ရန်ကုန်၊ ဖေဖော်ဝါရီ ၂
မိုး/ဇလနှင့် ထိုင်းအခြေစိုက် အာရှဒေသ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာနတို့ ပူးပေါင်း ဆောင်ရွက်ဖြစ်မည် ဆိုပါက မြန်မာနိုင်ငံတွင်း မြေပြိုမှု သဘာဝဘေး အန္တရာယ် ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်မည်ဟု မိုးလေဝသပညာရှင် တစ်ဦးက ပြောသည်။ ပထမအဆင့်အနေဖြင့် ယင်းဌာနတို့ ပူးပေါင်း၍ အရှဒေသတွင်း မြေပြိုမှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက် ထုတ်ပြန် ရေး တတိယအကြိမ် အစည်း အဝေးကို ဇန်နဝါရီလ နောက်ဆုံး ပတ်က Chatrium ဟိုတယ်၌ ကျင်းပခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်း အောင်နှင့် တာဝန်ရှိသူများ၊ ထိုင်း အခြေစိုက် အာရှဒေသ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး (ADPC) မှ ပညာရှင်များ၊ ဘင်္ဂ လားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အင်ဒို နီးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိ လင်္ကာ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်း၊ နော်ဝေ စသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ”တောင်တွေပြိုတာ၊ မြေတွေ ပြိုတာ မိုးရွာသွန်းမှုနဲ့ ဆက်စပ်နေ တဲ့အတွက် ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင် အောင် ဆွေးနွေးတာ ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက်ကတော့ မြေပြိုမှုတွေ အတွက် ကြိုတင်သတိပေးနိုင်ဖို့ စတင် ခြေလှမ်းခြင်းဖြစ်ပါတယ်။ ADPC အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရင်တော့ ကြိုတင် သတိပေးနိုင်မှာပါ”ဟု အထက်ပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ မိုး လေဝသ ပညာရှင်တစ်ဦးက ပြောသည်။ မြေပြိုမှုများကို ကြိုတင် သတိ ပေးချက် ထုတ်ပြန်နိုင်ရန်အတွက် မိုးရေချိန်တိုင်း ကိရိယာများ လိုအပ် ကြောင်း၊ ၄င်းမိုးရေချိန်တိုင်း ကိရိ ယာသည် လူနှင့်တိုင်းတာ ဆောင် ရွက်ရခြင်း မဟုတ်ဘဲ သူ့ဘာသာ အလိုအလျောက် တိုင်းတာပြီး ဆက်သွယ်ထားသည့် မိုဘိုင်းတယ် လီဖုန်းသို့ အလိုအလျောက် သတိ ပေးသော ကိရိယာဖြစ်ကြောင်း၊ အဆိုပါ မိုးရေချိန်တိုင်း ကိရိယာ တစ်ခုကို ထိုင်းနိုင်ငံ အခြေစိုက် ဗီဏဃ အဖွဲ့မှ မိုး/ဇလသို့ အစည်း အဝေးနေ့က လက်ဆောင်ပေးခဲ့ ကြောင်း မိုးလေဝသ ပညာရှင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ”သူတို့က မိုးရေချိန်တိုင်း ကိရိ ယာတစ်ခု လက်ဆောင်ပေးသွား တယ်။ နောက်ပိုင်း ကိရိယာတွေ ရရှိမှုပေါ် မူတည်ပြီး တိုးချဲ့သွားဖို့ ရှိတာပေါ့။ ဒါက ကျွန်တော်တို့ အတွက်လည်း ဘာသာရပ် အသစ် တစ်ခုလို ဖြစ်နေတာကိုး။ ဒါကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီ အစဉ်ရှိပါတယ်။ အတိအကျတော့ မသိသေးဘူး” ဟု ၄င်းက ဆက်လက်ပြောသည်။ ၄င်းကပင် ဆက်လက်၍ လက်ဆောင်ရရှိထားသော မိုးရေချိန် တိုင်း ကိရိယာကို မည်သည့်နေရာ တွင် တပ်ဆင်ရမည်ကို မစဉ်းစားရ သေးကြောင်း၊ ထိုကိရိယာကို အခြား နိုင်ငံများ၌ တောတောင်များတွင် တပ်ဆင်ခြင်းဖြစ်သောကြောင့် လုံခြုံမှု ရှိရန်လိုအပ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်အတွင်း၌ မိုးရေချိန် ဆို သည်ထက် မိုးအား များသော ကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့ နှင့် ရှမ်းပြည်နယ်၊ ကလောမြို့ စသည့် တောင်ပေါ်ဒေသများတွင် မြေပြိုမှုများ ဖြစ်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြော သည်။
မင်းချစ်နိုင်
စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀
-
******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးေ...
8 years ago
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်