Subscribe to our RSS Feed

ကောင်းကင်နှင့် မြေအောက်ရထားလမ်းဖောက်ရန် ပြည်ပ ၄ နိုင်ငံကမ်းလှမ်း


From : ခေတ်လူငယ်

နိုင်ငံ၌ မြေအောက်ရထားလမ်းနှင့် ကောင်းကင်ရထားလမ်း ဖောက်လုပ်ရန် ပြည်ပနိုင်ငံအချို့မှ ကမ်းလှမ်းမှုများ ရှိနေရာ ၄င်းတို့သာ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်လိုပါက ခွင့်ပြုပေးသွားမည်ဟု နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ “နိုင်ငံမှာ ဒီလိုတွေ လုပ်ကိုင်ချင်တယ်ဆိုပြီး ကမ်းလှမ်းမှုတွေက ရှိနေတယ်။ ကျွန်တော်တို့က လာလုပ်ပါ၊ လာလုပ်ရင် ရာနှုန်းပြည့် လုပ်ရမယ်၊ ကျွန်တော်တို့က ငွေမစိုက်နိုင်ဘူး” ဟု ၄င်းက ဆိုသည်။ မြေအောက်ရထားလမ်းများ၊ ရန်ကုန်မြို့တွင်း ကောင်းကင်ရထားလမ်းများအား ပြည်ပနိုင်ငံများမှ B.O.T စနစ်ဖြင့် လာရောက် ဆောင်ရွက်မည်ဆိုပါက ၄င်းတို့နှစ်ပြည့်သွားလျှင် နိုင်ငံကသာ ဆက်လက်တာဝန်ယူ လုပ်ဆောင်သွားရမည် ဖြစ်သဖြင့် မရှုံးမရှိဘဲ အမြတ်သာကျန်မည်ဟု ၄င်းကဆက်လက်ပြောသည်။ အဆိုပါ မြေအောက်ရထားလမ်း၊ ကောင်းကင်ရထားလမ်းနှင့် အမြန်ရထားလမ်းတို့ လာရောက်ဖောက်လုပ်ရန် ကမ်းလှမ်းသည့် နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့ဖြစ်ပြီး B.O.T စနစ်အပေါ် ၄င်းတို့က ယနေ့အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။ ၄င်းတို့က ရန်ကုန်တွင် ကောင်းကင် ရထားလမ်း၊ ရန်ကုန်-နေပြည်တော် မြေအောက်ရထားလမ်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး ကျည်ဆန်ရထားလမ်း ဖောက်ရန် ကမ်းလှမ်းခဲ့ကြောင်း ၄င်းကပြောသည်။ မြေအောက်ကျည်ဆန်ရထားလမ်းနှင့် ကောင်းကင်ရထားလမ်းတို့ ဖောက်လုပ်ပါက ၁ ကီလိုမီတာလျှင် ကန်ဒေါ်လာ ၁၀ သန်းနီးပါးခန့် ကျသင့်မည်ဟု နိုင်ငံတကာ ဈေးနှုန်းများအရ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

သတင်းကောင်းတခုပါပဲ ။ လာရောက်ကမ်းလှမ်းတဲ့ နိုင်ငံတွေအနက် ဂျပန် နဲ. တောင်ကိုရီးယား နိုင်ငံတို.ကို ပိုကြိုက်ပါတယ် ။ ဒီနေရာမှာ သတိထားဖို.တခုက မြန်မာပြည် ရာသီဥတုကို ထည့်စဉ်းစားရမယ် ။ အနောက်နိုင်ငံနဲ.ဂျပန် ၊ ကိုးရီးယားတို.လို. အေးတဲ့ နိုင်ငံတွေမှာတောင် နွေရာသီ ၂၀ စင်တီဂရိတ်လောက်ဆို မြေအောက်ရထားထဲမှာ အရမ်းပူအိုက်နေပါပြီ ။ အဲကွန်းတပ်ဖို.လိုပါတယ် ။ အင်္ဂလန်နိုင်ငံ မြေအောက်ရထားတွေမှာ အဲကွန်းမရှိပါဘူး ။ အခုအပူချိန် တဖြည်းဖြည်း တက်လာတဲ့ နွေရာသီတွေမှာ ခရီးသည်တွေ တော်တော် ဒုက္ခရောက်တဲ့အတွက် အခုဆို အဲကွန်းတပ်နိုင်အောင် အစီအစဉ်လုပ်နေကြပါပြီ ။ မြန်မာပြည်လို ပူအိုက်တဲ့ နိုင်ငံမှာ ဒီအပူဒဏ်ကို ထည့်စဉ်းစားစေချင်ပါတယ် ။ မြေပေါ်သွားတဲ့ အဲကွန်းဘတ်စ်တွေမှာတောင် တကယ်ပူရင် အဲကွန်းမနိုင်ပါဘူး ။ တချို.ဆို တကယ်လဲ အဲကွန်းမဖွင့်ပါဘူး ။ ဒါမျိုးတွေ တော့ မဖြစ်စေချင်ပါဘူး ။ ထိုက်သင့်တဲ့ငွေယူရင် ထိုက်သင့်တဲ့ ဝန်ဆောင်မှု.တော့ ပေးကြရမယ် ။ ဒီအစဉ်အစီအကောင်အထည်ဖော်နိုင်ရင်တော့ လူနေမှု.အဆင့်နည်းနည်း ကောင်းလာမှာပါ ။ စီးတဲ့လူတွေအနေနဲ.ဖျက်လိုဖျက်ဆီး စည်းကမ်းမမဲ့ရင် ၊ လက်ဆော့ဖျက်ဆီးခြင်းမပြုရင် ပေါ့ ။

SV

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်