From : ခေတ်လူငယ်
ပြည်ပကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မီဒီယာတွေ့ဆုံပွဲက သိရပါတယ်။ ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံသား ခံယူပြီးသား ဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိ မြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။ ပြည်ပရောက်မြန်မာတွေအနေနဲ့ တရားဝင်နိုင်ငံသား ပြန်လည်ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တွေ့ဆုံပွဲမှာ ပြောပါတယ်။ နိုင်ငံသားခံယူခွင့် လျှောက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ပြီး မြန်မာသံရုံးက လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ သဘောထားမှတ်ချက် တောင်းမှာဖြစ်ပါတယ်။ နိုင်ငံသားခံယူခွင့် လျှောက်သူဟာ မြန်မာနိုင်ငံမှာ နေသွားတာမှန်ကန်ပြီး မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင် ပြန်လက်ခံပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား မိဘနှစ်ပါးကမွေးတဲ့ နိုင်ငံသားတွေက မွေးရာပါနိုင်ငံသားတွေဖြစ်လို့ နိုင်ငံသား စိစစ်ရေးကတ် ရမှာဖြစ်တယ်။ ဥပဒေအရဖြစ်တဲ့ နိုင်ငံသားတွေက ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကတ်တွေ ရမှာဖြစ်တယ်။ ပြည်တွင်းမှာ အခွန်ဆောင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ အက်ဖ်အာရ်စီနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်း မပြည့်စုံသေးသူတွေကို ယာယီနိုင်ငံသား ကတ်တွေ ထုတ်ပေးနေပါတယ်။ နိုင်ငံသားခံယူခွင့်အတွက် ဗဟိုအဖွဲ့တွေဆီ လျှောက်ထားနိုင်ပြီး အထောက်အထား ပြည့်စုံ၊ ဥပဒေနဲ့ညီရင် နိုင်ငံသား ခံယူခွင့်ပြုတယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

1 comments:
အဲသလိုဝတ်စားဆင်ယင်စောက်ရှက်မရှိတဲ့ မိန်းမတွေက ဟိုမရောက်ဒီမရောက်တိုင်းပြည်တွေရောက်နေတဲ့ မိန်းမတွေပဲ
သိက္ခာကျတယ်ဟေ့၊ အဆင့်ရှိတဲ့တိုင်းပြည်တွေ အထူးသဖြင့် နိုင်ငံကြီးတွေမှာ ရောက်နေတဲ့ မိန်းမတွေက ကိုယ့်ရိုးရာယဉ်ကျေးမှုကိုထိမ်းသိမ်းတယ်
မူးရူးပြီးပျက်စီးနေဖို့လည်း အချိန်မရှိဘူး အချိန်မပေးဘူး
ဘ၀အတွက် ရုန်းကန်နေကြရတာများတယ် မိဘလုပ်စာလည်းထိုင်မစားနိုင်တော့ ကိုယ်ရသမျှငွေကိုလည်းတန်ဘိုးထားတယ်
ဖဘမှာမြင်ရတာတွေက မြင်မကောင်းတော့ဘူး
မ၀တ်ဖူးမစားဖူးတာတွေနဲ့ ဟုတ်လှပြီထင်နေကြတယ်
မြန်မာပြည်က မသိနားမလည်တဲ့ မိန်းမတွေကို ထိုင်း၊ စင်္ကာပူ ကမိန်းမတွေလို ဖာသာသာဝတ်စားဆင်ယင်ပုံမျိုးဖြစ်မလာအောင် စာတွေရေးဖို့ အားကိုးပါတယ်အကိုတို့ခဗျား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်