Subscribe to our RSS Feed

ရွှေတိဂုံ စက်လှေကား အသစ်လဲမည်

From : ပေါ်ပြုလာ


(ရန်ကုန်၊ ဇန်နဝါရီ ၃ဝ)


လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော် ကတည်းက တပ်ဆင် ထားခဲ့သော အနောက်ဘက် စောင်းတန်းမှ စက်လှေကား များကို အသစ် ပြောင်းလဲ တပ်ဆင်တော့ မည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
စုစုပေါင်း စက်လှေကား ခြောက်စင်း တပ်ဆင်မည် ဖြစ်ပြီး ကန် ဒေါ်လာ ၅၂၅ဝဝဝ ကုန်ကျမည် ဖြစ်ကြောင်း တင်ဒါ တင်သွင်းသည့် ကုမ္ပဏီလေးခု အနက်မှ ELEVATORS ကုမ္ပဏီမှ တင်သွင်း သော စက်လှေကား များကို တပ်ဆင်သွားမည် ဖြစ်ကြောင်း ၄င်းထံ မှ သိရသည်။
စက်လှေကား တပ်ဆင်ရန် အတွက် အနည်းဆုံး အချိန် တစ်နှစ်ခန့် ယူရဦးမည်ဖြစ်ပြီး လက်ရှိ အသုံးပြုနေသော စက်လှေကားများ ကို တတ်နိုင်သမျှ အန္တရာယ် ကင်းကင်းဖြင့် အသုံးပြုနေခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
စက်လှေကား တပ်ဆင်ရန် ထုတ်လုပ်သည့် ကာလ ခုနစ်လ၊ တင်သွင်းသည့် ကာလ တစ်လနှင့် တပ်ဆင်ချိန်ကာလ လေးလခန့်ကြာ မြင့် မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စက်လှေကားများ ကို နံနက် ၇ နာရီမှ ၁၂ နာရီ အထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအထိ တစ်ကြိမ် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
လက်ရှိ တပ်ဆင်ထားသော စက်လှေကား များသည် ၁၉၉ဝ ခုနှစ် ကတည်းက တပ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မေဇင်ဝင်း


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်