စည်သူလွင်
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

တောင်သမန်အင်းတွင် မီးပုံးပျံများကို စိတ်ဝင်တစားကြည့်နေသော
လူငယ်လေးများအားတွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
ကမ္ဘာ့လှည့်မီးပုံပျံစီးအဖွဲ့သည် အခြားသော နိုင်ငံများထက် မြန်မာ နိုင်ငံ၏ သဘာဝရှုခင်းများ၊ မြန်မာလူမျိုးများ၏ ပျူငှာဖော်ရွေမှုများ ကြောင့် မြန်မာနိုင်ငံ၌ မီးပုံပျံစီးရသည်ကို အနှစ်သက်ဆုံးဖြစ်ကြောင်း မီးပုံးပျံစီးနင်းလိုက်ပါသူများ ထံမှ သိရသည်။
၎င်း မီးပုံးပျံစီးအဖွဲ့ကို ဆွစ်ဇာလန်နိုင်ငံသား Mr Peter Blaser က ဦးစီးကာ အဖွဲ့ဝင် ၃၀ ဦးပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ယခုအကြိမ် သည် ၁၄ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
"ကမ္ဘာပတ်ပြီး မီးပုံးပျံစီးတာကတော့ ၁၂ နှစ်ရှိပါပြီ။ မြန်မာနိုင်ငံမှာ လာစီးတာ ကတော့လေးနှစ်ပါ။ မြန်မာနိုင်ငံရဲ့ သဘာဝရှုခင်းတွေက အရမ်းကြည့်လို့ ကောင်းတယ်။ ဘယ်နိုင်ငံမှာမှ မရတဲ့ ကူညီမှုမျိုး ကိုလည်း မြန်မာနိုင်ငံမှာရတယ်။ မြန်မာနိုင်ငံသားတွေက အကူအညီ ပေးကြတယ်။ ဖော်ရွေတယ်။ ပစ္စည်းတွေကို ကူညီပြီး သယ်ပေးကြ တယ်။ တခြားနိုင်ငံတွေမှာဆိုရင် ကူညီ တဲ့သူမရှိဘူး။ နောက်နှစ်တွေလည်း လာပြီး စီးဖြစ်အုံးမှာပါ"ဟု မီးပုံးပျံစီးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံမှ Miss Vrsulina ကပြောသည်။
မီးပုံးပျံစီးအဖွဲ့သည် ရန်ကုန်မှ ဇန်န၀ါ ရီ ၂၉ ရက်နေ့မှ စတင်ထွက်ခွါပြီး ဇန်န၀ါ ရီ ၃၀၊ ၃၁ နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့များတွင် အင်းလေးကန်၊ ညောင်ရွှေနှင့် ရွှေညောင်ဒေသတစ်ဝိုက်မှာ စီးနင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ နှင့် ၄ ရက်တွင် မန္တလေးမြို့ရှိ တောင်သမန်အင်းနှင့် မန္တလေးမြို့တွင်းတစ်ဝိုက်၊ ဖေဖော်ဝါရီ ၅ နှင့် ၆ ရက်တွင် ပခုက္ကူမြို့နှင့် ဖေဖော်ဝါရီ ၇ ၊ ၈ နှင့် ၉ ရက်တို့တွင် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံဒေသတို့တွင် စီးနင်းခဲ့ကြောင်းသိရသည်။
"သူတို့တွေက မြန်မာနိုင်ငံမှာ မီးပုံးပျံ စီးရတာကို အရမ်းကြိုက်ကြပါတယ်။ တစ်နှစ်စီးဖူးသွားရင် နောက်နှစ်တွေမှာ လည်းလာပြီး စီးကြတယ်။ ပျံရင်လည်း သိပ်အမြင့်ကြီးတွေပျံတာကို မကြိုက်ကြဘူး။ ပေသုံးထောင်အောက်ကို ပျံတာပဲ ကြိုက်တယ်။ မြေပြင်က သူတွေနဲ့ လက်ပြနှုတ်ဆက်ပြီး ဖော်ရွေမှုတွေကို လိုချင်ကြတာ။ ရင်းနှီးမှုကို လိုချင်ကြတာလေ။မီးပုံးပျံ ခြောက်လုံး၊ အဖွဲ့ဝင် ၃၀ ပါတယ်။ လေထီးသမား နှစ်ယောက်လည်းပါတယ်။ ပေသုံးထောင်အမြင့်ကျော်ပြီး အခြေအနေကောင်းရင်ခုန်ဆင်းတယ်" ဟု မန္တလေးတွင် မီးပုံးပျံစီးအဖွဲ့ကို တာဝန်ယူဆောင်ရွက်သူ ဦးဇေမောင်သိန်းက ပြောသည်။
1 comments:
တောင်ကြီးသားဆိုတော့ လဲမီးပုံးပျံမြင်ရင်မနေနိုင်ဘူးဒါပေမဲ့ ကူညီတယ်လို့ ယူဆရင်တော့ တို့ လူမျိုးတွေအတွက်ဂုဏ်ယူစရာပေါ့ နော်အလကားခိုင်းလို့ ရတယ်ဆိုရင်တော့ သိပ်ပြီးအခြေနေမကောင်းတော့ ဘူးထင်တယ်နော့......။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်