Subscribe to our RSS Feed

ကုလသမဂ္ဂ ထိပ်တန်းအရာရှိကြီးများပါဝင်သော နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်


From : ခေတ်လူငယ်

ကုလသမဂ္ဂမှ ထိပ်တန်းအရာရှိများစွာပါဝင်သော စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲကြီးတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်ရှိ MICC (Myanmar International Convention Center) တွင် ကျင်းပသွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးမှ သိရသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲအတွက် UN မှ တာဝန်ရှိသူများက ပြည်တွင်းရှိ အဝေးပြေးကားဝန်ဆောင်မှု လုပ်ငန်းစုကြီးများထံတွင် အဆင့်မြင့်ကားကြီးများ လိုက်လံငှားရမ်းမှုများ ရှိခဲ့သည်ဟု သိရသည်။ “ဖေဖော်ဝါရီလ ၁၂ ရက်အတွက် ကားကြီးတွေ လာပြီးငှားနေတယ်။ အသက် အာမခံကိစ္စတွေရော၊ အာမခံမျိုးစုံအတွက်ပါ စုံစမ်းကြတာ” ဟု JJ Express မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “လာမည့် ၁၃ ရက်က နေ ၁၆ ရက်အထိ အလုပ်ရုံဆွေးနွေးပွဲကြီး တစ်ခုရှိတယ်။ နေပြည်တော် MICC မှာ လုပ်မှာ။ UN က အရာရှိကြီး တွေလာကြမယ်” ဟု UN ၏ အရာရှိတစ်ဦးဖြစ်ခဲ့ဖူးသူ ပါမောက္ခ ဒေါက်တာတင်မြင့်ဦးက ပြောကြားသည်။ “ဘန်ကီမွန်း ပါ မပါတော့ မသိဘူး။ UN ရဲ့ အကြီးအကဲတွေ ပါလာမယ်လို့ပြောတယ်။ စာတမ်းဖတ်ပွဲက သုံးရက်၊ အလုပ်ရုံဆွေးနွေးပွဲက တစ်ရက်ကြာမယ်။ မြန်မာနိုင်ငံဘက်က အစိုးရဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ နိုင်ငံရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေပါ လာမယ်။ ဆရာကိုယ်တိုင်လည်း Workshop တစ်ခုကို ဦးဆောင်ပြီး လုပ်ပေးရဦးမယ်” ဟု UN ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထာပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်