Subscribe to our RSS Feed

ရခိုင်ပြည်နယ်အတွင်း ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးလျက်ရှိ

From :မြဝတီ




ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော် အနေဖြ
င့် ပြည်သူလူထုနှင့် ပူးပေါင်း၍ ထိထိ ရောက်ရောက် ဆောင်ရွက် ပေးလျက်ရှိရာ ရခိုင်ပြည်နယ် အတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့(၁)သည် ရမ်းဗြဲမြို့နယ် အတွင်း ဒီဇင်ဘာ ၁၁ ရက်က မကျည်းကုန်းရွာမှ ဒေသခံပြည်သူ ၁၁၇ ဦးနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် ချောင်းဝ ကျေးရွာမှ ဒေသခံ ပြည်သူ ၆ဝ ဦးတို့အား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့(၂)သည် ပေါက်တော မြို့နယ်အတွင်း ဒီဇင်ဘာ ၁၂ ရက်တွင် ရှမ်းရွာမှ ဒေသခံပြည်သူ ၂၅ဝ ဦးအား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့(၃)သည် မြောက်ဦးမြို့နယ် အတွင်း ဒီဇင်ဘာ ၁၁ ရက်က နန်းကျ ကျေးရွာမှ ဒေသခံပြည် သူ ၆၂ ဦးနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် ဒေသခံ ပြည်သူ ၄၂ ဦးတို့အား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့(၄)သည် မောင်တောမြို့နယ် အတွင်း ဒီဇင်ဘာ ၁၁ ရက်က ကြိမ်ချောင်း ကျေးရွာရှိ ဒေသခံ ပြည်သူ ၂ဝ၈ ဦးနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် ငါးခူရ၊ လောင်ဒူး ကျေးရွာများမှ ဒေသခံ ပြည်သူ ၁ဝ၈ ဦးတို့အား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့ (၅)သည် မြန်အောင်မြို့နယ် အတွင်း ဒီဇင်ဘာ ၁၁ ရက်က ကျောက်တန်း ကျေးရွာမှ ဒေသခံ ပြည်သူ ၃၃ဝ ဦးနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် မင်းထင်ကျေး ရွာမှ ဒေသခံ ပြည်သူ ၂ဝဝ ဦးတို့အား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့(၆)သည် ရသေ့တောင် မြို့နယ်အတွင်း ဒီဇင်ဘာ ၁၁ ရက်က ရှောက်ကြပ် ကျေးရွာမှ ဒေသခံ ပြည်သူ ၃၅၃ ဦးနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် ဒေသခံ ပြည်သူ ၁၆၄ ဦးတို့အား လည်းကောင်း၊ ဆေးကု သရေး အဖွဲ့(၇)သည် ပလက်ဝမြို့နယ် အတွင်း ဒီဇင်ဘာ ၁၁ ရက်က ဒိုချောင်းဝ ကျေးရွာမှ ဒေသခံ ပြည်သူ ၁၃၇ ဦးနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် ထရွန်အိုင် ကျေးရွာမှ ဒေသခံပြည်သူ ၁ဝ၁ ဦးတို့အား လည်းကောင်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့်အပြင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများအား ဟောပြောခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ပညာပေး သရုပ်ပြသခြင်း များကိုလည်း ဆောင်ရွက် ပေးသည်။

တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ အနေဖြင့် ရခိုင်ပြည်နယ် အတွင်း အခြေပြု အထူးကု ဆေးကုသရေး အဖွဲ့(၁)ဖွဲ့၊ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့(၇)ဖွဲ့ခွဲ၍ ဒီဇင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ ဒေသခံ ပြည်သူ ၁ဝ၉၇၇ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည့် အပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၄ဝ ဦးအား စစ်တွေမြို့ နယ်မြေခံ တပ်မတော် ဆေးရုံသို့ ပို့ဆောင် ဆေးဝါး ကုသမှု ခံယူစေခဲ့ကြောင်း သတင်း ရရှိသည်။

  www.MyanmarExpress.net
 

1 comments:

very good. Congratulation to Myanmar military medical doctors.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်