Subscribe to our RSS Feed

မူဝါဒဟောင်းမှ သဘောထားများ ပြောင်းရန် နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် စည်ပင်ဝန်ထမ်းများအား ဆွေးနွေးပွဲကျင်းပ

From : ပေါ်ပြူလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ
ယခုလ ၁ဝ ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ၊ မြို့တော် ခန်းမရှိ ခန်းမကြီး၌ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးကိုကို လှိုင်က စည်ပင်သာယာ အမှု ထမ်း၊ အရာထမ်းများအား ”ကောင်းမွန်သည့် အဖွဲ့အစည်း အနေနဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ” ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်း ပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၄င်းက ပြောင်းလဲလာသည့် ခေတ်စနစ်တွင် အစိုးရ၊ အစိုးရဝန်ထမ်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး မူဝါဒဟောင်းမှ သဘာထားများ ပြောင်း လဲ ရန် ဆွေးနွေးဟောပြောခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတိုင်း မြို့တော်ဝန် ဦးလှမြင့်က ကျေးဇူးတင်စကား ပြန် လည် ပြောကြားခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်