လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များနှင် အခြားကွန်ယက် အဖွဲ့အစည်းများမှ ဆန္ဒ ဖော်ထုတ်ခြင်း အား NLD ပါတီမှ လက်မခံကြောင်း ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်ေ
န့ကNLDအဖွဲ့ချုပ်ရုံးတွင်ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲတွင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်ပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျှက် ရှိကြောင်း၊ NLD ပါတီအနေဖြင့် ပါတီဝင်များအား ဆန္ဒဖော်ထုတ်ပွဲများတွင် ၀င်ရောက်ပါဝင်ခြင်းမရှိစေရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအဖြစ်ဆောင်ရွက်နေခြင်း ဖြစ်ပြီး NLD အဖွဲ့ချုပ်ကိုယ်စားဆောင် ရွက်နေခြင်း မဟုတ်သောကြောင့် NLD ပါတီဝင်များမှ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်အား သွေဖီနိုင်သည့် လုပ်ငန်းများကို ပြုမူဆောင် ရွက်ခြင်းမပြုရန်နှင့် ယခုဆန္ဒ ဖော်ထုတ်ပွဲတွင် ပါဝင်သော NLD ပါတီဝင်များကိုလည်း ပါတီစည်းကမ်းများအတိုင်း ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင် အရေးအား စုံစမ်းနေစဉ် ကာလအတွင်း NLD ပါတီဝင်များအနေဖြင့်မည်သည့် လှုပ်ရှားမှု တွင်မှ ပါဝင်ပတ်သတ်ခြင်းမပြုရန်နှင့် သံဃာတော်များ၏ တောင်းဆိုချက်များသည် NLD ပါတီနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် သံဃာတော်များနှင့် အခြားကွန်ယက်များက ဆန္ဒ
ဖော်ထုတ်နေခြင်း သည် နိုင်ငံတော်မှ ပြဌာန်းထားသော စီတန်းလှည့်လည်ခွင့် ဥပဒေအား အလွဲသုံးစား လုပ်နေကြောင်း NLD ပါတီက ယူဆကြောင်းပြောကြားခဲ့ပါသည်။
စုံစမ်းရေးကော်မရှင်မှ ရလဒ်များထွက်ပေါ်လာသည့်အခါ တာဝန်ရှိ သူများအား ထိရောက်သော အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်သဖြင့် NLD ပါတီဝင်များမှ ဆန္ဒပြမှုတွင် ပါဝင်ပတ်သတ်ခြင်း မပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းသိရပါသည်။ အဆိုပါ ဆန္ဒပြမှုများနှင့် ပတ်သတ်ပြီး NLD ပါတီ၏ သဘောထားအား မကြာမီထုတ်ပြန်သွားမှာဖြစ်ကြောင်းပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

7 comments:
Good decide bcz the gov said that problem base from political group but no clear..who
ဒီလိုဘဲဖြစ်ရမယ်လေ ဒါအမှန်ဘဲပေါ့
အမြင်မှန် ရ၍ အမှန် ကိုမြင်သွားသော ဒေါ်စုကြည်အား ကြိုဆိုပါ၏
NLD now is right way. I hope Daw Aung San su kyi and U Tin oo, the best performance.Contry is on the right track .BCP is not suitable for NLD.
ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ
လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ
နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်
ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ
တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ
ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ
တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်
ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်
ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး
၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်
လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။
ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ
၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ
နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ
အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............
.
ဒီလိုဆန္ဓပြဆူပူအောင်လုပ်နေတာတွေဟာဘယ်သူ့ကြောင့် လဲသိလား ...........? ရိုဟင်ဂျာတွေကြေင့်လား မွတ်စလင်တွေကြောင့်လား ..............?တ်ုင်းပြည်ကြီးကိုကောက်စားလုပ်တော့မယ်ထင်တယ်.........ညီညွတ်ကြပါ ......စည်းလုံးကြပါ သွေးပြောတာယုံလိုက်ပါ..........နိုင်ငံရေးလှည်ကွက်ထဲမ ဝင်အောင်သတိ အသိရှိကြပါ ...........လောဘ.......ဒေါသ မောဟ......
ကြိုဆိုပါတယ်အမေစု
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်