From :မြဝတီ
ရုရှား နိုင်ငံသည် ရေဒါ ရှောင်ကွင်း နိုင်သော Sukhoi T-50 တိုက်လေ ယာဉ်အား ဒီဇင်ဘာလ ၁၂ ရက် နေ့တွင် ပထမဆုံး အကြိမ်အဖြစ် ဆိုက်ဘေး ရီးယားရှိ Komsomolsk-on-Amur ဒေ
www.MyanmarExpress.net

သ၌ မိနစ် ၄ဝ ကြာ ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ဆူခွိုင်း ကုမ္ပဏီက ပြောကြားခဲ့ ပါသည်။
အဆိုပါ ပျံသန်းမှုမှာ လေယာဉ်၏ အလုံးစုံ ပေါင်းစပ်မှုနှင့် အင်ဂျင်များအား စမ်းသပ်ရန် ဖြစ်ပြီး ပျံသန်းမှု အဆင့် အားလုံးတွင် ကျေနပ်မှု ရှိခဲ့ကြောင်း ဆူခွိုင်း ကုမ္ပဏီက ပြောကြားခဲ့ ပါသည်။
T-50 တိုက်လေယာဉ်သည် အနာဂတ် ရုရှား တိုက်လေယာဉ် အုပ်၏ အဓိက လေယာဉ် ဖြစ်လာမည် ဖြစ်ပြီး ရေဒါ ရှောင်ကွင်း နိုင်သော ပဉ္စမ မျိုးဆက် ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်ကာ စစ်ကစားမှု စွမ်းရည် မြင့် မားခြင်း၊ အမြန်နှုန်း မြင့်မားခြင်းနှင့် X-band ရေဒါတို့ ပါဝင် ပါသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်