Subscribe to our RSS Feed

ဒလဖက်ကမ်း ဆိပ်ကမ်း တိုးချဲ့သွားမည်

From : mrtv4


ဒီဇင်ဘာလ ၁၀ ရက်နေ့က မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံးမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ရန်ကုန် ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆိပ်ကမ်း သာယာလှပရေး ဆိုင်ရာ
ညှိနှိုင်း အစည်းအဝေးမှာ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ဦးဆောင် ညွှန်ကြားရေးမှူးရဲ့ ပြောကြားချက် အရ ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကမ်းများ တိုးတက်ရေး အတွက် ဒလဖက်ကမ်း ဆိပ်ကမ်းကို တိုးချဲ့ သွားဖို့ စီမံကိန်း လျာထားချက်များ ရှိတယ်လို့ သိရပါတယ်။

ဒီလို တိုးချဲ့ဖို့ စီစဉ်ရာမှာ ဒလမြို့ရဲ့ အရှေ့တောင်ဖက် ကနေ ရခိုင်ချောင် ဧရိယာဘက် အထိ ဖော်ထုတ်ပြီး ဆက်လက် ဆောင်ရွက် သွားဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ဝ ဖြစ်တဲ့ လက်ခုပ်ကုန်း ဒေသ ကိုလည်း ပြည်ပသွား ဆိပ်ကမ်းအဖြစ် ပြုလုပ်ဖို့ လျာထား ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ဆိပ်ကမ်း တိုးချဲ့မှုတွေ ပြုလုပ်မယ့် စီမံချက်တွေ ထဲမှာ ကျောင်း၊ ဆေးခန်းတွေ ကိုပါ ထည့်သွင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ မှာလည်း ရန်ကုန် ဆိပ်ကမ်း နယ်မြေကို နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်း တစ်ခု ဖြစ်စေဖို့ အတွက် ဗိုလ်တထောင် ဆိပ်ကမ်း၊ ဆူးလေ ဆိပ်ခံ တံတား၊ နန်းသီတာ ဆိပ်ကမ်းနဲ့ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံတံတား အပါအ၀င် ရန်ကုန် ဆိပ်ကမ်း၊ လမ်းမတော် နယ်မြေ ရွာသစ်ချောင်းနဲ့ စဥ့်အိုးတန်းကြား စတဲ့နေရာ များမှာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့စီစဉ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်