အင်းလေးဒေသတွင် လျှပ် စစ်မီးရရှိရန် ကြိုးပမ်းလျက်ရှိရာ လာမည့် (၃)နှစ်အတွင်း အင်းလေး ဒေသတစ်ခုလုံးလျှပ်စစ်မီးရရှိတော့ မည်ဖြစ်ကြောင်း၊အင်းလေးဒေသ တွင် ကျေးရွာပေါင်း(၄၀၀)ရှိသည့် အနက် ကျေးရွာ (၁၅၀)၀န်းကျင် သာ မီးလင်းကြောင်း မီးလင်းရေး ကော်မတီနှင့်အခြားလူမှုအသင်း အဖွဲ့များထံမှသိရသည်။
အင်းလေးဒေသရှိ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်ဒေသဖွံ့ဖြိုး ရေးတွင် အရေးပါသည့် လျှပ်စစ် မီးရရှိရန် ထရန်စဖော်မာများ ၀ယ်ယူရမည်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲ ဖြစ်လျက်ရှိကြောင်း၊ရှမ်းပြည် တောင်ပိုင်းအင်းလေးကန်အနီးရှိ ညောင်ရွှေမြို့နှင့်အလိုတော်ပေါက် ဘုရားအနီးတွင်သာ လျှပ်စစ်မီး ရရှိနေပြီး အခြားသောအင်းလေး ကန်အရှေ့ဘက်ကမ်းစပ်၊အင်းလေး နှင့်တောင်ပေါ်ဒေသများတွင် လျှပ်စစ်မီးမရရှိသေးကြောင်း၊ညောင် ရွှေမြို့နှင့်အလိုတော်ပေါက်ဘုရား တောင်ဘက်တွင်း မီးလင်းရရှိခြင်း ထရန်စဖော်မာ ၅၀ကေဘီ၊၁၀၀ ကေဘီ မီးစက်ဖြင့်အသုံးပြုနေခြင်း ဖြစ်ကြောင်း မီးလင်းရေးကော်မတီ ထံမှ သိရသည်။
““အဓိက ကတော့ ငွေကြေး ပေါ့။ဒီမှာက နိုင်ငံတော်က လုပ် ပေးတာမဟုတ်ဘူး။ကိုယ့်အားကိုယ် ကိုပြီး ရုန်းကန်နေရတာဆိုတော့ ကျေးရွာတွေအားလုံးမီးရရှိဖို့က ငွေလိုတာပေါ့။ငွေကြေးအထောက် အပံ့ရှိရင် ထရန်စဖော်မာဝယ်ပြီး ကျေးရွာတွေမှာထားပေးလို့ရတယ်။ ငွေကြေးကြောင့်ကြန့်ကြာနေတာ ပါ””ဟု အင်းလေးဒေသမီးလင်းရေး ကော်မတီမှအတွင်းရေးမှူး ဦးတင်စိုး ကပြောသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်