Subscribe to our RSS Feed

ကျပ်သုံးသိန်းအောက် GSM ဖုန်း ဓာတ်ပုံများပါ ပို့နိုင်မည်



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုတို့ ပူးပေါင်းကာ
လာမည့် မတ်လတွင် ထုတ်လုပ်ရောင်းချမည့် ကျပ်သုံးသိန်းအောက် GSM
ဖုန်းများတွင် ဓာတ်ပုံများ ပို့ခြင်း၊ အသံများပို့ခြင်း၊ ဗီဒီယိုဖြင့်
အပြန်အလှန် စကားပြောခြင်းစသည့် စနစ်များ ပါဝင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး
ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်က ပြောကြားသည်။
ယင်းစနစ်ကို MMS (Multimedia Messaging Service) ဟု ခေါ်ပြီး
နိုင်ငံတကာတွင် အသုံးပြုနေပြီဖြစ်ရာ ယခု တန်ဖိုးနည်း
ဖုန်းများရောင်းချပြီး ခြောက်လကြာအတွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။ ယင်းစနစ် အသုံးပြုနိုင်ရန် လတ်တလော အချက်အလက်များ
လွှဲပြောင်းပေးနေသည့် Microwave စနစ်ဖြင့် မလုံလောက်သဖြင့်
ဖိုက်ဘာကေဘယ်လ်ဖြင့် ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဖိုက်ဘာဆက်ကြောင်း ဆိုင်ရာ အဝေးဆက်သွယ်ရေး
ဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ “ဓာတ်ပုံတွေပါ
ပို့လို့ရမယ် ဆိုတော့ ကောင်းတာပေါ့။ အချင်းချင်း ဆက်သွယ်ရတာ
ပိုအဆင်ပြေတာပေါ့” ဟု Mobile Developer သင်တန်း တက်ရောက်နေသူ တစ်ဦးက
ပြောဆိုသည်။

Myanmar Express

1 comments:

ဈေးနူန်း ကဘယ်လောက်တုန်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်