Subscribe to our RSS Feed

မံစီ မြို့နယ်အား ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် ပစ်ခတ် နယ်မြေခံ တပ်ရင်း၊ ပြည်သူ့စစ် နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းပြီး ရှင်းလင်းရာ လက်နက်နှင့် ခဲယမ်းများ ရရှိ

From : မြဝတီ

ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့ထံမှ သိမ်းဆည်း ရမိသည့် လက်နက်၊ ခဲယမ်း၊ မိုင်းနှင့် ဆက်စပ် ပစ္စည်းများ  
 
ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့ထံမှ သိမ်းဆည်း ရမိသည့် လက်နက်၊ ခဲယမ်း၊ မိုင်းနှင့် ဆက်စပ် ပစ္စည်းများ
နေပြည်တော် ဇန်နဝါရီ ၉

မံစီ မြို့နယ်အား ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် ပစ်ခတ်စဉ်တွင် နယ်မြေခံ တပ်ရင်း၊ ပြည်သူ့စစ်နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းပြီး ရှင်းလင်း ခုခံ ဆောင်ရွက်ခဲ့ သည်။

ထိုသို့ ရှင်းလင်း ခုခံရာ ကေအိုင်အေ ( KIA ) သောင်းကျန်းသူ အဖွဲ့မှ အလောင်း (၁) လောင်း၊ လက်နက် ၊ခဲယမ်း ၊ မိုင်းနှင့် ဆက်စပ် ပစ္စည်းများအား  ဖမ်းဆီး ရမိခဲ့ပါသည်။

၎င်းနေရာတွင် အလောင်းအား ကောင်းမွန်စွာ သဂြိုလ် ပေးခဲ့ပြီး နယ်မြေခံ တပ်ရင်းနှင့် လုံခြုံရေး အဖွဲ့ များမှ နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက် ခဲ့ ကြောင်း သတင်းရရှိပါသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်