ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ပုသိမ် ရေနက်ဆိပ်ကမ်း တည်ဆောက်မှု အဆင်ပြေပါက ပုသိမ်၊ဝါးခယ်မနှင့် မအူပင် တို့တွင် စက်မှုဇုန်များ တည်ထောင် သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အတွက် မြေပြင် စမ်းသပ် တိုင်းတာရေးကို ထိုင်း PTT ကုမ္ပဏီအား ၂နှစ် လုပ်ခွင့်ပြုထားသည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောသည်။ ”အခုကတော့ လေ့လာ နေဆဲပါ။ စမ်းသပ် တိုင်းတာမှု နှစ်ပြည့်လို့ အားလုံး အဆင်ပြေပြီ ဆိုရင် ရေနက်ဆိပ်ကမ်းကို အထောက်အကူ ပြုပေးမယ့် စက်မှုဇုန် ဆိုတာ တည်မှာပဲ။ ဒီ့အတွက် တိုင်းဒေသကြီးထဲက ဒီ ၃ မြို့ကို လျာထားတယ်”ဟု ဦးအေးကျော်က ဆိုသည်။ ပုသိမ် ရေနက်ဆိပ်ကမ်း တည်ထောင်ပြီး စက်မှုဇုန်များ တည်ဆောက်မည် ဆိုပါက အချိန်ကာလ အနေဖြင့် ၁၅ နှစ် ယူရမည်ဖြစ်ကြောင်း အကောင်အထည် ဖော်ဖြစ် မဖော်ဖြစ်ဆိုသည်မှာ ယခု စမ်းသပ် တိုင်းတာမှု အပေါ်တွင်သာ အခြေခံကြောင်း ၄င်းက ဆက်လက်ပြောသည်။
ပုသိမ်၊ ဝဲဒေါင့်ဆိပ်ကမ်းနှင့် ပမ္မာဝတီဆိပ်ကမ်း တို့မှနေ၍ ပြည်ပသို့ ဆန်များ၊ ဆားများ တင်ပို့ နေပြီး နောက်ပိုင်း၌ ဒေသ ထွက်ကုန် ပစ္စည်းများ ဆက်တိုက် တင်ပို့ သွားနိုင်ရန် အတွက်ပါ ပြည်ပ နိုင်ငံများနှင့် ချိတ်ဆက် နေသည့် အတွက် ပုသိမ်၏ အနာဂတ် အလားအလာမှာ ပိုမို ဖွံ့ဖြိုး လာနိုင်သည်ဟု ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။ အခုက တိုးတက်နေ သလား ဆိုတော့ မတိုးတက် သေးပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါး လို့ပါ။ အများစုက လယ်ယာပဲ လုပ်နေ ကြရတယ်။ လူငယ် တော်တော်များများ ကလည်း ပြည်ပထွက်၊ ရန်ကုန်တက် ဒီလိုပဲဆိုတော့ ဒေသမှာသာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်ရင် ဘယ်သူက အပြင် ထွက်လုပ်ကြမှာလဲ။ ဒါပေမဲ့ တွက်ခြေ ကိုက်တဲ့ အနေအထားမျိုး အထိ လုပ်ခ လစာ ပေးနိုင်ရင်တော့ အ လားအလာ အခုထက် ပိုပြီးတော့ ကောင်းသွား နိုင်မယ်”ဟု ၄င်းက ထပ်လောင်း ပြောသည်။
စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀
-
******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးေ...
8 years ago
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်