Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Mr. Salman Khurshid အား လက်ခံတွေ့ဆုံ

From :သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အိန္ဒိယ သမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Mr. Salman Khurshid အား ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး  H.E. Dr. Villur Sundararajan Seshadri လည်း တက်ရောက်သည်။

တွေ့ဆုံရာ၌ မြန်မာနိုင်ငံရှိ စွမ်းအင်၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုကို ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေးလုပ်ငန်း အမြန်ပြီးစီးရေးအတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးခင်မင်စွာ ထိတွေ့ဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။     

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်