဒုတိယကင်းလွတ်ချက်
ပြည်သူ့ဝန်ထမ်းအဖြစ် အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် ထိုပြည်သူ့ ဝန်ထမ်း၏ အပြုအမူနှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ ထိုပြည်သူ့ဝန်ထမ်း၏ အကျင့်စာရိတ္တ သည် ထိုသူ၏အပြုအမူ၌ ထင်ပေါ် နေသည်အထိ ထိုသူ၏ အကျင့်စာ ရိတ္တနှင့် စပ်လျဉ်း၍သော်လည်း ကောင်း၊ တစ်ဦးတစ်ယောက်သော သူက သဘောရိုးဖြင့် မိမိ၏ထင် မြင်ချက်ကို ဖော်ပြခြင်းသည် အသ ရေဖျက်မှု ဖြစ်သည်မမည်ပါ။
ပြည်သူ့ဝန်ထမ်းအပေါ် ဝေဖန်ခြင်း
ပြည်သူ့ဝန်ထမ်းတိုင်းတွင် တာဝန်ထမ်းဆောင်ရာ၌ ရိုးသား ဖြောင့်မတ်တည်ကြည်ရန် လိုပါ သည်။ သို့ဖြစ်၍ ပြည်သူ့ဝန်ထမ်း များ မလျော်သောအပြုအမူနှင့် ပတ်သက် ၍ သဘောရိုးဖြင့် ဝေဖန်ခြင်း ကို ကင်းလွတ်ခွင့်ပြုထားပါသည်။ ဝေဖန်ချက်သည် မှန်ကန် သော အကြောင်းခြင်းရာအပေါ် တွင် မူတည်ရန် လိုပါသည်။ မမှန် ကန်သော အကြောင်းခြင်းရာ မှန် မမှန်ကို စူးစမ်းဆင်ခြင်ခြင်း မပြုဘဲ ဝေဖန်ခြင်းသည်သဘောရိုးဖြင့်ပြုလုပ် သည့်ဝေဖန်ချက် မဟုတ်၍ ကင်းလွတ်ခွင့် မရနိုင်ပါ။ ပြည်သူ့ ဝန်ထမ်း၏ မရိုးဖြောင့် သော ပြုလုပ်မှု၊ မတရားသည့် ဆောင်ရွက်ချက်များကို တိုင်းသိ ပြည်သိ ဖြစ်အောင် ဖော်ထုတ်ရန် သတင်းစာဆရာများ အနေဖြင့် တာ ဝန်ရှိနေပေသည်။ သို့ရာတွင် သတင်းစာပါ ဝေဖန်ချက်သည် လူ တစ်ဦး၏ ဂုဏ်သရေကို အလွန် တရာ ထိခိုက်သဖြင့် ထိုဝေဖန်ချက် သည် မှန်ကန်သော အချက်အပေါ် တွင် အခြေတည်ပြီး သဘောရိုးနှင့် ပြုလုပ်ရန်လည်း လိုအပ်ပေသည်။ (၁၉၅၄၊ မတစ၊ စာ-၇၆၊ လွှတ် တော်ချုပ် ဦးလောရုံနှင့် ဦးလှမောင်) တရားမျှတသည့် ဝေဖန်ချက် သည် ပေါ်ပေါက် နေသော အကြောင်းခြင်းရာအပေါ် မူတည်ရန် လိုသည်။ အကြောင်းခြင်းရာကို ဖန်တီးပြီး ပြုလုပ်သော ဝေဖန်ချက် သည် သဘောရိုးဖြင့် ပြုလုပ်သည့် ဝေဖန်ချက်ဟု မဆိုနိုင်ပေ။ (၁၉၁၈၊ အေအိုင်အာ၊ အောက် မြန်မာပြည်၊ စာ-၃၆၊ စီအက်(စ်)အပါးနှင့် အမ်ပီ မာရိကာ)
တတိယကင်းလွတ်ချက်
အများပြည်သူ့ ပြဿနာဆိုင် ရာ တစ်ဦးတစ်ယောက်သော သူ၏ အပြုအမူနှင့် စပ်လျဉ်း၍လည်း ကောင်း၊ ထိုသူ၏ အကျင့်စာရိတ္တ သည် ထိုသူ၏ အပြုအမူ၌ ထင်ပေါ် နေသည်အထိ ထိုသူ၏ အကျင့် စာရိတ္တနှင့် စပ်လျဉ်း၍ လည်း ကောင်း၊ တစ်ဦးတစ်ယောက်သော သူက သဘောရိုးဖြင့် ထင်မြင်ချက် ကို ဖော်ပြခြင်းသည် အသရေဖျက် မှု ဖြစ်သည် မမည်ပါ။
စတုတ္ထကင်းလွတ်ချက်
တရားရုံးတစ်ခု၏ မှုခင်းဆောင် ရွက်ချက်များကို ဖြစ်စေ၊ မှုခင်း ဆောင်ရွက်ပြီးပြတ်ပုံကို ဖြစ်စေ၊ အရေးပါသော အချက်အလက်များ ၌ မှန်ကန်စွာ ကြေညာခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်ပါ။
တရားရုံးဆောင်ရွက်ချက်အပေါ် ဝေဖန်ခြင်း
တရားရုံး၌ ဆောင်ရွက်သော မှုခင်းများနှင့် ပတ်သက်၍ သတင်း စာတွင်သော်လည်းကောင်း၊ စာရွက် စာတမ်း ရိုက်နှိပ်ý၍သော်လည်း ကောင်း၊ကြေညာခြင်းသည် အများ ပြည်သူအကျိုးအတွက် ဖြစ်၍ ကင်း လွတ်ချက်အရ ပြစ်မှုမမြောက်ပါ။ မှု ခင်းကြေညာချက်သည် လူတစ်ဦး တစ်ယောက်၏ အသရေကို ထိ ခိုက်စေနိုင်သော်လည်း အများပြည် သူ အကျိုးအတွက် ဖြစ်၍ ကင်း လွတ်ခွင့် ပေးထားပါသည်။ အသ ရေဖျက်မှုမှ ကင်းလွတ်ခွင့်ရသော် လည်း တရားရုံးမထေမဲ့မြင်ပြုမှု ဥပဒေကို သတိပြုရန် လိုပါသည်။ မှုခင်းနှင့်ပတ်သက်သော ကြေ ညာချက်သည်မှန်ကန်ရန်လိုပါသည်။ တစ်ဖက်စောင်းနင်း သဘော သက် ရောက်သော ကြေညာချက်သည် ကင်းလွတ်ခွင့် မရနိုင်ပါ။ ကြေညာ ခြင်းမပြုရဟု တားမြစ်ထားပါက ကင်းလွတ်ခွင့် မရနိုင်ပါ။ ညစ်ညမ်း သောအကြောင်းအရာကို လုံးစေ့ ပတ်စေ့ ကြေညာခြင်းသည်လည်း ကင်းလွတ်ခွင့် မရနိုင်ပါ။ ကြေညာချက်နှင့် ဝေဖန်ချက် တို့မှာ မတူပါ။ ကြေညာချက်မှာ မှန်ကန်ပါက ကင်းလွတ်ခွင့်ရပါ သည်။ ဝေဖန်ချက်မှာ အများပြည် သူအကျိုးအတွက် သဘောရိုးဖြင့် ပြုလုပ်ရပါမည်။
ပဉ္စမကင်းလွတ်ချက်
တရားရုံးက စီရင်ဆုံးဖြတ်ပြီး သော တရားမမှု၏ သို့တည်း မဟုတ် ရာဇဝတ်မှု၏ အရည် အသွေးနှင့် စပ်လျဉ်း၍ သော်လည်း ကောင်း၊ ထိုအမှုတွင် အမှုသည်၏ သို့တည်းမဟုတ် သက်သေ၏ သို့ တည်းမဟုတ် ကိုယ်စားလှယ်အဖြစ် ဖြင့် ဆောင်ရွက်သောသူ၏ အပြု အမူနှင့် စပ်လျဉ်း၍သော် လည်း ကောင်း၊ ထိုသူ၏ အကျင့်စာရိတ္တ သည် ထိုသူ၏ အပြုအမူ၌ ထင်ပေါ် နေသည်အထိ ထိုသူ၏ အကျင့် စာရိတ္တနှင့် စပ်လျဉ်း၍သော်လည်း ကောင်း၊ တစ်ဦးတစ်ယောက်သော သူက သဘောရိုးဖြင့် မိမိ၏ ထင်မြင်ချက်ကို ဖော်ပြခြင်းသည် အသ ရေဖျက်မှု ဖြစ်သည်မမည်ပါ။
ဆုံးဖြတ်ပြီးအမှုအပေါ် ဝေဖန်ခြင်း
တရားစီရင်ရာ၌ မှန်ကန်စွာ စီ ရင်ဆုံးဖြတ်ရုံဖြင့်မပြီး မှန်ကန်စွာ ဆုံး ဖြတ်ကြောင်း မြင်စေရာသည် ဆို သည့် အတိုင်း အများရှေ့မှောက် တွင် တရားစီရင်ခြင်း ပြုရသည်။ သို့ဖြစ်ရာ ဆုံးဖြတ်ပြီးသည့်အမှုနှင့် ပတ်သက်၍ သဘောရိုးဖြင့် ပြု သည့် ထင်မြင်ချက်၊ ဝေဖန်ချက် ပြုခြင်းသည် အသရေဖျက်မှု မမြောက်ပါ။ အမှုစစ်ဆေးစဉ် ကာလ အတွင်း ဝေဖန်ချက်၊ ထင်မြင်ချက် မပြုနိုင်ပါ။ ပြုလုပ်ပါက တရားရုံး၏ အဆုံး အဖြတ်ကိုကြိုတင်ဆုံးဖြတ်ရာရောက် ၍ တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် အရေးယူခြင်း ခံရနိုင်ပါသည်။ အမှုကို စီရင်ဆုံးဖြတ်ပြီးမှသာ ဝေဖန်ချက်ပြုနိုင်မည် ဖြစ်ပါသည်။ ဝေဖန်ချက်၊ ထင်မြင်ချက်သည် မျှတသော ဝေဖန်ချက်၊ ထင်မြင် ချက် ဖြစ်ရပါမည်။ ပေါ်ပေါက်နေ သော အကြောင်းခြင်းရာ အပေါ် မူတည်၍ သဘောရိုးဖြင့် ပြုလုပ်မှ သာ အများအကျိုးအတွက် ဖြစ်၍ ကင်းလွတ်ခွင့်ရမည် ဖြစ်ပါသည်။ အမှု၏ဆုံးဖြတ် ချက်မှာ အကြောင်းခြင်းရာအရ မည်သို့မည် ပုံ မှားယွင်းနေပါသည်၊ ဥပဒေချို့ ယွင်းချက်ကြောင့် ဤကဲ့သို့ ဆုံးဖြတ် ချက်ပေါ်ရသည် စသည်ဖြင့် ဝေဖန် နိုင်ကြပါသည်။ တရားသူကြီး အဂ တိလိုက်စား၍ လာဘ်စား၍ မှား ယွင်းစွာ စီရင်ဆုံးဖြတ်သည်ဟု ဝေ ဖန်ခြင်းမပြုနိုင်ပါ။ ထိုကဲ့သို့ စွပ်စွဲ လျှင် သဘောရိုးဖြင့် ဝေဖန်ခြင်း မဟုတ်၍ စွပ်စွဲချက်မှန်ကန်ကြောင်း တင်ပြရန်လိုမည် ဖြစ်ပါသည်။
ဆဌမကင်းလွတ်ချက်
လူအများက ဝေဖန်ချက်ပြုရန် စာရေးဆရာတစ်ဦးက တင်ပြသော အထင်အရှား ဆောင်ရွက်မှု၏ အရည်အသွေးနှင့် စပ်လျဉ်း၍သော် လည်းကောင်း၊ ထိုစာရေးဆရာ၏ အကျင့်စာရိတ္တသည် ထိုဆောင်ရွက် မှု၌ ထင်ပေါ်နေသည်အထိ ထိုစာ ရေးဆရာ၏ အကျင့်စာရိတ္တနှင့် စပ် လျဉ်း၍သော်လည်းကောင်း၊ တစ်ဦး တစ်ယောက်သောသူက မိမိ၏ ထင်မြင်ချက်ကို သဘောရိုးဖြင့် ဖော် ပြခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်ပါ။
စာရေးဆရာ အနုပညာသည် အပေါ် ဝေဖန်ခြင်း
သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်တို့တွင် ဝေဖန်ချက်များ ရေးသားရာတွင် အသရေဖျက်မှု မှ ကင်းလွတ်ခွင့် ရရှိပါသည်။ စာရေးဆရာတစ်ဦးသည် စာအုပ်တစ်အုပ် ထုတ်ဝေခြင်းဖြင့် ထိုစာအုပ်နှင့်ပတ်သက်၍ အများ ပြည်သူများ အနေဖြင့် ဝေဖန်ခွင့်ရှိ ပါသည်။ ဝေဖန်ချက်ဖိတ်ခေါ်ရာ ရောက်ပါသည်။ အများပြည်သူ အတွက် မဟုတ်ဘဲ အနည်းငယ်မျှ သော ပုဂ္ဂိုလ်အတွက်သာ ထုတ်ဝေ ပါက ဝေဖန်ချက်ပြုရန် အခွင့်အရေး ရှိနိုင်မည်မဟုတ်ပါ။ စာအုပ်ကို အများပြည်သူ ဖတ်ရှုရန် ထုတ်ဝေ ခြင်းသည် ဝေဖန်ချက်ပြုရန် အတိအလင်းဖိတ်ခေါ်ခြင်းမဟုတ် သော်လည်း သွယ်ဝိုက်၍ ဖိတ်ခေါ် ရာရောက်ပါသည်။ သို့ရာတွင် ဝေဖန်ချက်သည် သဘောရိုးဖြင့် ဝေဖန်ခြင်းဖြစ်ရပါ မည်။ ဝေဖန်ချက်သည်စာအုပ်၏ အကြောင်းအရာ အရည်အသွေးနှင့် စပ်လျဉ်းရပါမည်။ စာရေးဆရာ၏ အရည်အချင်းနှင့် မပတ်သက်ရပါ။ ထို့အတူ စာရေးဆရာများ သာမက အနုပညာသည်များ၊ ပန်းချီ ဆရာ၊ ပန်းပုဆရာ၊ ဗိသုကာ၊ သတင်းစာဆရာ၊ ဆောင်းပါးရှင် သည်လည်းအလားတူပင်ဖြစ်ပါသည်။
သတ္တမကင်းလွတ်ချက်
ဥပဒေအရဖြစ်စေ၊ ဥပဒေနှင့် အညီပြုလုပ်သော ပဋိညာဉ်အရဖြစ် စေ၊ တစ်ဦးတစ်ယောက်သောသူအ ပေါ်၌ အခွင့်အာဏာရှိသူက ထို အခွင့်အာဏာနှင့် သက်ဆိုင်သော ထိုတစ်ဦးတစ်ယောက်သောသူ၏ အပြုအမူကို သဘောရိုးဖြင့် အပြစ် ဆိုခြင်းသည် အသရေဖျက်မှုဖြစ် သည်မမည်ပါ။
အခွင့်အာဏာရှိသူ၏ ဝေဖန်ချက်
အခွင့်အာဏာရှိသူက ယင်းအ ခွင့်အာဏာနှင့် သက်ဆိုင်သော ကိစ္စသည် သဘောရိုးဖြင့် စွပ် စွဲခြင်း၊ အပြစ်ဆိုခြင်း၊ ဝေဖန်ခြင်း တို့သည် အသရေဖျက်မှုမှ ကင်း လွတ်ခွင့်ရပါသည်။ တရားသူကြီး သည် အမှုသည်နှင့် သက်သေတို့ အပေါ် အခွင့်အာဏာရှိသူ ဖြစ်ပါ သည်။ ဌာနအကြီးအကဲနှင့် လက် အောက်ခံအရာထမ်း၊ အမှုထမ်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ မိဘ နှင့် သားသမီး၊ ဆရာနှင့်တပည့်၊ ဘာသာရေးခေါင်းဆောင်နှင့် နောက် လိုက်တို့မှာလည်း အခွင့်အာဏာရှိ သူနှင့် လက်အောက်ခံများ ဖြစ်ကြ ပါသည်။ သို့ရာတွင် အလုပ်ကိစ္စနှင့် ပတ် သက်၍ ဝေဖန်အပြစ်တင်နိုင်ပါ သည်။ မသက်ဆိုင်သည့် ကိုယ် ရေးကိုယ်တာ ကိစ္စအတွက် အပြစ် တင်ခြင်း မပြုနိုင်ပါ။ ဝေဖန်ပြစ်တင် ရာတွင်လည်း သဘောရိုးဖြင့် ပြု လုပ်ခြင်း ဖြစ်ရပါမည်။
အဌမကင်းလွတ်ချက်
စွပ်စွဲသည့် အကြောင်းအရာ နှင့် စပ်လျဉ်း၍ တစ်ဦးတစ်ယောက် သော သူအပေါ်၌ ဥပဒေနှင့်အညီ အခွင့်အာဏာရှိသောသူအားတစ်ဦး တစ်ယောက်အကြောင်းကို သဘော ရိုးဖြင့် ပြောဆိုစွပ်စွဲခြင်းသည် အသရေဖျက်မှုဖြစ်သည် မမည်ပါ။
နစ်နာသူက တိုင်တန်းစွပ်စွဲခြင်း
တရားမျှတမှု ဖြစ်ထွန်းရန် အလို့ငှာ အာဏာပိုင်ထံ သဘော ရိုးဖြင့် စွပ်စွဲတိုင်တန်းခြင်းကို အသ ရေဖျက်မှုမှ ကင်းလွတ်ခွင့် ပြုထား ပါသည်။ အာဏာပိုင်ဟု ဆိုရာတွင် အခွင့်အာဏာ သုံးစွဲသူများလည်း ပါဝင်ပါသည်။ ကင်းလွတ်ခွင့် ရရှိရန်မှာ တိုင် တန်းခံရသူမှာ အခွင့်အာဏာ ရှိသူ ဟုတ် မဟုတ်၊ တိုင်တန်းချက်သည် စွပ်စွဲချက် မြောက် မမြောက်၊ သဘောရိုးဖြင့် ပြောဆိုစွပ်စွဲခြင်း ဖြစ် ပါသလားဆိုသော အချက်အလက် များနှင့် ပြည့်စုံရန် လိုအပ်ပါသည်။ စပါးကုန်သည်များက ရုံပိုင် သည် မီးသွေး ကုန်သည်များကို ဦး စားပေးနေပါသည်ဟု အထောက် အထားဖြင့် တိုင်တန်းသည်။ မီး ရထားဌာနက စုံစမ်းရာ တိုင်ချက် မမှန်ကန်ကြောင်း တွေ့ရသဖြင့် ရုံ ပိုင်က တိုင်တန်းသူကို အသရေ ဖျက်မှုဖြင့် တရားစွဲခဲ့သည်။ တိုင် တန်းစဉ်က မသမာစိတ် မရှိသည့် အပြင် တိုင်တန်းချက်သည် မှန်ကန် သည်ဟု ယူဆရန် အကြောင်းရှိ သဖြင့် ပြစ်မှုမမြောက်ဟု ဆုံးဖြတ် ခဲ့ပါသည်။ (အောက်မြန်မာပြည်စီ ရင်ထုံး၊ အတွဲ-၈၊ စာ-၄၄ဝ ပူးနား နှင့် အစိုးရ) တိုင်တန်းချက်သည် သဘော ရိုးဖြင့် ပြုလုပ်ကြောင်း မပေါ်လွင်ပါ က ကင်းလွတ်ခွင့်ရမည် မဟုတ်ပါ။ (၁၉၅၉၊ မတစ၊ စာ-၂၉၇ လွှတ် တော်၊ ဒေါ်ရီနှင့် ဦးစစ်ကူး ခေါ် တန်ကြည်စု)
နဝမကင်းလွတ်ခွင့်
အခြားသူတစ်ယောက်၏ အကျင့်စာရိတ္တကို ထိခိုက်အောင် စွပ်စွဲရာ၌ စွပ်စွဲသူက သဘောရိုးဖြင့် မိမိ၏အကျိုးကိုသော်လည်းကောင်း၊ သူတစ်ပါး၏ အကျိုးကိုသော်လည်း ကောင်း ကာကွယ်စောင့်ရှောက်ရန် စွပ်စွဲခြင်းသည် သို့တည်းမဟုတ် အများပြည်သူ၏ အကျိုးအတွက် စွပ်စွဲခြင်းသည် အသရေဖျက်မှု ဖြစ် သည်မမည်ပါ။
အကျိုးကို ကာကွယ်သည့် စွပ်စွဲချက်
သတင်းစာဆရာသည် အများ အကျိုးကို ကာကွယ်ရာ၌ အရေး ကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိ သော်လည်း သတင်းစာဆရာတို့၏ စွပ်စွဲချက်သည် တိုင်းပြည်နှင့်အဝှမ်း သိရှိနိုင်မည့်အလျောက် မသမာ သော စိတ်ဖြင့် စွပ်စွဲပါက စွပ်စွဲခံ ရသူအဖို့ များစွာ နစ်နာဖွယ်ရာ အကြောင်း ရှိပေသည်။ သို့ဖြစ်၍ သတိတရားထား၍ သဘောရိုးဖြင့် ပြုရန်လိုပေသည်။ သတင်းစာဆရာ သည် အသရေဖျက်မှုမှ ကင်းလွတ် ချက်ကို ရယူလိုပါက သဘောရိုးဖြင့် လူတစ်ဦး၏ အကျိုးအတွက် သော် လည်းကောင်း၊ အများပြည်သူ၏ အကျိုးအတွက်သော်လည်းကောင်း စွပ်စွဲခြင်းဖြစ်သည်ဟု တင်ပြရန် လို ပါသည်။ (၁၉၅၄၊ မြန်မာပြည်စီရင် ထုံး၊ စာ-၇၆ လွှတ်တော်ချုပ်၊ အောက်မြန် မာပြည်စီရင်ထုံး၊ အတွဲ-၈၊ စာ-၁၆ စီအာနိုက်နှင့် အစိုးရ) သဘောရိုးဖြင့် စွပ်စွဲခြင်းမှာ မှန် ကန်သော အကြောင်းအရာအပေါ် အခြေခံရမည်ဖြစ်သည်။ မစူးစမ်း မဆင်ခြင်ဘဲ အရမ်းကာရော စွပ်စွဲ ခြင်းသည် သဘောရိုးဖြင့် ပြုသည် ဟု ဆိုနိုင်မည်မဟုတ်ပါ။ (၁၉၆၅၊ မတစ၊ စာ-၁၁၂၆ ဦးဘတင်နှင့် ဦးစိန်ချော) သတင်းစာဆရာတို့၏ အခွင့် အရေးမှာလည်း အခြားပုဂ္ဂိုလ်တို့၏ အခွင့်အရေးအတိုင်းပင် ဖြစ်ပါသည်။ အမှန်ဆိုလျှင် သတင်းစာဆရာတစ် ဦး၏ ရေးသားဝေဖန်ချက်သည် သာမန်ပုဂ္ဂိုလ် တစ်ဦး ၏ ရေးသား ဝေဖန်ချက်ထက် ပိုမိုခရီးရောက် သဖြင့် ချင့်ချင့်ချိန်ချိန် ဝေဖန်ရေး သားရန် လိုအပ်ပါသည်။ (၁၉၅၄၊ မတစ၊ စာ-၇၆ လွှတ်တော်ချုပ်၊ ဦးလောယုံနှင့် ဦးလှမောင်၊ အောက်မြန်မာစီရင်ထုံး၊ အတွဲ-၈ စီအာနိုးနှင့် အစိုးရ)
ဒသမကင်းလွတ်ချက်
အခြားသူ တစ်ဦးတစ်ယောက် အကြောင်းနှင့် စပ်လျဉ်း၍ တစ်ဦး တစ်ယောက်သောသူအား သတိ ပေးရာတွင် သတိပေးသူက သတိ ပေးခြင်းခံရသူ၏ အကျိုးအတွက် သော်လည်းကောင်း၊ အများပြည် သူ၏ အကျိုးအတွက်သော်လည်း ကောင်း ရည်ရွယ်၍ သဘောရိုးဖြင့် သတိပေးခြင်းဖြစ်လျှင် အသရေ ဖျက်မှုဖြစ်သည် မမည်ပါ။
သဘောရိုး
လိုသည်ထက်ပို၍ သတင်းဖြန့် ဝေခြင်း၊ ကြမ်းတမ်းသော အသုံးကို သုံးစွဲ၍ သတိပေးခြင်း ပြုလုပ်လျှင် သဘောရိုးဖြင့် ပြုသည်ဟု ဆိုနိုင် မည် မဟုတ်ပါ။ လူမှုရေး နယ်ပယ်တွင် လူတစ် ဦးနှင့်တစ်ဦး ဆက်ဆံကြ၊ ပြောကြ ဆိုကြ ရေးသားကြရာတွင် အကောင်းအဆိုး၊ ဝေဖန်ချက်များ၊ ထင်မြင်ချက်များ၊ ကောက်ချက်ချ မှုများသည် မလွဲမသွေ ပါဝင်နေ မည်မှာ မုချပင်ဖြစ်ပါသည်။ စာနယ်ဇင်းများ အသရေဖျက် မှုဖြင့် အရေးယူခံရခြင်းများ မဖြစ်ကြ စေရန် အသရေဖျက်မှု ကင်းလွတ် ချက်များသည် ဥပဒေက ပေးအပ် ထားသော အကာအကွယ်များပင် ဖြစ်ပါသည်။ အသရေဖျက်မှု မဖြစ်စေရန် မည်သို့ ရေးသားကြမည်နည်း။ ဥပဒေက ပေးထားသော ကင်းလွတ်ချက် များကို အကာအကွယ်ပြု၍ မှန်ကန်ရိုးသားဖြောင့်မတ်သော စေ တနာစိတ်ထားဖြင့် အပြုသဘောကို ဦးတည်ရေးသားကြရန် လိုအပ်မည် ဟု ယူဆမိပါသည်။
ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ)
Myanmar Express
1 comments:
Very nice and very true Cartoon. BRAVO !
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်