Subscribe to our RSS Feed

လာမည့်ဘတ်ဂျက်တွင် ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလီယံ ၁၉၀၀ ခန့် သုံးစွဲမည်


From : ခေတ်လူငယ်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းတွင် ကျပ်ငွေ ၁၈၇၇ ဒသမ ၇၁၃ ဘီလီယံ သုံးစွဲမည်ဖြစ်ကာ ယင်းသည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် လုံလောက်သော ကာကွယ်မှုပေးနိုင်မည့် တပ်မတော် တစ်ရပ်တည်ဆောက်ရန် အနည်းဆုံးလိုအပ်သော အသုံးပမာဏပင်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ကာကွယ်ရေး ၀န်ကြီးဌာနတွင် ဘဏ္ဍာငွေလျာထားသုံးစွဲရေးနှင့်ပတ်သက်၍ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ကာကွယ်ရေးဌာနကောင်စီ၏ အုပ်ချုပ်မှုအတည်ပြုချက်ဖြင့် လျာထားသုံးစွဲလျက်ရှိပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ဥပဒေအရ ထုတ်ပြန်ထားသော ဘဏ္ဍာရေးကျင့်စဉ်ကြီးငါးရပ်နှင့်အညီ လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ ဘဏ္ဍာငွေလျာထားတောင်းခံရာ၌ ကာကွယ်ရေးဝန်ကြီးဌာန သီးသန့်သုံးစွဲရန်သာမဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးတစ်နည်းအားဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အရေးအတွက် လျာထားတောင်းခံသည့် ဘဏ္ဍာငွေဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း ဘဏ္ဍာငွေအား နိုင်ငံတော်နှင့် တိုင်းရင်းသား လုပ်သားပြည်သူများအပေါ် တတ်နိုင်သမျှ ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် အနည်းဆုံးလိုအပ်ချက်ကိုသာ တောင်းခံထားခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

3 comments:

ရက်စွဲလေးများမှားနေလားလို့..ပြင်ပြီးရင် ဒီကွန့်မန့်ကို ဖျက်ပေးပါရန်...လေးစားစွာဖြင့်

သူဟာသူ မှားမှားကွာ မင်းနဲ.ဘာဆိုင်လဲ သိရင်ပြီးရော သူတောင်းစားများး လျှာကို ရှည်တယ် မှားထားဘဲ တခါတလေတော.သူ ဟာသူတော.များချင်မှားမှာပေါ....

ဖေဖော်ဝါရီ ၁၅ မရောက်သေးပဲရေးထားလို. မှားတယ်လို.ထောက်ပြတာပဲ ၊ ပြီးရင် ပြန်ဖျက်ပေးပါလို.လဲ ပြောထားတာပဲကို
ဘာ အကုသိုလ်များနေရတာတုန်း အမည်မရှိရဲ့ ။
သူများက အမှားကို ပြင်ဖို.ကြိုးစားတယ် ။ ဒုတိယအမည်မရှိက ရှောက်ရမ်းတယ် ။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်။
အကျိုးရှိတာ ဘာလုပ်ဖူးလဲလို. ။

SV

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်