ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Li Junhua သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီ ခွဲအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Li Junhua တို့ တွေ့ဆုံနှုတ်ဆက်စဉ်

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ် ပါတီ နှစ်ပါတီတို့အကြား ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင် ရွက်ရေးအတွက် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
Myanmar Express

1 comments:
မင်္ဂလာ သတင်းပေါ့ဗျာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်