Subscribe to our RSS Feed

မြန်အောင်မြို့နယ် NLD ပါတီမှတိုင်စာများ၊ လုပ်ရပ်များကြောင့် ပြည်သူများနှင့် အစိုးရ၀န်ထမ်းများ စိတ်ညစ်နေ


From : မြန်အောင်ဒေသခံများ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် NLD ပါတီအမာခံများက အခွန်ဦးစီးဌာနသို့လည်းကောင်း၊ရပ်ကွက်အတွင်းအုပ်ချုပ်ရေးမှူးကိစ္စများတွင်လည်းကောင်း၊ ၀င်ရောက်စွက်ဖက်မှုများ ပြုလုပ်ခြင်း၊ စည်ပင်သာယာကိစ္စများဝင်ရောက် စွက်ဖက် ခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ( ယာယီတာဝန်ခံ ) အားဒေသအတွင်းဆောင်ရွက် မရအောင် အနှောင့်အယှက်ပေးခြင်း၊ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေအား ကိုင်ဆောက်လျှက်ဒေသတွင်းမတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ဝါဒဖြန့်ခြင်းများ ကိုပြုလုပ်ဆောင်ရွက်နေကြောင်း၊ ၎င်းအပြင်ရပ်ကွက် များအတွင်းငွေစုကာ ပညာရေးကိစ္စ၊ ရပ်ကွက်ရုံးဖွင့်ရန်ကိစ္စတို့ကိုအကြောင်းပြကာ ငွေကောက်ခံနေကြောင်း၊ ရပ်ကွက် ကျေးရွာများအတွင်းနေထိုင်သူများမှာကြောက်ရွံ့သဖြင့် ငွေကြေးကောက်ခံမှုများကို မထည့်ချင်ပဲ ထည့်နေရကြောင်း၊ ဌာနဆိုင်ရာများနှင့်အုပ်ချုပ်ရေးအဖွဲ့များသို့လည်း ခြိမ်းခြောက်လျှက်ဌာနဆိုင်ရာကိစ္စများတွင်ဝင်ရောက်စွက်ဖက်ခြင်းများကို လုပ်ဆောင်နေကြောင်း၊မိမိတို့ ရပ်ကွက်ကျေးရွာအုပ်စုပါတီရုံးများဖွင့်လှစ်သည်ကို ရပ်ကွက်အတွင်းတစ်အိမ်တက်ဆင်းငွေကောက်ခံခြင်းများ ပြုလုပ်ကာဆောင်ရွက်လျှက်ရှိကြောင်း၊ ဒေသခံများမှာ ၎င်းတို့အုပ်စုအားကြောက်နေရသောကြောင့် ငွေကောက်ခံလျှင် မငြင်းရဲပဲ ထည့်ဝင်နေရကြောင်း ၊ ဘယ်သူ့ကိုတိုင်ရမှန်းမသိသဖြင့်စိတ်သောက ရောက်နေရကြောင်း ဒေသခံများ၏ အခက်အခဲများအား ဖော်ပြလိုက်ရပါသည်။


Myanmar Express

1 comments:

မဟုတ်တာ သူ့ဟာနဲ့ သူတောင် နေရာလု ကောင်းနေတုန်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်