Subscribe to our RSS Feed

မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းတွင် မြန်မာပြည်သူအများအပြားကို ဗုံးကျဲတိုက်ခိုက် သေဆုံးစေခဲ့သည့် စပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည် ယူဆရသော သေတ္တာများ တူးဖော်တွေ့ရှိ

From :7day

ဒုတိယကမ္ဘာစစ်လက်ကျန် Spitfire (စပစ်ဖိုင်းယား) တိုက်လေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည်ဟု ယူဆရသော
သေတ္တာများကို မြစ်ကြီးနားမြို့၊ လေတပ်ဝင်းအတွင်း စတင်တွေ့ရှိပြီဖြစ်ကြောင်း တိုက်လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ပြန်လည်ရှာဖွေတူးဖော်ခြင်းနှင့် စပ်လျဉ်းသော ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ရွှေတောင်ပေါ်အုပ်စုကုမ္ပဏီလီမိတက် တာဝန်ရှိသူများက ပြောသည်။
မြန်မာဘူမိဗေဒပညာရှင် ဦးစိုးသိမ်းနှင့်အဖွဲ့က လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ မြစ်ကြီးနားမြို့သို့ သွားရောက် စူးစမ်းရှာဖွေခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်အစိတ်အပိုင်းများ ထည့်သွင်းထားသည်ဟု ယူဆရသော သေတ္တာများကို ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ္စည်းများ ကနဦး စူးစမ်းရှာဖွေမှုတွင် မြေအောက်အနက်ပေ ၃၀ ထိ တူးဖော်ပြီးနောက် တွေ့ရှိခြင်းဖြစ်ပြီး အမြန်ဆုံးဆက်လက်
တူးဖော်သွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ်အုပ်စု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထူးထူးဇော်က ပြောသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တိုက်လေယာဉ်တူးဖော်ရေး ဗြိတိသျှအဖွဲ့ ခေါင်းဆောင်ဒေးဗစ်ကမ်ဒယ်က တွေ့ရှိထားသည့် ပစ္စည်းများသည်လူဖန်တီးထားသော အရာဝတ္ထုများဖြစ်ပြီး တိုက်လေယာဉ်အစိတ်အပိုင်းများဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်များအား ပြောသည်။
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် မြှုပ်နှံထားသော တိုက်လေယာဉ်များကို ဇန်န၀ါရီလ ၉ ရက် (ယနေ့)မှ စတင်၍ အနက်ပေ ၄၀ ထိ တူးဖော်ရှာဖွေသွားမည်ဖြစ်ပြီး လေယာဉ်တူးဖော်ရှာဖွေမည့် နေရာများမှာ လူနေအိမ်များနှင့် ကင်းလွတ်ကြောင်း ဦးထူးထူးဇော်က ဆိုသည်။
ဒုတိယကမ္ဘာစစ်အတွင်း အသုံးမပြုရသေးဘဲ မြှုပ်နှံခဲ့သော တိုက်လေယာဉ်များအား ၁၉၉၈ ခုနှစ်တွင် မစ္စတာဒေးဗစ်ကမ်ဒယ်က ပထမဆုံးကြိမ်၊ ၁၉၉၉ ခုနှစ်တွင် အစ္စရေးအဖွဲ့က ဒုတိယအကြိမ်၊ ၂၀၀၄ ခုနှစ်တွင် စင်ကာပူအဖွဲ့က တတိယအကြိမ်နှင့် ယခုအခါ စတုတ္ထအကြိမ်အနေဖြင့် မစ္စတာဒေးဗစ်ကမ်ဒယ်နှင့် ရွှေတောင်ပေါ်အုပ်စု ကုမ္ပဏီလီမိတက်တို့က မင်္ဂလာဒုံ(ရန်ကုန်)၊ မြစ်ကြီးနားနှင့် မိထ္တီလာမြို့တို့ရှိ တိုက်လေယာဉ်အစီး ၆၀ အား ရှာဖွေတူးဖော်မှုများ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။




 www.MyanmarExpress.net
 

1 comments:

spitfire လေယာဉ်တွေပြန်မပေးရေးအတွက်မျိုးချစ်စိတ်ရှိတဲ့နိုင်ငံသားတိုင်းကန့်ကွက်ဆန္ဒပြသင့်တယ်မြန်မာ့လွတ်လပ်ရေးအတွက်အသက်ပေးတိုက်ပွဲဝင်သွားကြတဲ့ငါတို့ရဲ့ဘိုးဘွားတွေအတွက်ရင်နာစရာတကယ်ကောင်းတဲ့လုပ်ရပ်တစ်ခုပါပဲငါတို့ဘိုးဘွားတွေကိုရက်ရက်စက်စက်သတ်ဖြတ်ပြီးငါတို့တိုင်းပြည်ကိုကျွန်ဇာတ်သွင်းရာမှာသုံးစွဲခဲ့တဲ့ဒီလေယာဉ်တွေကိုပြန်ပေးဖို့လုပ်ဆောင်မှုမှန်သမျှကိုအမျိုးသားသစ္စာဖောက်မှုလို့ပဲမြင်နိုင်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်