Subscribe to our RSS Feed

ပြည်သူ့လွှတ်တော် သတင်းလွှာ ထုတ်ဝေမည်


From : ခေတ်လူငယ်

စိစစ်ဖြတ်တောက်ခံနေရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးပြောဆိုမှုများနှင့် အဆိုတင်သွင်း မေးမြန်းမှုများကို ပြည်သူများ အပြည့်အဝ သိရှိနိုင်ရန် ပြည်သူ့လွှတ်တော် သတင်းလွှာ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်မောင်ရည်က ပြောကြားသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားခဲ့သော အဆိုများကို နိုင်ငံပိုင်သတင်းစာများတွင် ပြည့်စုံစွာ မပါရှိဘဲ စိစစ်ဖြတ်တောက်ခံရမှုကြောင့် နောက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက သတင်းလွှာထုတ်ဝေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။ ပြည်သူ့လွှတ်တော် သတင်းလွှာကို လွှတ်တော်ရုံး ပြန်ကြားရေးအဖွဲ့နှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီတို့မှ ပူးပေါင်းတာဝန်ယူ ထုတ်ဝေသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်