Subscribe to our RSS Feed

အပျိုစင်ဘ၀ကိုထိန်းသိမ်းလို့ Valentine Day ကိုဖြတ်သန်းစို့ (ပေးစာ - ၉၇)


Valentine Day ဆိုတာ ချစ်သူတွေရဲ့ အထိမ်းအမှတ် အပျော်ဆုံးနေ့တစ်နေ့ ဖြစ်ပါတယ်။ အပျော်အတွက် ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ဆုံးရှုံးမသွားစေချင်ဘူး....Valentine မှာ ကိုယ့်ရဲ့ ချစ်သူကို တန်ဖိုးအရှိဆုံးအရာတွေနဲ့ လက်ဆောင်ပေးချင်ကြတာ သဘာဝပါပဲ.... ဒါပေမယ့် ပေးမဲ့အရာကို အရွေးမမှားဖို့တော့ လိုအပ်ပါတယ်........ကိုယ့်ရဲ့ အပျိုစင်ဘ၀ကို ပေးလိုက်မိပြီဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားဖို့တော့ လိုမယ်နော်.....ဒီဟာပေးမှမဟုတ်ပါဘုး...တခြားကြည်နူးစရာ လက်ဆောင်တွေ အများကြီးရှိပါတယ်..........ပေးမယ်လို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင် ဒါတွေရော စဉ်းစားပြီးပြီလား.........

  •ံHIV/AIDS နှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ
  • မလိုလားအပ်သော ကိုယ်ဝန်ရနိုင်ခြင်းများ
  • ဘ၀ရဲ့ အမည်းစက်တစ်ခု ဖြစ်သွားမယ်
  • တစ်ခါပြီး နောက်တစ်ခါဆိုတာ လွယ်ကူသွားပြီ
  • စိတ်ဆင်းရဲစရာ ဆင်းရဲဒုက္ခတွေ (လူမှုရေး..ကျန်းမာရေး စတဲ့ ပြဿနာတွေထဲမှာ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ဘဲဘ၀ကို အဆုံးသတ်သွားနိုင်တယ်)
  • အခုလိုမျိုးလုပ်တာက မြန်မာ့ ယဉ်ကျေးမှုဓလေ့နဲ့ လုံးဝဆန့်ကျင်နေတယ် အရာတစ်ခုပါ.........

ဒါကြောင့် အပျိုစင်ဘ၀ကို ထိန်းသိမ်းပြီး Valentine Day ကိုဖြတ်သန်းလိုက်ရအောင်.........

Myanmar Express

4 comments:

လူငယ်တိုင်းဖတ်သင့်တဲ့ Post တစ်ခုပါဗျာ.. Myanmar Express Group ကို လေးစားပါတယ်.. Post ထဲက ဓာတ်ပုံက ကျနော့်ညီမ တစ်ယောက်ဖြစ်ပြီး ဓာတ်ပုံကလည်း မောင်နှမချင်းရိုက်ထားတဲ့ ပုံဖြစ်လို့ ဒီခေါင်းစဉ်အောက်မှာ မဖော်ပြပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်မျာ..။

လေးစားစွာဖြင့်

အရမ်းမှန်ပါတယ်။

မိန်းကလေးတွေအနေနဲ့ အပျိုစင်ဘ၀ကို တန်ဖိုးထားသင့်ပါတယ်။ ကျွန်မ ကိုယ်တိုင် မှားခဲ့မိတဲ့ အတွက် တန်ဖိုးမရှိတဲ့ မိန်းမတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီအမှားက တစ်သက်လုံး ပြန်ပြင်လို့ မရတဲ့အမှားပါ။ ကျွန်မမှားမှန်းသိတဲ့အချိန်မှာ အားလုံးလွန်သွားခဲ့ပါပြီ။ အခုတော့ ကျွန်မမှားခဲ့တဲ့အမှားအတွက် ကျွန်မဘ၀နဲ့ရင်းပြီးပေးဆပ်နေရ ပါပြီ။ ကျွန်မရဲ့ ပျော်ရွှင်မှုအားလုံးလည်း ပျောက်ဆုံးသွားခဲ့ရပါပြီ။ တခြား မိန်းကလေးတွေ ကျွန်မလို အဖြစ်မျိုးမဖြစ်အောင် ဆင်ခြင်ကြစေချင်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်