Subscribe to our RSS Feed

ပြန်ပေးဆွဲခြင်း


From : ဆန်း သစ်

ကျွန်တော်စာနဲနဲရေးချင်ပါတယ် ပထမဆုံးစာထဲမှာပါမယ့် "ဗုဒ္ဒဘာသာ"ဆိုတဲ့စာလုံးကို အရင်တောင်းပန်ပါတယ်။ ကျွန်တော်တို့ဗုဒ္ဒဘာသာမှာ တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို သို့မဟုတ် လူထုကို အကြပ်ကိုင်နှိပ်စက် ခြိမ်းခြောက်ခြင်းကို အဓမ္မ၀ါဒအဖြစ်လက်ခံ ကြပါတယ် ။ ပြန်ပေးဆွဲခြင်း နိုင်လိုမင်းထက်ပြုမူခြင်း ကိုယ်ကျိုးအတွက်တစ်ပါးသူအား သို့မဟုတ် တစ်စုံတစ်ခုအား သိမ်းပိုက်ယူ ဆောင်ထားပြီး မိမိအကျိုးကိုရှာဖွေခြင်းဟာ အောက်တန်းနောက်တန်းကျလှတဲ့အဓမ္မ၀ါဒ သာလျှင်ဖြစ်ပါတယ်။

ဖြစ်စဉ်(၁) ကျွန်တော်အလုပ်လုပ်ရာရုံးမှ အကိုတစ်ယောက်ဟာ ဖုန်းတစ်လုံး(ဟန်းဆက်+ဆင်းကတ်) ကျပျောက်သွားပါတယ်။ သူသတိထားမိတဲ့အချိန်မှာဖုန်းဟာ လူတစ်ဦး လက်ထဲရောက်လို့နေပါတယ်။ သို့သော်ဖုန်းကိုတော့စက်ပိတ်ထားပါတယ်။ ဒီလိုနဲ့ ဖုန်းပျောက်သူအကိုကြီးမှာ တစ်ချိန်လုံး သူ့ဖုန်းကိုဆက်ဆက်ပြီး ဖုန်းပြန်ဖွင့်မယ့်အချိန်ကို စောင့်နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့တာပြီးဆုံးပြီး နောက်တစ်နေ့နံနက်ပိုင်းမှာ ပျောက်သွားသော ဖုန်းစက်ပြန်ဖွင့်ထားသဖြင့် သူပျော်ပြီး ဖုန်းဆက်လိုက်ပါတယ်။ တစ်ဖက်မှအမျိုးသားတစ်ဦး လာကိုင်ပါတယ်။ဖုန်းပိုင်ရှင်အကိုကြီးမှ မိမိဖုန်းပျောက်သွားပါသဖြင့် ပြန်ပေးဖို့တောင်ပန်ရှာပါတယ်။ ထိုဖုန်းမှာ မိမိကိုယ်ပိုင်ဖုန်း မဟုတ်ကြောင်း ၊ ရုံးမှ လုပ်ငန်းလိုအပ်ချက်အရ ထုတ်ပေးထားသောဖုန်းဖြစ်ကြောင်း ပြောဆိုတောင်းပန်ရှာ ပါတယ်။ သို့သော်လည်း တစ်ဖက်မှပြန်လိုချင်လျှင် အလကားမရနိုင်ကြောင်း ပြောဆိုသဖြင့် နောက်ဆုံးမှာ ငွေကျပ်၄၀၀၀၀(လေးသောင်းကျပ်) ပေးလျှင်ဖုန်းပြန်ပေးမည်ဟု ပြောသဖြင့် ထိုသူချိန်းဆိုသောနေရာသို့ သွားစောင့်နေခဲ့ပါတယ်။ သို့သော်လဲ ချိန်းထားသော အချိန်ထက် နှစ်နာရီလောက်ပိုစောင့်ပြီးသော်လည်း ဖုန်းပြန်ပေးသမားမှာရောက်မလာပဲ ဖုန်းကိုစက်ပိတ်ထားခဲ့ပါတယ်။ ယခုစာရေးနေချိန်ထိ ဖုန်းပြန်ရခြင်းမရှိသေးကြောင်းသိရပါတယ်။ ဒီနေရာမှာကျွန်တော်စဉ်းစားတာဟာ ကျွန်တော်တို့မြန်မာလူမျိုးတွေစိတ်ဓါတ် အဲ့လောက် အောက်ကျနောက်ကျဖြစ်နေပြီလား ဒီဖုန်းဟာ အချိန်တန်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပိတ်ခိုင်းလိုက်တဲ့အခါ သူလဲသုံးမရ မူလဖုန်းပိုင်ရှင်လဲ ငွေကုန်ကြေးကျများမယ့်အခြေအနေပါ။ ကျွန်တော်နိုင်ငံခြားတိုင်းပြည်တွေကိုမရောက်ဖူးပါဘူး သို့သော်လည်း လေ့လာမိသလောက်မှာ တိုးတက်ချမ်းသာနေပါတယ်ဆိုတဲ့နိုင်ငံတွေမှာ လူတွေစိတ်ဓါတ်ဟာ ခုလိုဖုန်းပြန်ပေး သမားလိုစိတ်ဓါတ်မျိုးမဟုတ်ပါဘူး။ မိမိပိုင်ပစ္စည်းမဟုတ်လျှင် မိမိနှင့် သက်ဆိုင်သော ပစ္စည်းမဟုတ်လျှင် ကိုင်ကြည့်ချင်လျှင်တောင် ခွင့်တောင်းတတ်ကြတယ်လို့ သိရပါတယ်။ ဖုန်းတစ်လုံးလမ်းမှာကျနေလျှင် ပိုင်ရှင်မှဆက်သွယ်တောင်းခံလာပါက ကောက်ရသူ ဟာပိုင်ရှင်ကို တိုက်ရိုက်သော်လည်ကောင်း ရဲစခန်းတစ်ခုခုမှတဆင့်သော်လည်းကောင်း ဆက်သွယ်ပြီး ပြန်ပေးတတ်တာကိုလည်း ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာတွေ့ဖူးပါတယ်။ တစ်ဆက်တည်း ကမ္ဘာပေါ်မှာဖုန်း(အရှင်)ဖြုတ်တပ်အလွယ်တကူလုပ်လို့ရပြီး ညနေပိတ်လျှင် ဖုန်းခွက်အိမ်ပြန်သယ်သွားရတဲ့ အများသုံးဖုန်းဆိုတာလဲ မြန်မာပြည်မှာပဲရှိပါတယ် ။ ထားတော့ ခုနကလို ကိုယ့်ကိုယ်ပိုင် ပစ္စည်းဥစ္စာမဟုတ်ပါပဲ သိမ်းယူထားပြီး ပိုင်ရှင်ကပြန်တောင်းတော့ အကြပ်ကိုင်ငွေညှစ်တဲ့စိတ်ဓါတ်တွေဟာ မြန်မာတွေ ဗုဒ္ဒဘာသာတွေနေတဲ့ နိုင်ငံမှာမရှိသင့် မဖြစ်သင့်တဲ့ကိစ္စတွေပါပဲ။ ဒီလိုကိစ္စတွေရှိနေသမျှဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ စိတ်ဓါတ်အဆင့်အတန်း အောက်ကျနောက်ကျဖြစ်နေဆဲလို့ သတ်မှတ်ရပါမယ်။

စိတ်ဓါတ် အဆင့်အတန်းတွေ အောက်ကျ နောက်ကျဖြစ်နေတဲ့ နိုင်ငံသားတွေရှိတဲ့နိုင်ငံဟာလည်း အောက်ကျနောက်ကျဖြစ်နေမှာပဲလို့ပြောချင်ပါတယ်။
ဖြစ်စဉ်(၂) ပြန်ပေးဆွဲတဲ့နေရာမှာ လူတစ်ဦးတစ်ယောက် ပစ္စည်းတစ်စုံတစ်ခုကို ပြန်ပေးဆွဲတတ်သလို လူတစ်စု သို့မဟုတ် လူထုတစ်ရပ်လုံး၏ လွတ်လပ်ခွင့်တန်းတူရည်တူခွင့်တွေကို မိမိအကျိုးတစ်စုံတရာအလို့ငှာ ထိန်ချန်ထားစေခြင်း ပိတ်ဆို့ဟန့်တားထား စေခြင်းဟာလဲအဓမ္မ၀ါဒပြန်ပေးဆွဲဝါဒဖြစ်ပါတယ်။ ကျွန်တော်ဒဲ့ပဲနာမည်တပ်ရေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်ကို ပြန်ပေးဆွဲခဲ့တာနှစ်နှစ်ဆယ်ကျော်ပါပြီ။ ပြန်လွှတ်ပေးသင့်ပြီလို့လဲ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုပဲငြင်းငြင်း စာသက်သေကြေငြာချက် သက်သေတွေက မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့ဖို့ မြန်မာအစိုးရကိုဝိုင်းဖယ်ထားဖို့ ကုလမှသည် အမျိုးမျိုးသောအဖွဲ့အစည်း၊ နိုင်ငံတွေကို တောင်းဆိုခဲ့ကြောင်းထင်ရှားပါတယ်။


Dear ..ဘာညာနဲ့ ပို့ထားတဲ့စာတွေ လဲအကုန်ဖမ်းမိထားပြီးဖြစ်ပါတယ်။ ဒါတွေဟာအတိတ်က ဖြစ်ရပ်တွေမှာသူမှားကိုယ်မှားမှားခဲ့ကြတာကိုလက်ခံနိုင်ပေမယ့် ယခု နှစ်ဖက် အပြောင်းအလဲတွေ လုပ်ဆောင်လာကြတဲ့အချိန်မှာ ထပ်မမှားဖို့ကိုတော့ တာဝန်ယူသင့်နေပြီ လို့ထင်ပါတယ်။ ယခင်ကအစိုးရပြောင်းလဲ မှုတွေရှိအောင် မိမိဖက်က လက်နက်သဖွယ်သုံးတာကို လက်ခံပေးနိုင်ပေမယ့် ယခု သိသာထင်ရှားတဲ့ ပြောင်းလဲမှု့တွေရှိလာတဲ့အခါမှာ အနိုင်ပိုင်းချင်စိတ် (ငွေကျပ်လေးသောင်းပေးတာကိုမယူပဲ ဆက်ပြန်ပေးဆွဲထားတဲ့ဖုန်းပြန်ပေးသမားလို)နဲ့ ပိတ်ဆို့မှု့တွေဖက်က ဆက်လက်ပြီး ရပ်တည်နေဦးမယ် ရွေးကောက်ပွဲအတွက် စိတ်ကြိုက်ဆက်လုပ်ချင်သမျှလုပ်ဖို့အရေးအတွက် ပိတ်ဆို့မှု့တွေနဲ့အကြပ်ကိုင် ဦးမယ်ဆိုရင် (ကျွန်တော်ရိုင်းသွားရင်ခွင့်လွတ်ပါ) အရမ်းအောက်တန်းကျနေမလားလို့ပါ။ ထိပ်တိုက်ရင်ဆိုင်ရေး စကားလုံးတွေ တွင်တွင်ကျယ်ကျယ်ပြောနိုင်ဖို့ ပိတ်ထားဆို့ထားလို့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုစည်းရုံးရလွယ်လို့ ပိတ်ဆို့အရေးယူတာကို ကာကွယ်ပြောဆို ထောက်ခံနေတာလို့ပဲ ကျွန်တော်ရိုးရိုးသားသား ထင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြန်လွတ်ခါစက ပြည်သူ လူထုနဲ့တွေ့ဆုံ တဲ့ပွဲတစ်ခုမှာထောင်ပြတဲ့ ကားချပ်ကြီးထဲက စာတွေဟာ ရင်ထဲက တကယ်လာတယ် ဆိုရင် မိမိအကျိုး မိမိအတ္တတစ်ခု ကိုပဲ မကြည့်ဘဲ စီးပွားရေးပိတ်ဆို့ခံရလို့ အတိဒုက္ခရောက်နေကြတဲ့ ဆင်းရဲသားပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီး စီးပွားရေးပိတ်ဆို့တာ ကိုပြန်ဖွင့်ပေးဖို့ တစ်ခွန်းတစ်လေလောက်ကို တောင်းဆိုသင့်ပါတယ်။ ပြည်သူတို့ရဲ့ လွတ်လပ်စွာ ကမ္ဘာ့နိုင်ငံများနည်းတူ စီးပွားရှာခွင့် ကြိုးစားပိုင်ခွင့်တွေကို မိမိပြန်ပေးဆွဲထားတာကို ပြန်လွတ်ပေးဖို့ အချိန်တန်ပါပြီလို့ တိုက်တွန်းချင်ပါတယ်။
သတ္တ၀ါအပေါင်း အဓမ္မ၀ါဒကင်းရှင်းကြပါစေ။

Myanmar Express

9 comments:

ပြောမနေပါနဲ့တော့ကွာ မြန်မာနိုင်ငံကို ဒီအတိုင်းသာလွှတ်ထားလိုက်တော့ ဘာလို့လဲဆိုရင် ဒီလူမျိုးလောက် အောက်တန်းကျပြီး အဆင့်မရှိတာ ဘယ်နိုင်ငံမှာမှမ၇ှိတော့ပါဘူး စောက်သုံးမကျတဲ့လူမျိုးတွေ စောက်သုံးမကျတဲ့ အစိုးရနဲ့ပဲတန်တယ်။ ဖာနိုင်ငံမဖြစ်သေးဘူး ဖာဇာတ်တွေခင်းနေကြပြီ ဒို့ကတော့ ဖာတွေများလာလေ ကောင်းလေပဲ.. ဒိထက်မက ဒီမိုတွေများလာရင်လဲကောင်းတာပဲ ဖာနိုင်ငံတော်ကြီးဖြစ်ပြီး နိုင်ငံတွေရဲ့အလယ်မှာ ဂုဏ်ယူကြပေါ့

ထောက်ခံပါတယ်

အင်းဟုတ်တာဘဲ သူပြောတာလဲ

ကြိုက်တယ်ဗျာ။ အထူးသဖြင့်.....'
လူထုတစ်ရပ်လုံး၏ လွတ်လပ်ခွင့်တန်းတူရည်တူခွင့်တွေကို မိမိအကျိုးတစ်စုံတရာအလို့ငှာ ထိန်ချန်ထားစေခြင်း ပိတ်ဆို့ဟန့်တားထား စေခြင်းဟာလဲအဓမ္မ၀ါဒပြန်ပေးဆွဲဝါဒဖြစ်ပါတယ်။ '
သိပ်ကောင်းတဲ့စကားပါ.... အဖွဲ့အစည်းတစ်ခုက နိုင်ငံသားတွေအပေါ်ဒီဝါဒကြီးကိုပေါ်တင်ပြောင်ပြောင်တင်းတင်းကျင့်သုံးခဲ့ပါတယ်။ တစ်နိုင်ငံလုံးလဲသိပါတယ်။သိကြောင်းလည်းပြခဲ့ကြပါတယ်။ ဒါပေမယ့် အရှက်မရှိကြဘူးဗျာ။ ဒါနဲ့ များ သူတို့ ကနိုင်ငံတော်အတွက် 'ကာကွယ်ရေး' လုပ်နေတာပါတဲ့။ အဟက်ဟက်

ရှင်းရှင်းနဲ့ စိတ်နာနာနဲ့ တစ်လုံးပဲ ပြောလိုက်ချင်တယ်ဗျာ.. "အဲ့ ဖာသည်မ စောက်ရူး..."

ထောက် ခံ ပါ တယ်

အဖွားကြီး မျက်လုံးတွေကိုကြည့်
ဒီအရွယ်ကြီး ဘာတွေ ဒီလောက်ကြည်နူးနေတာလဲဟ

'ကာကွယ်ရေး' လုပ်နေတာပါတဲ့။ အဟက်ဟက်
ဆိုပြီး အခြောက်လိုလိုရေးသွားတဲ့ နှစ်ခွသမားရေ
မင်းကကော ဒေါ်စု ချီးရှုနေရုံအပြင် နိုင်ငံတော်တွက် ဘာကောင်းကျိုးများ လုပ်ဖူးလို့လဲဟ

မင်းအဖေအရွယ် တပ်မတော်သားတွေ တောကြီးမျက်မည်းထဲ မှာ မင်းလို စောက်ရုး မတွေးဖူးတဲ့ စစ်ဆင်ရေးတွေထွက်ရတာ မင်းသိလို့လား....
ဘယ်ကောင်ထောင်သွားမှန်းမသိလိုက်တဲ့ ဗုံးတွေ နင်းရတာနဲ့
ရောဂါပေါင်းစုံနဲ့ အစားအသောက်က မမှန်နဲ့ မင်း အမေ ဒေါ်စုကြည်က
အိမ်မှာ အစောင့်အရှောက် နဲ့ အေးအေး နေရတာကွ
စစ်သားတွေက အဲ့လောက်တောင် ပေးဆပ်နေရတာကို အကောင်းမမြင်
ဒေါ်စုကြည်ရဲ့ လေ ထဲကတိုက် ကို သိပ်သဘောကျနေတယ်လား....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်