From : ခေတ်လူငယ်
လာမယ့် ဧပြီ ၁၄ ရက်နေ့ကျင်းပဖို့ရှိတဲ့ အီးယူအစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချက်သုံးချက်ပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရတယ်။ ထိုင်းနိုင်ငံမှ ယူကေသံတမန်အရာရှိ တစ်ဦးက “ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဟိတ်ဂ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အပြုသဘောဆောင်တဲ့ အချက်တွေ တွေ့ရတယ်၊ မြန်မာနိုင်ငံရဲ့ ထိလွယ်ရှလွယ်ဖြစ်တဲ့ ခုလိုအချိန်မှာ အချက်သုံးချက်ပေါ်မူတည်ပြီး ဧပြီ ၁၄ ရက် အီးယူအစည်းအဝေးက ဆုံးဖြတ်မယ်” လို့ ပြောပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တိုင်းတာမယ့် အချက်သုံးချက်က လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့၊ ယုံကြည်ချက် အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းဖို့ စတာတွေ ဖြစ်တယ်။ ယူကေသံတမန်က နိုင်ငံတကာက လူတစ်ဦးချင်း ပြောင်းလဲတာထက် အဖွဲ့အစည်းလိုက်ပြောင်းလဲတာကို လိုချင်တယ်။ “နိုင်ငံတကာက တိုင်းတာတဲ့ အချက်သုံးချက်ပြည့်မီရင် မြန်မာနိုင်ငံအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပြီး ဒဏ်ခတ်မှု တွေလျော့ပါးလာမှာဖြစ်တယ်” လို့ ဆိုတယ်။ ဧပြီ ၁၄ ရက်နေ့မှာ ကျင်းပမယ့် အီးယူအစည်းအဝေးပွဲရဲ့ အဆုံးအဖြတ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ သက်ရောက်မှာဖြစ်တယ်။ အချက်သုံးချက်ပြည့်မီရင် မြန်မာနိုင်ငံမှာ ရှင်းနှီးမြှုပ်နှံဖို့ ပိတ်ပင်ထားတဲ့ ယူကေနဲ့ အနောက်နိုင်ငံမှ ကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက်လုပ်ကိုင်ခွင့်ရှိပြီး အင်အားကြီး နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်နိုင်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကို မိမိနိုင်ငံကပဲ လုပ်နိုင်ပြီး နိုင်ငံတကာက တိုက်တွန်းလို့ပဲရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်