Subscribe to our RSS Feed

အက်စစ်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေး စစ်ဆေးမှု သတင်းထုတ်ပြန်

From : သမ္မတရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၁၂/၂ဝ၁၂)
၂ဝ၁၂ ၊ ဒီဇင်ဘာလ ၁၄ ရက်
၁၃၇၄ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်
အက်စစ်ကြောင့် ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေးစစ်ဆေးမှု သတင်းထုတ်ပြန်ခြင်း

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီ တောင်းခံချက်အရ အက်စစ်ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်၍ ကျန်းမာရေးစစ်ဆေးမှု များ ဆောင်ရွက်ပေးခဲ့ သည်။

၂။ အဆိုပါ ကလေးငယ်(၄)ဦးသည် ရန်ကုန်ကလေးဆေးရုံကြီးသို့ (၁၁-၁၂-၂ဝ၁၂) ရက်တွင် ရောက်ရှိခဲ့ပြီး အထူးကုဆရာဝန်ကြီးများဖြင့် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည်။

စဉ်

အမည်
အသက်
စစ်ဆေးတွေ့ရှိချက်/ရောဂါ

(က)
မယွန်းဝတီ
၁ နှစ် ၁ဝ လ
သူငယ်နာအကြောနှင့်ကြွက်သားအားနည်းရောဂါ (Cerebral Palsy) ဖြစ်သည်။
(ခ)
မောင်ကောင်းထက်ဇော်
၈ နှစ်
သူငယ်နာအကြောနှင့်ကြွက်သားအားနည်းရောဂါ (Cerebral Palsy) ဖြစ်သည်။
(ဂ)
မစန်းယုမော်
၂ နှစ် ၄ လ
သူငယ်နာအကြောနှင့်ကြွက်သားအားနည်းရောဂါ (Cerebral Palsy) ဖြစ်သည်။
(ဃ)
မဇင်မာဆွေ
၁၆ နှစ်
ဦးနှောဏ်အကျိတ် (Brain Tumour) အား လွန်ခဲ့သော ၅နှစ် က ခွဲစိတ်ထားသည်၊ မျက်စိ တဖြည်းဖြည်း မှုန်ခြင်း လုံးဝ ကွယ်သွားခြင်း ဖြစ်သည်။

၃။ အထက်ဖော်ပြပါ စစ်ဆေးတွေ့ရှိချက်များအရ အက်စစ်ကြောင့် ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း သိရှိရသည်။

 www.MyanmarExpress.net
 

2 comments:

အမရေပြသနာကိုသေးတဲ့အမှုငယ်အောင်လုပ် ပါဗျာ လျှောမွေး ကိုဗာရာဏသီချဲ မနေပါနဲ့

ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ

လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ

နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်

ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ

တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ

ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ

တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်

ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်

ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး

၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်

လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။

ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ

၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ

နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ

အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............

.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်