From : http://www.kachindailynews.com/2013/01/absdf_8.html
ဒီမိုကရေစီအတွက် အသက်ပေးသွားရရှာတဲ့ ABSDF တပ်သားလေးတွေကို သနားစရာ ကောင်းစွာ တွေ့နေရပါသည်။ ရှေ့တန်းတိုက်ပွဲတွင် တိုက်ခိုက်ရင်း အသက်ပေးအပ်ခဲ့ပေမယ့် လေလုံး တွေနဲ့ တိုက်ခိုက် နေတဲ့ ABSDF အဖွဲ့ခေါင်းဆောင်တွေကတော့ ကျည်ကာအင်္ကျီဝတ်၊ ကျည်ကာ ဦးထုပ်တွေနဲ့ သေမှာ ကိုကြောက်ဒူး တုန်အောင် ကြောက်နေကြပါသည်။
www.MyanmarExpress.net
ဒီမိုကရေစီအတွက် အသက်ပေးသွားရရှာတဲ့ ABSDF တပ်သားလေးတွေကို သနားစရာ ကောင်းစွာ တွေ့နေရပါသည်။ ရှေ့တန်းတိုက်ပွဲတွင် တိုက်ခိုက်ရင်း အသက်ပေးအပ်ခဲ့ပေမယ့် လေလုံး တွေနဲ့ တိုက်ခိုက် နေတဲ့ ABSDF အဖွဲ့ခေါင်းဆောင်တွေကတော့ ကျည်ကာအင်္ကျီဝတ်၊ ကျည်ကာ ဦးထုပ်တွေနဲ့ သေမှာ ကိုကြောက်ဒူး တုန်အောင် ကြောက်နေကြပါသည်။
ABSDF ငယ်သားတွေ အောက်ခြေက ခွေသေ၀တ်သေလို
သေချင်သေပါစေ ပစ်ထားပေမယ့် ခေါင်းဆောင်တွေက အကာအကွယ်မျိုးစုံနဲ့ နေနေကြပါသည်။ မြို့ပေါ်မှာ
နေချင်သလိုနေ အောက်ခြေကို အတင်း တိုက်ခိုင်း အသေခံခိုင်းပေမယ့် ဘာမှ အကာအကွယ်မပေးပေမယ့်
သူတို့တွေ ကတော့ အကာအကွယ် အမျိုးမျိုး ၀တ်ဆင်ပြီး နေနေကြပါသည်။ ခေါင်းဆောင်တွေမှ အသက်ပါတာ မဟုတ်ပါဘူး။
အောက်ခြေငယ်သား တွေမှာလည်း အသက်နဲ့ပါ။ တိုက်ပွဲမှာ ပန်းနဲ့ပေါက်တာ မဟုတ်ဘဲ သေနတ်နဲ့
ပစ်ခတ်နေတာ သေမယ့် ငယ်သားတွေကို သေရင်သေပါစေဆိုပြီး လျစ်လျူရှုထားပေမယ့် ခေါင်းဆောင်တွေက
ကျည်ကာတွေဝတ်ကာ အကာအကွယ်ယူနေပါသည်။ တိုက်ပွဲမှာတောင်မဟုတ်ဘဲ ကိုယ့်အချင်းချင်း ရှိနေတာတောင်
ကျည်ကာ ၀တ်ကာ သူတို့ကို သတ်မှာကို ကြောက်ရွံ့နေကြပါသည်။
အင်တာဗျူးတဲ့ အချိန်မှာ အစိုးရတပ်တွေကို
ဘယ်လိုတိုက်မယ်ညာလိုတိုက်မယ်လို့ ကြီးကြီး ကျယ်ကျယ် တွေပြောနေတဲ့ ABSDF ခေါင်းဆောင်တွေက
သူတို့ကိုယ်တိုင် နောက်ကွယ် ကနေ တာပြောပေမယ့် တကယ်တမ်း တိုက်နေတာက အောက်ခြေက ငယ်သားတွေပါ။
ဒါပေမယ့် ငယ်သား တွေကို ဘာအကာအကွယ် မှမပြုလုပ်ပေးဘဲ အသေခံခိုင်းနေပါတယ်လို့ ABSDF အောက်ခြေတပ်မှူး
တစ်ဦးက ပြောဆိုခဲ့ပါသည်။



1 comments:
ABSDFဗိုလ်မှူးမင်းဌေး ဆိုပီး ကချင်စစ်ပွဲနဲ့ပတ်သက်ပီးအာချောင်နေသူက...ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..ေ၇ာ်နယ်အောင်နိုင် လက်အောက်ကကောင်ပါ
ကချင်စစ်ပွဲ၌၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလှဆိုင် ဆိုသူမှာ...ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ကိုယ်တိုင် ရက်၇က်စက်စက် ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..လှဆိုင်း ဖြစ်ပါတယ်
အဲဒီအချက်တွေကို သတိပြုသင့်တယ်လို့...အကြံပြုပ၇စေ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်