From : mrtv4
www.MyanmarExpress.net
ရွှေဂုံတိုင်
ခုံးကျော် တံတား တည်ဆောက်ရေး စီမံကိန်းကို စတင် ဆောင်ရွက်ရန် ပန္နက်တင်
အခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ရွှေဂုံတိုင် ခုံးကျော်
တံတား စတင် ဆောင်လုပ်မယ့် နေရာမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပန္နက်တင် အခမ်းနားမှာ Capital Developent Ltd မှ စီမံကိန်း ဒါရိုက်တာက ဆောက်လုပ်မယ့် ရွှေဂုံတိုင် ခုံးကျော် တံတားနဲ့ ပတ်သတ်တဲ့ အချက်အလက် များကို ရှင်လင်း တင်ပြခဲ့ တယ်လို့ သိရပါတယ်။
ရွှေဂုံတိုင် ဂုံးကျော် တံတား ဒီဇိုင်းကို ဂျပန်နိုင်ငံ JFE engineering Gorporation မှ ပညာရှင်အဖွဲ့မှ ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရွှေဂုံတိုင် ဂုံကျော် တံတား အရှည်မှာ ၂၀၅၉.၅၅ ပေ ဖြစ်ပြီး ယာဉ်သွားလမ်းမှာ ၄ လမ်းသွား ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေဂုံတိုင် ခုံးကျော် တံတား ပန္နက်တင် အခမ်းအနားမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူများ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌနဲ့ Capital Development Ltd မှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။ ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းကို ပန္နက်တင် အခမ်းအနား ပြီးတာနဲ့ စတင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်