Subscribe to our RSS Feed

ကချင်နိုင်ငံထူးထောင်ရေး စီမံချက်အရ မြန်မာဂျာနယ် Website များ တိုက်ခိုက်ခံနေရ

ကချင်နိုင်ငံထူးထောင်ရေး စီမံချက်အရ ကချင်ပြည်နယ်အား မြန်မာနိုင်ငံမှ ခွဲထွက်ကာ ကချင်နိုင်ငံ သီးသန့် ထူထောင်ရေးအား မထောက်ခံသည့် မြန်မာဂျာနယ် Website များ ဆက်တိုက် တိုက်ခိုက်ခံနေရကြောင်း သတင်းရရှိသည်။


မြန်မာ့စီးပွားရေးဆိုင်ရာ အကောင်းဆုံး ဂျာနယ်တစ်ခုဖြစ်သော Commerce journal ၏ website စာမျက်နှာဖြစ်သော  http://www.commercejournal.com.mm/ အား ကချင် ဆိုက်ဘာ အာမီ မှ မနေ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 Commerce journal အား Hack ခံရပုံ

ကချင်နိုင်ငံခွဲထွက်ရေးအား မထောက်ခံသဖြင့် Hacked ခြင်း ဖြစ်ကြောင်း ကို အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်။

Fuck the Fucking All Burmese Media Bourgeois! We are Everywhere ! We are watching you ! We Hacked You, to Know the Power of Kachin Country & Kachin Cyber Army . Don't you support to establish Kachin country ? We 'll Fight all of you .. Again .. Again .. Again & Again ! 

ဟူ၍ဖြစ်သည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း Eleven Media Group ၏ website ကို ကချင် ဆိုက်ဘာ အာမီ ကပဲ hack ခဲ့ပြီး တရုတ်နိုင်ငံမှဖြစ်ကြောင်းကို Eleven မှ ကြေညာခဲ့သည်။

Eleven Journal အား Hack ခံရပုံ

"Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံပြင်ပ IP များကို အသုံးပြုပြီး တိ
ုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်မှုကြောင့် Eleven Media Group ၏ www.news-eleven.com အား စာဖတ်ပရိတ်သတ်များအနေဖြင့် နာရီဝက်ခန့် ၀င်ရောက် ကြည့်ရှုနိုင်ခြင်းမရှိခဲ့ပါ။

မိမိတို့ website အား အမြန်ဆုံး ပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင်ခဲ့ပြီး ယခုတိုက်ခိုက်ခဲ့သော အဖွဲ့သည် ကချင်အဖွဲ့ အမှန်တကယ် ဟုတ်မဟုတ်နှင့် မည်သူတို့က လုပ်ဆောင်သည်ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိပေးအပ်ပါသည်။" ဟူ၍ သတင်းထုတ်ပြန်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း မြန်မာ အင်တာနက်စာမျက်နှာအများအပြား Hack ခံနေရရုံမျှ မက၊ Facebook များလည်း Hack ခံနေရကြောင်း သိရသည်။
 အတိုက်အခံခေါင်းဆောင်တစ်ဦး ဖြစ်သော ဦမင်းကိုနိုင် ၏ Facebook အား Hack ခံရစဉ် 
စစ်ဗိုလ် ဟု ယူဆရသူ တစ်ဦး ၏ Facebook အား Hack ခံရစဉ်

  www.MyanmarExpress.net
 

7 comments:

မင်းတို့လည်းမကြာခင်hackခံရတော့မှာလုံလုံခြုံခြုံစောင့်ရှောက်ထားပေတော့

နှစ်ပေါင်းရာနဲ့ချီ အုပ်ချုပ်ခဲ့တဲ့ ဗြိသိသျှနှင့်ဖက်စစ်ကျွန်ဗမာတွေကို တိုင်းရင်းသားတွေကူညီတော်လှန်လို့ ဗမာတွေ လွတ်လပ်ရေးရနိုင်ခဲ့ပေမဲ့ တိုင်းရင်းတွေရဲ့ ကျေးဇူးကို ကန်းပြီး နှစ်ပေါင်း၅၀ ချီးသာပုံ။ သွေးသာစုတ် ပေးသည့် ဦးနှောက်မပါ ဗမာလူသေသည်နဲ့မပေါင်းခဲ့ရင် တိုင်းရင်းသားနိုင်ငံတွေ အခုဆို Haven ဖြစ်လောက်ပြီ။

ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ

လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ

နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်

ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ

တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ

ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ

တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်

ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်

ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး

၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်

လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။

ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ

၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ

နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ

အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............

.

မင်း တို့ လည်း hack ခံ ရ သင့် တာ ကြာ ပြီ သိပ် ကြ ည့် မ ရ ဘူး

မင်း တို့ လည်း ခံ နေ ရ ဦး မယ် သိပ် မလွန် ကြ နဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်