From :မြဝတီ
(ဃ) အနည်းဆုံး အရပ် (၅)ပေ (၂)လက်မနှင့် ကိုယ်အလေးချိန် (၉၅)ပေါင်ထက် မနည်းရ။
(င) မျက်မှန် တပ်ဆင်ထားသူ မဖြစ်စေရ။
(စ) မိဘ အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရရှိရမည်။
(ဆ) လျှောက်လွှာနှင့် အတူ ပါရှိသော ဆေးစစ် ပုံစံဖြင့် မိမိတို့ နေထိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ်ရှိ တပ်မတော် ဆေးရုံ/ ပြည်သူ့ ဆေးရုံတွင် ပဏာမ ကျန်းမာရေး စစ်ဆေး အောင်မြင်သူ ဖြစ်ရမည်။
(ဇ) တက္ကသိုလ်ဝင် စာမေးပွဲကို ရူပဗေဒ၊ ဓါတု ဗေဒနှင့် ဇီဝဗေဒ ဘာသာတွဲ များဖြင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။ (အမှတ်စာရင်း တင်ပြရမည်။)
(ဈ) တပ်မတော်၏ အုပ်ချုပ်မှု စနစ်အတိုင်း လိုက်နာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
(ည) တပ်မတော်တွင် (၁ဝ)နှစ် အနည်းဆုံး စစ်မှုထမ်းဆောင် ရမည်။
၂။ လျှောက်လွှာများကို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ရုံးနှင့် မိမိတို့နှင့် နီးစပ်ရာ တိုင်းစစ် ဌာနချုပ် များတွင် အခမဲ့ ရယူနိုင်သည်။ လျှောက်လွှာကို ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာ တောင်းခံ ရရှိသော တိုင်းစစ် ဌာနချုပ် များသို့ ပြန်လည်ပေးပို့ ကြရမည်။
၃။ သင်တန်းအား ကျန်းမာရေး ဝန်ကြီးဌာန၊ ဆေးသိပ္ပံ ပညာ ဦးစီးဌာန အောက်ရှိ သူနာပြု တက္ကသိုလ် (ရန်ကုန်)နှင့် သူနာပြု တက္ကသိုလ် (မန္တလေး) တို့တွင် (၄)နှစ် သင်တန်း တက်ရောက် ရမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးပါက သက်ဆိုင်ရာ တက္ကသိုလ်မှ သူနာပြု သိပံ္ပဘွဲ့ (Bachelor of Nursing Science) ရရှိမည် ဖြစ်ပါသည်။
၎။ လူတွေ့ စစ်ဆေးခြင်းကို သူနာပြု တက္ကသိုလ် (ရန်ကုန်) အတွက် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်နှင့် သူနာပြု တက္ကသိုလ် (မန္တလေး) အတွက် အမှတ်(၁) စစ်မြေပြင် ဆေးတပ်ရင်း တို့တွင် ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့၊ နံနက် (ဝ၈ဝဝ) နာရီမှ စ၍ ကျင်းပသွားမည် ဖြစ်ပြီး အောင်စာရင်းအား ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက် နေ့တွင် ထုတ်ပြန်မည်။ အောင်မြင်သူ များသည် သက်ဆိုင်ရာ သူနာပြု တက္ကသိုလ်၌ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက် နေ့မှစ၍ သင်တန်း တက်ရောက် သင်ကြားရမည်။
၅။ သင်တန်း ကာလတွင် လစာအဖြစ် ပထမနှစ် (၄၅ဝဝဝ)ကျပ်၊ ဒုတိယနှစ် (၄၆ဝဝဝ)ကျပ်၊ တတိယနှစ် (၄၇ဝဝဝ)ကျပ်၊ စတုတ္ထနှစ် (၄၈ဝဝဝ)ကျပ် ရရှိမည်။ (၄င်းအပြင် နိုင်ငံတော်မှ ခံစားခွင့် ပြုထားသော အပို ထောက်ပံ့ကြေး (၃ဝဝဝဝ)ကျပ်ကို ခံစားခွင့် ရှိသည်။ သင်တန်း တက်စဉ် ကာလတွင် နေရေး၊ စားရေး၊ သွားလာရေး၊ သင်တန်းသူ ဝတ်စုံတို့ကို တပ်မတော်မှ စီစဉ် ဆောင်ရွက်ပေးမည်။)
၆။ သင်တန်းပြီးမြောက် အောင်မြင်သော အခါ ဆေးဝန်ထမ်း တပ်ဖွဲ့တွင် သူနာပြု (Nurse) အဖြစ် ခန့်အပ်ပေးမည် ဖြစ်ပြီး သတ်မှတ် အရည် အချင်းနှင့် ကိုက်ညီပါက သူနာပြု မဟာ သိပ္ပံဘွဲ့ (Master of Nursing Science) နှင့် သူနာပြု ပါရဂူဘွဲ့ (Ph.D Nursing) ဘွဲ့ သင်တန်းများ တက်ရောက်ခွင့် ရရှိမည်။ ရာထူး ခန့်ထားရေး စည်းမျဉ်းနှင့် အညီ သူနာပြု၊ အထက်တန်း သူနာပြု၊ သူနာပြု ဆရာမကြီး၊ ဒုတိယ သူနာပြုအုပ်၊ သူနာပြုအုပ် အဆင့်အထိ တိုးမြှင့် ပေးမည်ဖြစ်ပြီး ရာထူး အဆင့်အလိုက် လစာ နှုန်းထားများ ခံစားခွင့် ရှိသည်။
၇။ သတ်မှတ်ထားသည့် အချက် အလက်များ တိကျ ပြည့်စုံစွာ ရေးသား ဖော်ပြခြင်း မပြုသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေး သား ဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ မိမိတို့ လျှောက်လွှာ တင်သွင်းသည့် ဌာနတွင် ရွေးချယ်ခြင်း ခံရသည်/ မခံရသည်ကို သွားရောက် စုံစမ်း မေးမြန်းနိုင်သည်။
မှတ်ချက်။ အသေးစိတ် သိရှိ လိုပါက မိမိတို့ လျှောက်လွှာ ထုတ်ယူခဲ့သည့် တိုင်းစစ် ဌာနချုပ် များတွင် စုံစမ်းမေးမြန်း နိုင်သည်။
www.MyanmarExpress.net
၁။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသား အိမ်ထောင် မရှိဖူးသူ အမျိုးသမီး (အပျို) ဖြစ်ရမည်။
(ခ) အကျင့် စာရိတ္တ ကောင်းမွန်ရမည်။ သက်ဆိုင် ရာပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ် ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ တင်ပြသည့် နေ့မတိုင်မီ (၁)လ အတွင်း ရရှိသည့် ထောက်ခံစာ မူရင်းနှင့် ပူးတွဲ တင်ပြ နိုင်ရမည်။
(ဂ) လျှောက်ထား သူသည် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက် နေ့တွင် အသက်(၁၆) နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။(က) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသား အိမ်ထောင် မရှိဖူးသူ အမျိုးသမီး (အပျို) ဖြစ်ရမည်။

3 comments:
စာဖတ်ကြပါ။ နှိုင်းယှဉ်ပြောချင်ရင် သက်ဆိုင်တဲ. အဖြစ်အပျက်တွေကို ပဲ အဆင်. ရှိရှိ ဆွေးနွေးပါ။ သူများနိင်ငံတွေမှာ ၀န်ကြီးချုပ် ၂ သန်း လောက် ခိုးရင် ပြုတ်တယ်။ ဒီ နိုင်ငံမှာ အားလုံးလုပ်ချင်ရာလုပ်လို.ရတယ်။ ၃၅ ဘီလီယံ ခိုးထားပြီးသားတောင် ခိုးသူစစ်အာဏာရှင် တွေ က ပဲ လူ ပြန်သတ်၊ပြီးတော. ဒီမိုကရေစီလမ်းကြောင်းကို သွားနေသော အစိုးရသစ်ဆိုပြီး နံမယ်ကောင်းယူလို.ရတဲ. နိုင်ငံ ဖြစ်တယ်။ မီဒီယာ လူတွေကလဲ ကိုယ်၀၀လင်လင် စားရတော. ၊ မ၀မလင်စားရ နေစရာမရှိ ပြေးစရာမ ရှိ ရေကောင်းရေသန်. တောင်သောက်စရာ မရှိတဲ. ပြည်သူကို ထပ်ခါထပ်ခါ ဒုက္ခပေးကြတယ်။ ထပ်လှည်.စားကြတယ်။
ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ
လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ
နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်
ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ
တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ
ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ
တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်
ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်
ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး
၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်
လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။
ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ
၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ
နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ
အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............
.
အ ပျို ဖြစ် ရ မည် တဲ့ မ လျောက် ကြ နဲ့ သ တိ ထား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်