ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံစာချုပ်ချုပ်ခဲ့တာ ဒီနေ့ဆိုရင် ၆၅ နှစ် တိတိ ပြည့်ခဲ့ပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒုတိယ ပင်လုံကတော့ လမ်းစ ပျောက်ကာ ဘယ်သွားရှာရမှန်းမသိဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက် ကစပြီး "ရင်ကြား စေ့ရေး" "ရင်ကြား စေ့ရေး" လို့ မနားတမ်းအော်ကာ ဒုတိယ ပင်လုံဆိုပြီး ဆူဆူညံညံအသံတွေ ထက်ခဲ့ပါတယ်။ ဘယ်နေရာသွားသွား ဒုတိယပင်လုံ ဆိုတဲ့ စာလုံးတွေကို အမြင်ချင်မှ အဆုံး မြင်တွေ့ခဲ့ရပါတယ်။
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဒုတိယ ပင်လုံ ဆိုတဲ့ ပရောဂျက် တစ်ခုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မယ် ဆိုပြီး မိန့်ခွန်းနဲ့ အစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ အခု တော့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒုတိယ ပင်လုံ ဆိုတဲ့ စကားကို အပြောမခံတော့သလို ဒုတိယ ပင်လုံကို ထောက်ခံတယ်ဆိုတဲ့လူတွေကလည်း နှုတ်ဆိတ်နေကြပြန်ပါတယ်။
ဒုတိယ ပင်လုံဆိုတာ ၂၀၁၀ ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး စီမံကိန်းနဲ့ ပထမဆုံး ဦးဆောင်ဖို့ ရွေးချယ်ခံရတာ ဖြစ်ပြီး လမ်းစ ပျောက်သွားတာကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်း ညံ့ဖျင်းမှု၊ လုပ်ရည်ကိုင်ရည် ဘာမှမရှိမှုကို သိသာစေတယ် လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေး အဖွဲ့ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုသာမက ပြည်ပ အတိုက်အခံ အဖွဲ့အစည်းများနဲ့ပါ စေ့စပ်ဆွေးနွေးမှုတွေ လုပ်နိုင်တာကို တွေ့နေရပါတယ်။
အခြား ဒုတိယ ပင်လုံနဲ့ ပတ်သက်ပြီး သတင်းများကတော့
Myanmar Express

3 comments:
ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ဆိုတာ ပါးစပ်က ပြောသ လောက်တော့ မလွယ် ကူပါ။ လွတ်လပ်ရေး နဲ့အတူ ပေါက်ဖွားလာတဲ့ ဒီမငြိမ်းချမ်းမှု တွေရဲ့ ဇစ်မြစ်ကို ပြန်လည် ဆန်းစစ်ဖို့ လိုပါပြီ။ ဆန်းစစ်ဖို့က အစိုးရရော သူတို့မှာရော တာဝန် ရှိပါ တယ်။ ကျွန်တော့ အမြင် ကတော့ မြန်မာ ပြည်သူ တွေ မငြိမ်းချမ်းဖို့ လွတ်လပ်ရေး လက်ဆောင် အနေနဲ့ ပေးခဲ့တဲ့ အရာလို့ ထင်ပါတယ်။ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းခဲ့တဲ့ အင်းဂလိပ် လုပ်ရပ်ရဲ့ မဆုံးနိုင်သေးတဲ့ ဆိုးမွေတစ်ခု လို့ ထင်ပါတယ်။ အင်းဂလိပ်တွေရဲ့ မြန်မာတို့အပေါ် ထားတဲ့ ယုတ်ပတ်မှုတွေကတော့ ဘယ်တော့မှ ကုန် နိုင်ဘွယ်မရှိ။
မတူလျှင်မတုပါနဲ့ ဒေါ်စုကြည်
မျိုးချစ်စိတ်ဆိုတာ ဟန်ရေးပြယုံနဲ့မရဘူးဆိုတာ
ခင်ဗျားသိထားပါ။
တန်လို့လား သူနဲ့ဒီနေရာနဲ့ဘာများအပ်ဆက်လဲ သွားရဲ့လုပ်ရဲတာကိုကမျက်နှာပြောင်ကျတာ သူအများဆုံးလုံးလိုရယင်
သူလင်အနောက်သားတွေနဲ့ ကုလားတွေပေါ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်