From :Opposite Eye
ဝတ်ပြုဆုတောင်းပြီးနောက် ဘင်္ဂါလီရာပေါင်းများစွာသည် မြို့လယ်တွင်စုစည်းခဲ့ကြ ပါသည်။ အဆို ပါနေရာသည် မောင်တောမြို့၏ အဓိကလမ်းမကြီးပေါ်တွင်တည်ရှိပြီး အိမ်ခြေ ရာပေါင်းများစွာရှိပါသည်။
၎င်းတို့သည် ကရီဖရာလမ်းဆုံသို့ရောက်သည့်အချိန်တွင် အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွား ခဲ့ကြောင်း၊ မကြာမီ ရခိုင်တို့သည် ဓားများဖြင့်ရောက်လာပြီး ရဲများကလည်း သေနတ်များဖြင့် ရောက်လာခဲ့ကြောင်း ဘင်္ဂါလီအမျိုးသမီးတစ်ဦးကပြောကြားခဲ့ပါသည်။
လူအုပ်ဘက်မျက်နှာမူ၍ ရဲများကမိုးပေါ်ထောင်သေနတ်ပစ်ဖေါက်ခဲ့ကြောင်း၊ လူတွေက နေရာအနှံ့ အပြား သို့ ပြန့်ကျဲထွက်ပြေးခဲ့ကြကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင်များက လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ် ခဲ့ရာ တစ်ယောက်ေ သပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အီမန်မာဟု ကပြောကြားခဲ့ ပါသည်။
ဤဖြစ်စဉ်အခြေအနေပြလှုပ်ရှားမှုပုံရိပ်များသည် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သို့မဟုတ် မဖြစ်ပွားမီ ရိုက် ကူး ထားခြင်းဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်းမသိရှိရပါ။ ထို့နောက်ပိုင်းတွင် ဘင်္ဂါလီတို့၏ ဒေါသမှာ ပိုမို ပေါက်ကွဲ ထွက်လာခဲ့ပါသည်။
ဝတ်ပြုပြီးသည့် ၄ နာရီနောက်ပိုင်းတွင် ရွာများမီးရှို့ခံခဲ့ရကြောင်း၊ မီးသည် နေရာ အနှံ့အပြားသို့ ကူးစက် သွားပြီး အိမ်တွေကို လောင်ကျွမ်းစေခဲ့ကြောင်း ဟာမီဂျမီးကပြောကြား ခဲ့ပါသည်။
ရခိုင်အိမ်ခြေပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။ ထို့နောက်ပိုင်းတွင်မူ မျိုးနွယ်စုနှစ်ခု အကြား ပဋိပက္ခ မှာ ပိုမိုရှုပ်ထွေးလာခဲ့ပါသည်။ ရခိုင်လူမျိုးတို့ဘက်တွင် လက်နက်ကိုင်အဖွဲ့အစည်း များရှိနေ ပါသည်။ ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏မူဝါဒမှာ ပစ်ခတ်ဟန့်တားရေးဖြစ်လာ ပါသည်။
သားဖြစ်သူကိုရှာဖွေရန် အိမ်ကထွက်လာခဲ့ကြောင်း၊ သားဖြစ်သူသည် လန်ချားဆွဲသူ တစ်ယောက်ဖြစ် ကြောင်း၊ သို့ရာတွင် မည်သည့်နေရာမျှရှာမတွေ့ခဲ့ကြောင်း၊ ရခိုင်တို့သည် တွေ့သူ တိုင်းကို ရက်စက်စွာ သတ်ဖြတ်နေကြကြောင်း ဘင်္ဂါလီအမျိုးသမီးတစ်ဦးကပြောကြားခဲ့ပါသည်။
သေဆုံးသူတို့၏အလောင်းများကို အာဏာပိုင်များကဖယ်ရှားပစ်ခဲ့သည့်အတွက် အရေအတွက်ကို ဖော်ပြ ရန် ခက်ခဲခဲ့ပါသည်။
သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် လူတိုင်းက အိမ်များဆီသို့ပြေးသွားကြကြောင်း၊ စစ်ဘက်က သေဆုံးသူများ၏ အလောင်း များကို သယ်ယူသွားကြကြောင်း ¤င်းအမျိုးသမီးကထပ်လောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အကြမ်းဖက်တိုက်ခိုက်မှုများမှာ မောင်တောမြို့နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပါသည်။
မောင်တောမြို့ပေါ်ရှိဈေးတွင် စတိုးဆိုင်တစ်ခုကိုပိုင်ဆိုင်ထားသည့် ဇဟီအာလန်က ညဘက်တွင် ရခိုင် အဖွဲ့ တစ်ဖွဲ့က မိမိဆိုင်ကို တိုက်ခိုက်ခဲ့ကြောင်း မိမိကအော်ဟစ်ချိန်တွင် ဓားဖြင့်လိုက်ခုတ် ခဲ့ကြောင်း၊ ၄င်း တို့ က မိမိအား သတ်ရန်ကြိုးစားခဲ့ကြောင်းပြောကြားခဲ့ပါသည်။
သောကြာနေ့ညတွင် အခြေအနေသည် ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ရခိုင်တွေလာနေပြီ ဟူသည့် သတင်း ထွက်ပေါ် လာခဲ့ကြောင်း မိုဟာမက်အစ္စလာမ်ကပြောကြားခဲ့ပါသည်။မွတ်စလင် တို့သည် သတိရှိရှိဖြင့် တုတ်၊ ဓားများကိုင်ဆောင်ပြီး ကင်းစောင့်နေခဲ့ကြကြောင်း ဟာမီဂျမီးက ပြောကြား ခဲ့ပါသည်။
မြန်မာနိုင်ငံဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များရောက်ရှိလာသည့်အတွက် ဇဟီအာလန် သည် ဒုက္ခသည် စခန်း တစ်ခုသို့သွားရောက်ခိုလှုံခဲ့ရပါသည်။ အဆိုပါနယ်ခြားစောင့်တပ်များမှာ မြန်မာ အစိုးရက ဘင်္ဂါလီ တို့အား ထိန်းချုပ်ရန်အတွက် ဖွဲ့စည်းထားသည့်စစ်ဘက်တပ်ဖွဲ့ဝင် များဖြစ်ကြပြီး အတို ကောက် အားဖြင့် နစကဟုခေါ်ပါသည်။ ၄င်းတို့ကပစ်ခတ်နှိမ်နင်းမှုများပြုလုပ် ခဲ့ကြပါသည်။
ည ၉ နာရီခွဲမှ သန်းခေါင်အချိန်အထိ နစကအဖွဲ့က အကြိမ်တစ်ရာနီးပါးခန့်သေနတ်ဖြင့် ပစ်ခဲ့ကြောင်း၊ နစက အဖွဲ့တို့သည် မောင်းပြန်သေနတ်များကိုကိုင်ဆောင်ထားကြောင်း၊ နေရာ တိုင်းတွင် လူသေ အလောင်း များဖြင့်ပြည့်နေကြောင်း၊ လမ်းမ၊ ဗလီနှင့်လယ်ကွက်များတွင်လည်း ပြည့်နေကြောင်း ဇဟီအာ လန်ကပြောကြားခဲ့ပါသည်။
မြန်မာအစိုးရအာဏာပိုင်တို့သည် ဘင်္ဂါလီတို့အား စတင်ဖမ်းဆီးမှုပြုလုပ်ခဲ့ကြပါသည်။
အမျိုးသားများသည် အမည်မသိနေရာများသို့ ခေါ်ဆောင်သွားခြင်းခံရပြီး အချို့သည် ပုန်းအောင်းေ နကြေ ကြာင်းနှင့် အမျိုးသမီးများမှာမူ ဆွဲရမ်းအဓမ္မပြုကျင့်ခြင်းခံရကြောင်း ဘင်္ဂါလီ အမျိုးသမီး တစ်ဦးက ပြောကြား ခဲ့ပါသည်။ ဂျန်နတ်အာရာက ၄င်း၏ဖြစ်စဉ်ကိုပြောပြခဲ့ပါသည်။
သောကြာနေ့ဝတ်ပြုပြီးသည့်နောက်တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူတိုင်းသည်ထိတ်လန့် ကြောက်ရွံ့ နေကြကြောင်း၊ ပြေးတဲ့လူကပြေး၊ ပုန်းတဲ့သူကပုန်းဖြစ်နေကြကြောင်း၊ ဝတ်ပြုဖို့သွား သည့် မိမိ၏သား များ လည်း အရိုက်ခံခဲ့ရကြောင်း၊ အိမ်၌မိမိတစ်ယောက်သာလျှင်ရှိပြီး တံခါးများ အားလုံးကို ပိတ်ထားရ ကြောင်း၊ လုံခြုံရေး ရဲတွေက မိမိ၏အိမ်ကိုဝိုင်းထားပြီး တံခါးများအား တွန်းဖွင့်ခဲ့ကြကြောင်း၊ ၄င်းတို့က မိမိအား အိမ် အပေါ်ထပ်အိပ်ရာတွင်တွေ့ရှိသွားခဲ့ပြီး ဆွဲရမ်းတွန်း လှဲကာကန်ကျောက် ခဲ့ပြီးသည နောက်မှာ မိမိ သည်ဘာကိုမှမသိတော့ဘဲ ဆေးရုံရောက်၍သတိပြန် ရသောအခါတွင် မိမိဘာဖြစ်ခဲ့ သည် ဆိုတာကို သဘောေ ပါက်လိုက်မိကြောင်း ဂျန်နတ်အာရာက ပြောကြားခဲ့ပါသည်။
ဆေးဝန်ထမ်းများ၏မှတ်ချက်အရ ဂျန်နတ်အာရာသည် လူ၂ဝ ကျော်၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်းဖော်ပြခဲ့ပါသည်။
၎င်းနေ့ညပိုင်းတွင် မောင်တောမြို့ဖြစ်စဉ်သတင်းမှာ စစ်တွေမြို့သို့ပျံ့နှံ့သွားခဲ့ပါသည်။ မိုဟာမက် အစ္စလာမ်နှင့် ၄င်း၏ဇနီးတို့သည် စစ်တွေမြို့ပြင်တွင် နေထိုင်ကြသူများဖြစ်ကြပါသည်။ ၄င်းတို့နှင့်အတူ မိုဟာမက်၏အစ်ကို၊ ၄င်း၏ ၁၂ နှစ်အရွယ်သမီးမင်နာရာနှင့် အခြားမိသားစု ဝင်များအတူတ ကွနေထိုင်ကြပါသည်။
မိမိတို့မိသားစုသည် ဝတ်ပြုဆုတောင်းရန်ဗလီသို့ ည ၉ နာရီတွင်သွားခဲ့ကြောင်း၊ သန်းခေါင် အချိန်တွင် ရခိုင်လူအုပ်တစ်အုပ်ရောက်လာပြီး မိမိတို့အားစစ်ဆေးမေးမြန်းခဲ့ကြောင်း မိုဟာမက်က ပြောကြားခဲ့ ပါသည်။
ရခိုင်တို့က ဘင်္ဂါလီတို့သည် ညဘက်တွင် ၄င်းတို့ကိုရင်ဆိုင်တိုက်ခိုက်ရန်အတွက် မြို့ပေါ်သို့ တက်လာကြကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။
ညအချိန်၌ ကုလားများသည် အုပ်စုများဖွဲ့၍ထောင်သောင်းချီပြီး တက်လာကြကြောင်း၊ ရခိုင်အိမ်များကို ရိုက်ချိုး၊ မီးရှို့၍ ရခိုင်အားလုံးကိုသတ်၊ ဒီနိုင်ငံသည် မွတ်စလင်နိုင်ငံဟု ကြေညာခြင်းကို ရခိုင်များက ပေါက်ကွဲကြောင်း ဆရာတော်ဦးနန္ဒောဘာသ ကပြောကြားခဲ့ပါသည်။ ညဘက်တွင်မြို့ တစ်မြို့လုံး မီးလောင်ပျက်စီးခဲ့ရပါသည်။
လုံခြုံရေးတပ်ဖွဲ့များရောက်လာပြီး ဖမ်းဆီးနေချိန်တွင် ရခိုင်တို့သည် ဓားများဖြင့်ရောက် လာကြောင်း၊ ၄င်းတို့သည် ဓာတ်ဆီပုလင်းများယူလာကြကြောင်း၊ အိမ်ခေါင်မိုးပေါ်သို့ ဓာတ်ဆီ ပုလင်းကိုပစ်ပေါက်၍ မီးရှို့ခဲ့ကြကြောင်း၊ ဗလီများပေါ်သို့လည်း ဓာတ်ဆီများလောင်းချခဲ့ကြ ကြောင်း၊ မိုဟာမက်၏ ဇနီးကပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ဇွန်လ ၉ ရက်နေ့ညပိုင်းတွင် မိုဟာမက်အစ္စလာမ်နှင့်အခြားဘင်္ဂါလီများသည် ဗလီ တစ်ခုအတွင်း၌ တစ်ညလုံး အတူတကွစုံရုံးနေထိုင်ခဲ့ရပါသည်။ ထို့နောက် နယ်ခြားစောင့်တပ် ဖြစ်သည့် နစက တပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့ပါသည်။
ဗလီနှင့်အဆောင်ထဲတွင် လူပေါင်း ၄ဝဝ ခန့်ရှိကြောင်း လူ ၂ဝ မှ ၄ဝ ခန့်သေဆုံးပြီး ကျန်သူများ လွတ်မြောက်ခဲ့ကြောင်း၊ သေဆုံးသူအားလုံးသည် မွတ်စလင်ဘာသာဝင်များဖြစ်ပြီး ဗလီထဲမှာပဲ ကျန်နေ ခဲ့ကြောင်း၊ နစကအဖွဲ့သည် ဗလီရှေ့တွင်တပ်ဖြန့်ခဲ့ပြီး ၄င်းတို့သည် ပြဿနာကိုကြိုး ကိုင်သူ များဖြစ်သည်ဟုစွပ်စွဲပြီး အားလုံးကိုအသေပစ်သတ်ခဲ့ကြောင်း မိုဟာမက်က ပြောကြားခဲ့ပါသည်။
မိုဟာမက်သည် ၄င်း၏မိသားစု၊ ညီအစ်ကိုမောင်နှမများနှင့် မိဘများလွတ်မြောက်ရေး အတွက် ဦးဆောင်ကြိုး ပမ်းခဲ့ပါသည်။
မိမိ၏မောင်နှမဝမ်းကွဲများသည် အိမ်ထဲတွင်ရှိနေကြောင်း၊ ¤င်းတို့သည်ကလေးများသာ ဖြစ်ကြောင်း၊ ရခိုင်များရောက်လာချိန်တွင် အားလုံးက¤င်းတို့၏မိဘများကိုရှာနေကြကြောင်း၊ ရခိုင်တို့သည် မိမိ၏ မောင်နှမ ဝမ်းကွဲ ၅ ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီး မီးထဲသို့ပစ်ထည့် ခဲ့ကြောင်း၊ မိမိအရွယ် ရောက် လာလျှင် ရခိုင်များအားသတ်ပစ်မည်ဖြစ်ကြောင်း ဘင်္ဂါလီ မိန်းကလေးတစ်ဦးက ပြောကြားခဲ့ပါသည်။
ရခိုင်တို့သည် စစ်တွေတစ်မြို့လုံးကို မီးမရှို့ဟုယူဆ၍ အိမ်ထဲမှာသာနေခဲ့ကြပါကြောင်း၊ မိမိတို့၏အ မှားပင်ဖြစ်ကြောင်း၊ တာဝန်ရှိသူတို့သည် မိမိအိမ်ကိုလည်း မီးရှို့ရန်ရောက်လာကြ ကြောင်း၊ ရခိုင်များ အစောဆုံးရောက်လာပြီးနောက် အစိုးရတပ်ဖွဲ့ဝင်များက ဂျစ်ကားများဖြင့် တွေနဲ့ ရောက် လာကြကြောင်း မိုဟာ မက်၏ ဇနီးကပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ မီးရှို့ခံရသည့် အခြေအနေတွင် မိုဟာမက်သည် ထွက်ပြေးလွတ်မြောက် နိုင်ရေးကြိုးပမ်းခဲ့ပါသည်။
နစကအဖွဲ့က မီးစရှို့ချိန် ဒူအမိုရောင်ရှာကိုထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် နစကအဖွဲ့က ဒူအမိုရောင် ရွာကို ရောက်လာခဲ့ကြောင်း၊ ၄င်းရွာတွင်မွတ်စလင်တစ်သောင်းခန့်ရှိကြောင်း၊ နစက အဖွဲ့က ပထမဆုံး လေထဲသို့စပစ်ပြီးနောက် မိမိတို့ကိုပစ်ခတ်ခဲ့ကြောင်း၊ ၂ဝ ဦးမှ ၃ဝ ဦးခန့်အထိ သေကြောင်း မိုဟာမက်ကပြောကြားခဲ့ပါသည်။
မိုဟာမက်၏ဇနီး၊ ၄င်း၏အမေနှင့်အစ်ကို ၃ ဦးတို့သည် မီးလောင်နေသည့် အိမ်အတွင်းမှ ထွက်ပြေး လာခဲ့ကြပါသည်။
မောင်နှစ်ယောက်အပြင်ထွက်သွားပြီး တစ်ယောက်ကျန်နေခဲ့ကြောင်း၊ မောင်တစ်ယောက် သည် ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါး၏ ရုတ်တရက်တိုက်ခိုက်ခြင်းခံခဲ့ရပြီး အပိုင်းပိုင်း ခုတ်ဖြတ်ခြင်း ခံခဲ့ရကြောင်းနှင့် ၄င်း၏အလောင်းကိုပြန်မသယ်နိုင်ခဲ့ကြောင်း မိုဟာမက်၏ဇနီးက ပြောကြားခဲ့ပါသည်။
လူ ၃ဝဝ မှ ၄ဝဝ ခန့်သေသည့်အချိန်တွင် နစကအဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ နစကအဖွဲ့ဝင် ၅ ဦး၊ ၆ ဦးခန့်ကိုသတ်ပစ်ခဲ့ကြောင်း၊ ၄င်းတို့သည် မိမိတို့နှင့် ၁၅ မီတာ ခန့်သာ ဝေးပြီး သေနတ်ဖြင့်ပစ်ခဲ့ကြောင်း၊ ကျည်ကုန်သွားချိန်တွင် မိမိတို့ကတန်ပြန်တိုက်ခိုက်ခဲ့ခြင်းနှင့် သေနတ်များ ကို လုယူ၍ရိုက်သတ်ခဲ့ကြောင်း မိုဟာမက်ကပြောကြားခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်
www.MyanmarExpress.net

.jpg)

5 comments:
အဲ ဒါ စစ် တပ် ဘဲ
ဟုတ်ပါ့မလားမောင်ကါလု
ရေ ဟိုကေါင်မရုပ်ကြီးက
လည်းမဒိန်းကျင့်စရာကေါင်း
တဲ့ရုပ်ကြီးကိုအားလုံးပုံပြင်တွေ
ဟာသတွေကြီးဘဲနော်
ဒီလုပ်ကြံဇတ်လမ်းကြီးကိုနိုင်ငံတကာကိုဖြန့်ချင်လို့ပြည်တွင်းငြိမ်သက်မှုမရှိအောင်
ဖန်တီးနေကြတာကိုပြည်သူတွေသတိထားဖို့ကောင်းတယ်
ဒါတွေကိုမီဒီယာတွေစုပေါင်းပြီးအမျိုးသားရေးအသိစိတ်ဓာတ်နဲ့မှန်ကန်မှုမရှိကြောင်း
နိုင်ငံတကာသိအောင်ပြန်လည်ဆောင်ရွက်သင့်ကြပါတယ်
UN ကိုမသွားခိုင်းတာက ဘာစိတ်ဓာတ်လဲ??? သူများဘာသာရေးကျောင်းတွေ လိုက်ဖျက်စီးတာရောဘာစိတ်ဓာတ်လဲ???? ကျွန်တော်သိတဲ့ဗုဒ္ဓကတော့ အဲဒီလိုမဟုတ်ဘူး
ကုလားကတော်တော်လေးမြန်မာစာတတ်နေပြီပဲ. ချီးကျူးရမယ်နော်. မင်းတို့သိလာ ငါတို့လဲမင်းတို့လိုလုပ်လို့ရတယ်လို့တပ်လှန့်ထားတာ... ငါလိုးမသောက်ကုလားတွေ ရခိုင်စော်ကားပြီးမှ နစက၊ ရဲ၊ စစ်တပ်တို့ပူးပေါင်းပြီးသူတို့ကို ရခိုင်တွေက၀ိုင်းသတ်တယ်လို့ပြောသေး တယ်၊ မအေလိုးတွေမင်းတို့မို့လို့ပြောထွက်တယ်၊ အဲဒီနေ့က ငါမောင်တောမှာကွ၊ မင်းတို့မျက်စိမှာလီးထိုးထားလို့ အဲလောက်တလွဲရေး ရတာလား၊ မင်းတို့တရွာလုံးဝိုင်းလိုးထားတဲ့ကုလားမကို ငါတို့လူမျိုးတွေဘဲလိုးသလိုလို၊ ရဲတွေဘဲလိုးသလိုလိုနဲ့၊ အလားနေရင်း နယ်မြေရုံးတွေ တရားရုံးတွေမှာ တရားမ၀င်နေထိုင်ပေါင်းသင်းမှုနဲ့တိုင်နေတဲ့လူမျိုးကများ၊ မင်းမေလိုး မင်းတို့အကြောင်းအကုန်သိတယ်ကွ၊ ငါလိုးမသားတွေမင်းပထွေးတွေ ကိုတိုင်နေလို့ဘာထူးမလဲဆိုတာစောင့်ကြည့်နေမယ်။ မင်းတို့ဒီလိုအချိုးနဲ့ ငါလီးဘဲရမယ်၊
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်